Don't be afraid to fully trust God

Unicode Version 


ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၄:၁၆, ၁၈

"ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။- ချစ်​ခြင်း​မေ​တ္တာ​သည် ကြောက်​ခြင်း​သံ​ဝေ​ဂ​နှင့် မ​ပေါင်း​နိုင်​ရာ။ သံ​ဝေ​ဂ​သည် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ကို ဖြစ်​စေ​သော​ကြောင့်၊ စုံ​လင်​သော​မေ​တ္တာ​သည် သံ​ဝေ​ဂ​ကို ပယ်​ရှား​တတ်၏။ သံ​ဝေ​ဂ​ရှိ​သော​သူ​သည် မေ​တ္တာ​နှင့် မ​ပြည့်​စုံ​သေး။"


ဘုရားသခင်ကို ဘာကြောင့်အပြည့်အဝ မယုံကြည် ကြခြင်းအကြောင်းနှင့်ပတ်သက်ပြီး လူထောင်ပေါင်းများစွာကို ကျွန်တော်စကားပြောခဲ့ပါတယ်။ ၎င်းသည် အများအားဖြင့် အကြောင်းရင်း (၃)ရပ်အနက်မှတစ်ခုကြောင့်ဖြစ်ပါတယ်။ ဘုရားသခင်ထံ သူတို့အသက်တာအားလုံး အပ်နှံပါရှင် လွှတ်လပ်ခြင်းတွေ ပျော်ရွှင်ခြင်းတွေကို ဆုံးရှုံးရလိမ့်မည်၊ ဘာသာရေးဆိုင်ရာ တချို့အယူသန်သောပုံစံမျိုးသို့ ဘုရားပြုလိမ့်မည်ဆိုတာကို လူတွေကြောက်ကြပါတယ်။


ဤကဲ့သို့သော အသံတွေတစ်ခုမျှကို မဖိတ်ခေါ်ပါဘူး။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သော ကျွန်ုပ်တို့၏ ကြောက်ရွံမှုအတွက် ဘုရား၌အဖြေရှိပါတယ်။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၄:၁၆, ၁၈ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၄:၁၆, ၁၈

"ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။- ချစ်​ခြင်း​မေ​တ္တာ​သည် ကြောက်​ခြင်း​သံ​ဝေ​ဂ​နှင့် မ​ပေါင်း​နိုင်​ရာ။ သံ​ဝေ​ဂ​သည် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ကို ဖြစ်​စေ​သော​ကြောင့်၊ စုံ​လင်​သော​မေ​တ္တာ​သည် သံ​ဝေ​ဂ​ကို ပယ်​ရှား​တတ်၏။ သံ​ဝေ​ဂ​ရှိ​သော​သူ​သည် မေ​တ္တာ​နှင့် မ​ပြည့်​စုံ​သေး။"

ဘုရားသခင်သင့်ကိုချစ်ပါတယ်။ ဘုရား၏ချစ်ခြင်းသဏ္ဍာန်ဆောင်သကဲ့သို့ သင့်ကိုဖန်ဆင်းခဲ့ပါတယ်။ ဤအရာကိုသမ္မာကျမ်းစာတွင် အကြိမ်ကြိမ်ရှင်းလင်းအောင် ဘုရားပြုထားပါတယ်။ ဘုရားသခင်သည် သင့်အား စဉ်းစားပေးပြီး သင်ကိုချစ်ရန်နှင့် သင်သူ့ကိုချစ်ဖို့ရန် ဖန်ဆင်းခဲ့ပါတယ်။ 


ဘုရားသခင်၏မေတ္တာတော်၌ အကြီးမြတ်ဆုံးဖော်ပြချက်မှာ သခင်ယေရှု ဖြစ်ပါတယ်။ ဘုရားသခင်သည် လူသားအားဖြင့် သူမည်သူမည်ဝါဖြစ်ကြောင်း ကျွန်ုပ်တို့အားပြသရန် ကမ္ဘာမြေပေါ် သို့ ကြွဆင်းလာခြင်းဖြစ်ပါတယ်။ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဘယ်လောက်ချစ်သလဲဆိုတာ ပြသခဲ့ပါတယ်။


ကျွန်ုပ်တို့ ဘုရားသခင်ကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်ကြောင်း လက်ဝါးကပ်တိုင်က တကြိမ်တည်း ပြောထားပါတယ်။ ကျွန်ုပ်တို့ အသက်တာနဲ့အတူ ဘုရားသခင်ကို ယုံကြည်နိုင်ခြင်းသည် ကျနော်တို့အတွက် သားတော်၏အသက်ကို ပေးခဲ့သောကြောင့်ဖြစ်ပါတယ်။


နှုတ်ကပတ်တော် သမ္မာတရားဖြင့် သင့်အားချစ်ကြောင်းကို ဘုရားသခင်ပြောနေပါလျှင် သင်၏လွှတ်လပ်ခြင်း (သို့)ပျော်ရွှင်ခြင်း (သို့) တယူသန်ဖြစ်စေခြင်းတွေကို သူယူဆောင်မသွားဘူးဆိုတာ သင်သိပါတယ်။


ဘုရားသခင်က နတ်မင်းကြီးတစ်ပါးမဟုတ်ပါဘူး သင်၏ကောင်းကင်ဘုံရှင် အဖဖြစ်ပါတယ်။ ဘုရားသခင်ကို သင်သိကျွမ်းပါလျှင် ပိုပြီးယုံကြည်ပါမည်။ ပြီးတော့ သူ့အားကကြာက်ရွံရခြင်းတွေ လျော့နည်းလာပါလိမ့်မည်။


ဆင်ခြင်ရန်

- ဘုရားသခင်ကို အပြည့်အဝယုံကြည်ခြင်းနှင့် ပတ်သက်ပြီး သင့်၏အကြောက်ဆုံးအရာက မည်သို့နည်း။

-ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နားလည်ခြင်းက သူအားပိုမိုယုံကြည်ဖို့ရန် အကူအညီပေးသည်ဟု သင်ပါကြောင်းထင်မြင်ပါသနည်း။