ခွင့်လွှတ်ခြင်းမှာတင် မရပ်တန့်လိုက်ပါနှင့်။ Don’t stop with forgiveness
 Unicode Version
ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၄၄ “ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
 သခင်ယေရှုနည်းတူ တွေးမြင်ဖို့ရန် အဓိပ္ပါယ်သည် သင့်အား နာကျင်စေသောသူကို ခွင့်လွှတ်ပေးဖို့ရန် ဆန္ဒရှိခြင်း ဖြစ်ပါတယ်။
ကားတိုင်ထက်၌ပင်လျှင် သခင်ယေရှု ခွင့်လွှတ်ခြင်း ပေးခဲ့ပါတယ်။ ရှင်လုကာခရစ်ဝင် ၂၃: ၃၄ တွင် သူ့အား နှိပ်စက် ညှဉ်းပန်းသော သူနှင့် ကားတိုင်ထက်တင်သောသူတို့ကို ဆိုထားသည်မှာ “ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ 
သင့်အသက်တာတွင် မည်သူသင့်ကို အနာကျင်ဆုံးပြုခဲ့ပါသနည်း။ မည်သူနှင့် စကားအခြေအတင် ဖြစ်ခဲ့သနည်း။ သင်နှင့် မလွှတ်နိုင်အောင် မည်သို့သော နာကျင်မှုတွေကို သင်ဆုပ်ကိုင်ထားပါသနည်း။
နာကျင်မှုတွေကို ဆုပ်ကိုင်ထားတဲ့အခါ သင့်ကိုယ်သင်သာ တကယ်နာကျင်စေတာ ဖြစ်ပါတယ်။ ထိုသူ၏ တောင်းဆိုချက်အရ မဟုတ်ဘဲ ဘုရားသခင်သင့်ကို ခွင့်လွှတ်ခဲ့တဲ့အတွက်ကြောင့် ထိုသူကို သင်ခွင့်လွှတ်ဖို့ လိုပါတယ်။ ဘုရားသခင်သည်လည်း ထိုနည်းတူ ပြုဖို့ သင့်အား အလိုရှိပါတယ်။ သင်၏ နာကျင်မှုတွေကို ခါးသီးမှုနှင့် မကျေမချမ်းဖြစ်မှုတွေဆီ မလှည့်သွားစေဖို့ရန်အတွက် သင်ခွင့်လွှတ်ရပါမည်။ ခွင့်မလွှတ်ခြင်းသည် အဆိပ်ရည်ကို သောက်သုံးခြင်းဖြစ်ပြီး ၎င်းက သင်တဖက်လူကို နာကျင်ဖို့ရန် မျော်လင့်ခြင်း ဖြစ်ပါတယ်။
သခင်ယေရှု အမြဲတမ်း ခွင့်လွှတ်ပါတယ်။ သို့ပေမဲ့ ခွင့်လွှတ်ခြင်းမှာဘဲ ရပ်တန့်မနေပါဘူး။ အခြေခံကျသော သာဓကကို သခင်ယေရှု ပေးခဲ့ပါတယ်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၄၄ “ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
ခွင့်လွှတ်ရုံလေးနဲ့ မလုံလောက်ပါ။ အဆိုးကို အကောင်းအားဖြင့် တုံ့ပြန်ဖို့နှင့် သင့်အား နာကျင်စေသူကို ကောင်းချီးမေတ္တာပို့ဖို့ရန် သင်လေ့လာဖို့ ဘုရားသခင်အလိုတော် ရှိပါတယ်။ သူတို့အကျိုးအတွက် သင်ဆုတောင်းဖို့ အလိုတော်ရှိပါတယ်။
ဘာကြောင့် သင်ထိုသို့ ပြုရမည်နည်း။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုနည်းတူ တွေးမြင်ခြင်းသည် ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းနှင့် အနာရောဂါ ပျောက်ကင်းခြင်းအတွက် အကောင်းဆုံး ဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။
လောက၏ အတွေးတွေသာ သင်၌ရှိနေပါလျှင် နာကျင်မှုတွေနဲ့သာ အသက်ရှင်သန်နေထိုင်ရပါမည်။
သခင်ယေရှု၏စိတ် သင်၌ရှိနေပါလျှင် ခွင့်လွှတ်ဖို့နှင့် ကောင်းချီးမေတ္တာပေးဖို့အတွက် သင်လွှတ်လပ်ခြင်းတွေ ရရှိပါမည်။ သင့်အသက်တာတွင် လွှတ်လပ်စွာဖြင့် ရှေ့ဆက်ပြီး ကယ်တင်ခြင်း နှင့် အနာဂတ်မျှော်လင့်ခြင်းများအတွက် လုံခြုံမှုရရှပါပြီ။
ဆင်ခြင်ရန်
- ဝိညာဉ်အသီး ကြီးထွားဖို့အရေးနှင့် ကင်းဝေးအောင် မည်သို့သော နာကျင်မှုမျိုးကို သင်ဆုပ်ကိုင်ထားပါသနည်း။
- တစ်စုံတစ်ဉီးတွင် သင်၏ခွင့်လွှတ်ခြင်းရရှိဖို့ရန် ရှိပါသလား။ (သို့) သင်ခွင့်လွှတ်ပေးဖို့ရန် နှင့် သူတို့အတွက် ဆုတောင်းပေးဖို့ရန် လက်ခံရယူသင့်သော သူရှိပါသလား။
- သင် (သို့) တခြားသောသူ  တို့ ခွင့်မလွှတ်နိုင်သောအရာကို ပြုခဲ့ပါသလား။ ဘုရား၏ ချစ်ခြင်းကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်ပါသလား။ သင်ပြုခဲ့သောနည်းအတိုင်း ထိုမေးခွန်းတွေကို မည်သည့်အရာက အဖြေပေးအောင်ပြုနိုင်မည်နည်း။
---------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်