စိတ်ပျက်အားလျော့ခြင်းကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ | How to Defeat Discouragement
 Unicode Version
စိတ်ပျက်အားလျော့ခြင်းကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁“ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
ဘုရားသခင် သင့်ကို ချစ်တယ်ဆိုတာကို သင်သိပါသလား။ သင့်အသက်တာတစ်လျှောက်လုံး ထိုအမှန်တရားကို သင်ကြားရပေမည်။ သို့ပေမဲ့ ဘုရားသခင် သင့်ကို ချစ်တယ်ဆိုတာကို သင်သိရှိတယ်ဆိုလျှင် ဘုရား၏ ချစ်ခြင်းကို အာရုံရပြီး အသိအမှတ်ပြုမိပါသလား။ ဘုရားသခင်သင့်အား ချစ်တယ်ဆိုတာကို သင်မယုံကြည်တော့တဲ့အခါမှာ စိတ်ဓါတ်ကျဆင်းမှုတွေ စတင်ရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသင့်ကို ချစ်တယ်ဆိုတာကို သင်မယုံကြည်ပါလျှင် ဘုရား၏ သနားခြင်း ဂရုဏာတော်ကို သင်မခံစားရနိုင်တော့ပါ။
စိတ်ဓါတ်ကျမှုကို အကောင်းဆုံး အနိုင်ယူနိုင်စေသော နည်းလမ်းမှာ ဘုရားသခင် သင့်ကို မည်မျှချစ်ကြောင်းသင် သတိရနေဖို့ရန် နှင့် သမ္မာတရားပေါ် အာရုံရှိနေဖို့ ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁“ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
သနားခြင်းဂရုဏာဆိုတာ ဘာလဲ။ သင်တောင်းတဲ့အရာထက် လိုအပ်တဲ့အရာကို ဘုရားပေးသနားလိုက်ခြင်း ဖြစ်ပါတယ်။ သင်ပြုသော မှားယွင်းမှုအားလုံး ၊ ထပ်ပြုအုံးမည့် မှားယွင်းမှုတွေကို ဘုရားသိနေစေကာမူ သင့်အသက်တာအတွက် ကောင်းသောအရာအားလုံးကို ဆက်လက်ပေးကမ်းနေခြင်းသည်လည်း သနားခြင်း ဂရုဏာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့ခြင်း (သို့) စိတ်ဓါတ်ကျခြင်း တွေ ခံစားရတဲ့အခါမှာ သင့်အား ဆက်လက်ရှင်သန်စေတဲ့အရာသည်လည်း သနားခြင်းဂရုဏာ ဖြစ်ပါတယ်။
ယုံကြည်သူ ခရစ်ယာန်အဖြစ် နှစ်ပေါင်းကြာရှည်စွာ ဖြစ်တည်နေဖူးသော လူတော်တော်များများတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားရကြခြင်းသည် ဘုရားသခင်သူတို့ကို အရေးပါသော အသံဖြင့် ပြောခြင်းကိုသာ မှတ်ယူကြလို့ဖြစ်ပါတယ်။ သို့ပေမဲ့ သင်နားဆင်နေသောအသံက အမြဲတမ်း အပျက်သဘော ဆောင်ပါလျှင် ဘုရား၏ အသံမဟုတ်တော့ပါ။
သင့်အားချစ်ဖို့ရန် ဘုရားဖန်ဆင်းထားပါတယ်။ သင့်အသက်တာ၏ ရည်ရွယ်ရာ နံပါတ် (၁) သည် ကောင်းသော အရာကို လုပ်ဆောင်ဖို့ရန်အတွက် မဟုတ်ပါ။ ဘုရားသခင်ကို ပြန်လည်ချစ်ဖို့ရန်လည်း သင့်အသက်တာ၏ ရည်ရွယ်ရာ နံပါတ် (၁) မဟုတ်ပါ။
နံပါတ် (၁) သည် ဘုရားသခင် သင့်အား ချစ်ဖို့ရန် သင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ထိုအရာကို လုပ်ဆောင်ပြီး ဘုရားသခင်၏ ကျေးဇူးတော် ၊ ဂရုဏာတော်ကို ခံစားရတဲ့အခါ သင့်အသက်တာအတွက် ဘုရားစီစဉ် ထားတဲ့အရာအားလုံးတို့ကို သင်လွှတ်လပ်စွာဖြင့် လေ့လာလိုက်လျှောက်နိုင်ပါလိမ့်မည်။
ဆင်ခြင်ရန်
- ဘုရားသခင် သင့်အား ချစ်ခြင်းမေတ္တာဖြင့် (သို့) အပျက်သဘောဆောင်ခြင်းဖြင့် စကားပြောတယ်လို့ ခံစားရပါသလား။ ဘာကြောင့်နည်း။
- ဘုရားသခင် သင့်အားချစ်ဖို့ရန် မည်သို့ ခွင့်ပြုမည်နည်း။ ထိုကဏ္ဍအတွက် သင်တွေးမြင်သောအရာတွေကို မည်ကဲ့သို့ ပြောင်းလဲချင်ပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁“ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁“ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
ဆင်ခြင်ရန်