Unicode Version
ရောမဩဝါဒစာ ၃:၂၂
"ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဖို့ ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။"
ဧဖက်ဩဝါဒစာ ၂:၈-၉
"ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။- ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။-"
သခင်ခရစ်တော်၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အား ဘုရားနှင့်ဆက်နွယ်မှုပေးသည့် သတင်းကောင်းဖြစ်ပါတယ်။ တနည်းအားဖြင့် သားတော်သခင်ယေရှုမှ တဆင့် ဘုရားသခင်ကိုယုံကြည့်ခြင်းအားဖြင့်သာ ကောင်းကင်ဘုံသို့ ကျွန်ုပ်တို့ဝင်ရောက်နိုင်ပါသည်။
သခင်ယေရှု၌ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ မည်သို့ ဖော်ပြနိုင်မည်နည်း။ ရိုးရှင်းပါတယ်။ သမ္မာကျမ်းစာ၏ လမ်းညွှန်ချက်တွင် -
(၁) ကယ်တင်ရှင်ကို လိုအပ်ကြောင်းဝန်ခံပါ
သင်၏အကြံအစည်ဖြင့် ဘုရားသခင်ဆီ မရောက်ရှိနိုင်ပါ။ ကျွန်တော်တို့အားလုံးအပြစ်သားဖြစ်ပြီး ကောင်းကင်ဘုံက ပြီးပြည့်စုံပေမယ့် ကျွန်ုပ်တို့ကထိုသို့မဟုတ်ပါ။ သို့ပေမယ့် သမ္မာကျမ်းစာတွင် ဆိုတာသည်မှာ
"ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။"
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁:၉
"ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဖို့ ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။"
ရောမဩဝါဒစာ ၃:၂၂
(၂) သခင်ယေရှုကို ယုံကြည်ပါ။
သမ္မာကျမ်းစာကဆိုထားသည်မှာ
"ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊" တမန်တော်ဝတ္ထု ၁၆:၃၁
ဆိုလိုသည်မှာသမ္မာကျမ်းစာပြောသော သခင်ယေရှု ကို ကျွန်ုပ်တို့ယုံကြည်ပြီး ကျွန်ုပ်တို့ပိုင်ဆိုင်သမျှသောအရာအားလုံးနှင့် အနာဂတ်အတွက် သူ့အား ယုံကြည်ခြင်းဖြစ်ပါတယ်။ သခင်ယေရှုပြောထားသည်မှာ
"ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။"
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ပြီးတော့ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ခရစ်တော်၌ အတိအကျ ရှိရပါမည်။
"အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။- ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။"
ရောမဩဝါဒစာ ၁၀:၉-၁၀
"အကြောင်းမူကား၊ ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။" ရောမဩဝါဒစာ ၁၀:၁၃
(၃) သင်၏ကျူးလွန်မှုတို့ကို သခင်ယေရှုဆီ ဝန်ခံလိုက်ပါ။
သင့်အသက်တာနဲ့အတူ သခင်ယေရှုအား သင်ယုံကြည်ကြောင်းပြောပါ။ သူနှင့်သူ၏ကတိတော်တို့ကို ယုံကြည်ကြောင်း ဝန်ခံပါ။ သခင်ယေရှု ပြော ထားသည်မှာ
"ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။- ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။"
ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၄, ၄၆
(၄) ဘုရားသခင်၏ကတိတော်ပေါ် အားထားပါ။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ မှာရှိတဲ့ဘုရား၏ကတိတော်ကို သင်ယုံကြည်စိတ်ချနိုင်ပါတယ်။ "ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။"
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆
ဘာတွေပဲလုပ်လုပ်၊ ဘယ်လောက်ကြာအောင်လုပ်ဆောင်ခဲ့ပါစေ သခင်ခရစ်တော်ကို ယုံကြည်သူလိုတာအတွက် ကောင်းကင်ပေါ်မှာ သူနှင့်အတူထာဝရနေရမည်ဟု ဘုရားကတိပေးပါတယ်။
သခင်ခရစ်တော်ထံ ဝန်ခံသောဆုတောင်းချက်
သခင်ခရစ်တော်ကို သင်မယုံကြည်ရသေးပါလျှင်၊ နောက်တော်သို့ လိုက်ဖို့ရန် ဝန်မခံရသေးပါလျှင် ဘာကြောင့်ထပ်စောင့်နေဦးမည်နည်း။ ဤဆုတောင်းချက်ကိုပြုပါ။
" သခင်ယေရှုဘုရား သခင့်အားယုံကြည်ပါလျှင် ကျွန်ုပ်ပြုခဲ့သမျှသောအပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရလိမ့်မည်ဟူသောကတိကိုပေးခဲ့ပါတယ်။ ကျွန်ုပ်အသက်တာ၏ ရည်ရွယ်ရာကိုလေ့လာပါမည်။ တနေ့တွင် နိစ္စထာဝရ ကောင်းကင်အိမ်တော်တွင် ကျွန်ုပ်အား သခင်လက်ခံပါလိမ့်မည်။
" ကျွန်ုပ်၏အပြစ်ကို ဝန်ခံပါ၏ သခင်သည်ကျွန်ုပ်၏ အဖဘုရားသခင် ၊ကယ်တင်ရှင်ဖြစ်ကြောင်းကျွန်ုပ်ယုံကြည်ပါ၏။ ကျွန်ုပ်အသက်တာ၏ အဖဘုရားသခင် အဖြစ်လက်ခံပါ၏။ ကျွန်ုပ်အသက်တာ၏ကဏ္ဍအားလုံးတို့ကို စီမံဖို့ရန် ကျွန်ုပ်အပ်နှံပါ၏။ ကျွန်ုပ်အသက်တာရှိ သတိပေးချက်တွေကို ပေးပို့ရန်ဘုရားတွင် အခွင့်အာဏာရှိပါ၏။
သခင်ယေရှုဘုရား အဖ၏ချစ်ခြင်းမေတ္တာ၌ ခိုနားချင်ပါ၏။ ထိုအရာကို ကြိုးစားရယူဖို့ရန် မလိုအပ်တဲ့အတွက်လည်း ကျေးဇူးတင်ပါသည်။ မိမိအတွက်အကျိုးရှာခြင်းထက် ဘုရား၏အမှုတော်ကို ထမ်းရွက်ဖို့ရန် ကျန်ရှိသောကျွန်ုပ်အသက်တာကို အသုံးပြုချင်ပါသည်။ ကျွန်ုပ်၏အသက်တာကို ကျိုးနွံစွာဖြင့် သခင်ထံဝန်ခံပြီး သခင်၏မိသားစုဝင်ထဲကို ဝင်ရောက်ဖို့ရန် ကျွန်ုပ်အားလက်ခံပါ။ ကယ်တင်ပါလို့ တောင်းလျှောက်ပါ၏ ခရစ်တော်၏နာမတော်အားဖြင့်ဆုတောင်းပါ၏။ ..... အာမင်။
ဆင်ခြင်ရန်
- သခင်ယေရှုအားယုံကြည်ခြင်းကို ဖော်ပြသည့် မည်သို့သောအစပြုခြင်းတွေကို သင်မလုပ်ဆောင်ရသေးသနည်း။ ဘာလို့ဤသို့ဖြစ်ရသနည်း။
- ဘုရားသခင်သင့်အား ပေးထားသောကတိတော်တို့ကို အမှတ်ရဖို့ရန် မည်သည့်ကျမ်းပိုဒ်တို့ကို သင်မှတ်သားနိုင်မည်နည်း။
- သခင်ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်မခံရသေးသောသူတစ်ဦးဉီး သင့်အသက်တာတွင် ရှိပါသလား။ သူတို့နှင့်စကားပြောဖို့ရန် အစီအစဉ်ဆွဲပြီး သတင်းစကားကို ဝေငှလိုက်ပါ။