God decision always agree with God's word

 Unicode  Version 


ဆာ​လံ​ကျမ်း ၁၁၉:၁၀၅

"နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။"


ဆုံးဖြတ်ချက်တစ်ခု လုပ်ဆောင်ဖို့ သင်လိုအပ်တဲ့အခါ ပထမဦးဆုံးနှင့် စံပြစမ်းသပ်မှုက "ကျွန်ုပ်၏ဆုံးဖြတ်ချက်က ဘုရား၏နှုတ်ကပတ်တော်နှင့် ကိုက်ညီပါသလား"


အသက်တာရှိ အခြေခံလုပ်ပိုင်ခွင့်ဖြစ်စေမည့်အရာကို သင်ဆုံးဖြတ်ရပါမည်။ သင့်ရွေးချယ်မှုက တကယ်ကိုခေါင်းခြောက်စရာဖြစ်စေပါတယ်။ လောက (သို့) နှုတ်ကပတ်တော်။ ဘုရားသခင်၏နှုတ်ကပတ်တော် (သို့) တခြားသူတွေ၏ပြောကြားချက်တွေပေါ်  သင်၏ ဆုံးဖြတ်ချက်ကိုတည်စေမည်လား။

အစေးကပ်တဲ့ (သို့) လူအများကြိုက်တဲ့ ရွေးချယ်မှုပေါ် သင်၏အသက်တာကို တည်စေပါလျှင် သင်အမြဲတမ်း ရက်လွန်နေမည် ဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ၎င်းအရာတွေက နေ့စဉ်ပြောင်းလဲနေပါတယ်။ မနေ့က "အဝင်" ဖြစ်တဲ့အရာသည် ယနေ့တွင်"အထွက်" ဖြစ်မည်။ ယနေ့"အဝင်"ဖြစ်တဲ့အရာသည် မနက်ဖြန် "အထွက်" ဖြစ်ပါသည်။ သင်၏အသက်တာကို လူအကြိုက်ဓလေးထုံးစံ (သို့) မဲဆန္ဒရွေးချယ်မှုတွင် တည်မယ်ဆိုလျှင် သင်ရုန်းကန်ရပေမည်။ ဘာကြောင့်လဲဆိုတော့ သင်ပြောင်းလဲနေတဲ့အုတ်မြစ်ပေါ်မှာ တည်နေလို့ဖြစ်ပါတယ်။

တနည်းအားဖြင့် သင်၏အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်တွင် တည်စေမယ်ဆိုလျှင် ဘယ်တော့မှပြောင်းလဲသွားခြင်းမရှိပါ။သမ္မာတရားသည် အမြဲတမ်းမှန်ကန်ပါသည်။ လွန်ခဲ့တဲ့နှစ်ပေါင်းတသောင်းကတည်းက ဘုရားပြောခဲ့သောအရာက မှားယွင်းခဲ့မယ်ဆိုရင် ၎င်းသည် နှစ်​ပေါင်း ၅၀၀ တွင် လည်းကောင်း ၊ ယနေ့တွင်လည်းကောင်း မှားယွင်းနေပါမည်။ ပြီးတော့  ယခုနှစ်ရက်ကနေ လာမည့်နှစ်တထောင်တွင်လည်း မှားနေပေမည်။ ယခုအချိန် ဓလေ့ထုံးစံတွေ ၊ထင်ပေါ်ကျော်ကြားမှုတွေက ဘယ်လိုပင်ရှိနေပါစေ ကျွန်ုပ်အလေးမထားပါ။ ဘုရားသခင်က ၎င်းကို မှားယွင်းတယ်ဆိုလျှင် ၎င်းသည် မှားယွင်းနေမည်။ ၎င်းသည် ရှိခဲ့ပြီး အမြဲတမ်းလည်းရှိနေအုံးမည်။ ဘုရားသခင်က ဤအရာသည် မှန်ကန်သည်ဆိုလျှင် အမြဲတမ်းမှန်ကန်ပါလိမ့်မည်။ ၎င်းသည် ကျောက်သား ပကတိအခြေခံအုတ်မြစ် ဖြစ်ပါတယ်။


ဤစကြာဝဠာကို တိကျသေချာတဲ့ နည်းဥပဒေသတွေဖြင့် (သဘာဝတရား ၊ ခန္ဓာ၊ ကိုယ်ကျင့်တရား ၊ ဝိညာဉ်စသဖြင့်) ဘုရားသခင် လုပ်ဆောင်ထားပါတယ်။ ဘုရားသခင်က ထိုနည်းဥပဒေသတွေဖြင့် တည်စေခြင်းသည် သင်၏အကျိုးအတွက် ဖြစ်ပါတယ်။ ဤအခြေခံတဲ့သဘောတရားတွေဖြင့် ပါဝင်မှုသင်ပြုလိုက်တဲ့အခါ သင်အောင်မြင်ပါလိမ့်မည်။ အကယ်၍သင်ကငြင်းပယ်မယ်၊ နားမထောင်ဘူး၊ ဆန့်ကျင်မယ်ဆိုလျှင် သင်တစ်ဦးတည်းသာ နာကျင်မှုတွေရရှိပါတော့မည်။

ဤအရာအားလုံးကို သင်၏စိတ်ထဲ ရှိနေစေပါလျှင် သင်၏ရွေးချယ်ဆုံးဖြတ်ချက်တွေပေါ်မှာ သင်ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘုရားသခင်က ထိုအရာကိုအဆင်ပြေတယ် ပြောပါလျှင် သင်လုပ်ဆောင်ပါ။ မဖြစ်ဘူးပြောပါလျှင် မလုပ်ဆောင်ပါနဲ့။

ဆာ​လံ​ကျမ်း ၁၁၉:၁၀၅

"နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။"

ဆင်ခြင်ရန်

- အမှန်တရားတွေက ဘက်လိုက်တယ်လို့ လူ့အဖွဲ့အစည်းက ယုံကြည်လက်ခံဖို့ရန် မည်ကဲ့သို့ ကြိုးစား စည်းရုံးပါသနည်း။

- သင်၏ဆုံးဖြတ်ချက်တွေကို ပိုမို ကောင်းမွန်စေနိုင် သော သမ္မာကျမ်းစာပေါ် အခြေခံဖို့ရန် မည်ကဲ့သို့ရင်းနှီးကျွမ်းဝင် စေနိုင်ပါမည်နည်း။

- သင်၏အသက်တာတွင် ဘုရားသခင်၏နည်းဥပဒေသနှင့်လမ်းညွှန်ချက်တို့ကို နာခံတဲ့အခါမှာ လွှတ်မြောက်ခြင်းကို မည်ကဲ့သို့တွေ့ကြုံခံစားရပါသနည်း။