Unicode Version
ဟေဗြဲဩဝါဒစာ ၁၂:၂
"ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။"
သက်ကြီးပိုင်းကာလရောက်ဖို့ရန် သင်၌အလွန်ဝေးကွာနေသေးပါလျှင် နာကျင်မှုတွေကို သင်ထင်ထားတာထက် ပိုမိုကိုင်တွယ်နိုင်တယ်လို့ သင်လေ့ လာသင်ယူခဲ့မှာပါ။
တကယ်တော့ သင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲအချိန်တွေက သင်ဘယ်လောက်ကိုင်တွယ်ဖြေရှင်းနိုင်သလဲဆိုတာကို နားလည်သဘောပေါက်စေခဲ့တာ ဖြစ်ကောင်းဖြစ်မည်။
နာကျင်မှုများထဲက ရည်ရွယ်ချက်နှင့်နာကျင်ခံစားခဲ့ရတဲ့ အရာပေါ်ရှိ အကျိုးရလဒ်တွေကို လူတွေ မြင်တွေ့နိုင်ခဲ့မယ်ဆိုလျှင် များစွာသောနာကျင်မှုတွေကို လူသားတွေ ခံနိုင်ရည် ရှိနိုင်ပါတယ်။ ၎င်းသည်သခင်ယေရှုကားတိုင်တက်ခဲ့စဉ်က ပြုခဲ့သောအရာဖြစ်ပါတယ်။ သူ၌ပြင်းထန်သော နာကျင်မှုတွေရှိသည့်တိုင် ဤ နာကျင်မှုတွေကို ကျော်လွန်ကာ ကောင်းကင်ပုံအကျိုးအတွက် ဖြစ်တယ်လို့မြင်ခဲ့ပါတယ်။ နိစ္စထာဝရရှုထောင့်အမြင်တွေသည် သခင်ယေရှု၌ရှိခဲ့ပါတယ်။
သခင်ယေရှုသည် လက်ရှိအခြေအနေကိုသာ ကြည့်ရှုခဲ့တာမဟုတ်ပါ။ ကြည့်ရှုခဲ့ပါလျှင် သူ၏စိတ်ဓာတ်ကျစရာအနာဂတ်တွေကို မြင်ပြီး မျှော်လင့်ချက် ပျက်သုန်းစရာဖြစ်ပါမည်။ သို့ပေမယ့်နာကျင်မှုတွေကိုကျော်လွန်ပြီး ကောင်းကင်ဘုံအကျိုးကိုသာ ကြည့်ခဲ့ပါတယ်။ လောကတွင် ယာယီသက်သာရာရခြင်းတွေထက် ကောင်းကင်ထက်ရှိ နိစ္စထာဝရအကျိုးကိုသာ သူတန်ဖိုးထားခဲ့ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ
ဟေဗြဲဩဝါဒစာ ၁၂:၂
"ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။"
ဝမ်းနည်းစရာ နာကျင်မှုတွေကို ကားတိုင်ထက်တွင် သခင်ယေရှု ကြံ့ကြံခံခဲ့ခြင်းသည် နောက်ပိုင်းရောက်ရှိလာမည့်ဝမ်းမြောက်ခြင်းကို သိခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သခင်ယေရှု နှင့်ကျွန်ုပ်တို့အတွက် အကြီးမြတ်ဆုံး ဝမ်းမြောက်ခြင်းက ထာဝရဘုရားသခင်နှင့်အတူ ကောင်းကင်ဘုံတွင် ထာဝရတည်ရှိနေမည့် မျှော်လင့်ခြင်းဖြစ်ပါတယ်။
သခင်ယေရှု၏စိတ် သင်၌ရရှိတဲ့အခါမှာ သင်၏စိတ်ချရမှု ၊ သင်၏သူငယ်ချင်း၊ ကယ်တင်ခြင်း၊ အပြစ်တရား ၊ သေခြင်းတရား ၊အသက်တာ၊ ထာဝရဘုရားနှင့် သင်၏အနာဂတ်၊ အတိတ် ၊ပစ္စုပန်နှင့်ပတ်သက်ပြီး သခင်ယေရှုတွေးမြင်သလို သင်စတင်တွေးမြင်လာပါမည်။ လက်ရှိအခြေနေတွေထက် သင့်အားပေးသောခွန်အားဖြင့် ကြံ့ကြံ့ခံနိုင်ဖို့ရန် အသက်တာအတွက် များစွာသောအရာတွေရှိကြောင်း သင်သဘောပေါက်လာပါမည်။
ဆင်ခြင်ရန်
- သင်၏အကြီးမားဆုံးမျှော်လင့်ချက်က မည်သို့နည်း။ မည်သည့်အရာကသင့်ကို နှစ်သိမ့်မှု အပေးဆုံးဖြစ်သနည်း။
- သင်၏နာကျင်မှုကနေ ကြံ့ကြံ့ခံနိုင်ဖို့ရန် သင့်အားကောင်းကင်ဘုံ၌ ဘုရားသခင်မည့်သို့သော ကတိ ပေးခဲ့ကြောင်းကို သင့်ကိုယ်သင်မည်သို့ သတိပေးနိုင်မည်နည်း။ နာကျင်မှုဝေဒနာကို ကြံ့ကြံ့ခံစေဖို့ရန် ဘုရားသခင်၌ မည်ကဲ့သို့သော ရည်ရွယ်ချက် ရှိပါသနည်း။
- ဤမသေချာ မရေရာသော အခြေအနေတွင် သခင်ယေရှု၏စိတ်နှင့် ထာဝရမျှော်လင့်ခြင်းရှိခြင်းသည် သင်၏ရှုထောင့်အမြင်ကို မည်သို့ပုံဖော်ပေးပါသနည်း။