Focus on loving for an audience of One
 Unicode Version
ရှင်လုကာခရစ်ဝင်ကျမ်း ၁၆:၁၃ “အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
သူတစ်ပါး သင့်ကို ထင်မြင်တဲ့အရာပေါ် သင်အမြဲတမ်း စိုးရိမ်နေတဲ့အခါမှာ ဘုရားသခင် သင့်ကို အလိုတော်ရှိသော သူတစ်ဉီးအဖြစ် သင်မဖြစ်နိုင်တော့ပါ။ သို့ပေမဲ့ သခင်ယေရှုနည်းတူ တွေးမြင်ဖို့ရန် သင်လေ့လာပါလျှင် လူတိုင်းကို ကျေနပ်စေဖို့ရန် သင်စိုးရိမ်စရာ မလိုတော့ပေ။ သခင်ယေရှု၌ မှန်ကန်သော အာရုံပြုမှုရှိခဲ့ပါတယ်။ ဘုရားသခင်ကို ကျေနပ်စေခြင်းကိုသာ သူတွေးမြင်ပါတယ်။
လူထု၏ ခြယ်လှယ်မှုအားဖြင့် (သို့) လူတွေ၏ ထောက်ခံမှု (သို့) တစ်ဉီးဉီး၏ ငြင်းပယ်မှုအားဖြင့် ဘယ်တော့မှ သခင်ယေရှု မရှင်သန်ပါ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅: ၃၀ “ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။
သခင်ယေရှု၏စိတ် သင်၌ ရှိတဲ့အခါ ၎င်းသည် သင်လုပ်ဆောင်မည့်အရာ ဖြစ်ပါတယ်။
တစ်ဉီးတည်းသော ပရိတ်သတ်အတွက် အသက်ရှင်ဖို့ရန် မရိုးရှင်းဘူးလား။ သင်ပြုသောအရာကို ဘုရားသခင် နှစ်သက်ပါလျှင် သင်ပြုသော အရာသည် မှန်ကန်ကြောင်းသင်သိပါမည်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၃:၁၇ “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။သခင်ယေရှုသည် ၎င်းကို မှန်ကန်စွာ အထူးလုပ်ဆောင်ခဲ့ပါတယ်။
 အမှန်တရားက လူတိုင်းပေါ် သင်ကျေနပ်အောင် မပြုနိုင်ပါဘူး။ ဘုရားသခင်တောင် လူတိုင်းကို မကျေနပ်စေနိုင်ပါဘူး။ တစ်ဉီးဉီးက နေသာဖို့ ဆုတောင်းတဲ့အခါ တစ်ဉီးက မိုးရွာဖို့ ဆုတောင်းပါတယ်။ တစ်ဉီးက သူတို့ အသင်းကောင်းကောင်းဆော့ကစားနိုင်ဖို့ ဆုတောင်းတဲ့အခါ တစ်ဉီးက တစ်ဖက်အသင်း အနိုင်ရဖို့ ဆုတောင်းပါတယ်။ သင်ဘယ်သူ့ကိုမျှ ကျေနပ်အောင် မလုပ်ဆောင်နိုင်ပါဘူး။
ရှင်လုကာခရစ်ဝင်ကျမ်း ၁၆:၁၃ “အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
 ဘုရားသခင်၏ ထောက်ခံမှု (သို့) တခြားသူတစ်ဉီး၏ ထောက်ခံမှုကို သင်ရှာဖွေနေသလဲဆိုတာ သင်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘုရားသခင်၏ တွေးမြင်ခြင်း (သို့) လူတွေ၏ တွေးမြင်ခြင်းအရာအတွက် သင်အသက်ရှင် နေထိုင်မလား။
အမြဲတမ်းသူ တစ်ပါးရဲ့ ထောက်ခံ အတည်ပြုမှုကိုသာ ရှာဖွေနေခြင်းသည် သင့်ကိုယ်သင် ဘယ်သူဖြစ်ကြောင်းကို သင်တကယ် သဘောမပေါက်လို့ ဖြစ်ပါတယ်။ ဘုရားသခင် သင့်ကို ဘာလုပ်ဆောင်စေချင်သလဲ (သို့) ဘုရားသခင် သင့်နှင့် အတူရှိကြောင်းကို ယုံကြည်ခြင်းစတဲ့အရာပေါ် သင်နားမလည်လို့ ဖြစ်ပါတယ်။
သူတစ်ပါး ငြင်းပယ်မှာကို ကြောက်ခြင်း (သို့) တစ်ယောက်ယောက်၏ ထောက်ခံမှုကို ရယူခြင်းတွေကို သခင်ယေရှု ဘယ်တော့မှ ခွင့်မပြုခဲ့ပါ။ သူ့ကိုယ်သူ အတည်ပြုရန် တခြားသူတွေ၏ ထင်မြင်ချက် မလိုအပ်ခဲ့ပါဘူး။
သင်၌ သခင်ယေရှု၏စိတ်ကို ရသောအခါမှာ သင်၏ လက္ခဏာ ၊ ရည်ရွယ်ရာ နှင့် ဘုရားမျက်မှောက်တော်တွင် သင်လုံခြုံပါလိမ့်မည်။ တခြားသူများ၏ မျက်နှာသာရရန် မလိုအပ်ပါ။
ဆင်ခြင်ရန်
- သင့်အပေါ် တခြားသူတွေ မည်သို့ ထင်မြင်သည်ကို စိုးရိမ်ပါလျှင် သင်၏ လက္ခဏာနှင့် ရည်ရွယ်ရာကို ဘာကြောင့် အပြည့်အဝ နားမလည်နိုင်တော့မည်နည်း။
- သင်၏ ရည်မှန်းချက်က ဘာဖြစ်မည်နည်း။ ထိုအရာကို မည်သူ၏ ခွင့်ပြုချက်က သင့်ကို လှုံ့ဆော်ပေးပါသနည်း။
- သခင်ယေရှု၏စိတ် သဘောထားကို ရရှိဖို့ရန် နှင့် သူတစ်ပါး၏ ထင်မြင်ချက်ထက် ဘုရားသခင်၏ ထောက်ခံမှုကို ပိုပြီး ဆင်ခြင်နိုင်ဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရှိခြင်းက မည်သို့ အကူအညီ ဖြစ်စေပါသနည်း။
The First Step Toward Having the Mind of Christ
If you want to start thinking like Jesus, the first thing you need to do is invite Jesus into your life. You can’t have the mind of Christ without an intimate relationship with him.
Pray this prayer: “Dear God, I don’t want to go another day without you in my life, controlling every part of my heart. In light of all you’ve done for me, I give myself to you.
“I confess my sin to you and ask that you forgive me for the many ways and many times I have ignored your will. I invite Jesus into my life. He is the only one who can truly transform my life and give me an eternal life with you.
“Father, I want you to give me the mind of Christ. Help me to think the way you want me to think. I want to start living for an audience of one—for you. In Jesus’ name I pray. Amen.”
If you just prayed to accept Jesus, please email me at Rick@PastorRick.com and let me know about it. I’d like to send you some free materials to help you start your journey with Jesus.
------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်