Unicode Version
ဂလာတိဩဝါဒစာ ၆:၇
"အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။"
အာလူးရဖို့ ပန်းသီးစေ့ ကို သင့်မစိုက်ပျိုးပါ။ ထိုနည်းတူစွာ မေတ္တာရဖို့ ခါးသီးမှုကို သင်မစိုက်ပျိုးပါ။ တခြားသူတွေဆီက အားပေးထောက်ခံမှုရဖို့ သင်ဝေဖန်မှုကို မစိုက်ပျိုးပါ။ သင်စိုက်သမျှသောအရာတို့ကို သင်ပြန်ရိတ်သိမ်းရပါလိမ့်မည်။ သင်၏ ဗီဇစိတ်သဘောဆိုင်ရာ မြေဆီလွှာပေါ်မှာ သင်စိုက်ပျိုးတဲ့အခါ ပျက်စီးခြင်းကို သင်ရိတ်သိမ်းရပါလိမ့်မည်။ သို့ပေမယ့် ဝိညာဉ်စိတ်သဘောဆိုင်ရာ မြေဆီလွှာပေါ် သင်စိုက်ပျိုးမယ်ဆိုလျှင် ထာဝရအသက်ကို သင်ရိတ်သိမ်းရပါလိမ့်မည်။
ကျွန်ုပ်တို့၏အပြစ်တရားက အနာဂတ်မျိုးဆက်တိုင် သက်ရောက်မှု ရှိနိုင်တယ်လို့ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကပင် ဘုရားသခင်ဆိုခဲ့ပါတယ်။ ဥပမာအနေဖြင့် သင်အမျက်ထွက်တဲ့အခါ သင်၏စိတ်ဒေါသကို သင့်ကလေးတွေဆီ လွှတ်ချလိုက်ပါတယ်။ သူတို့လေးတွေကိုလည်း ဒေါသစိတ်ကို လာမည့်သူတို့၏ ကလေးတွေဆီ လွှတ်ချလိုက်ဖို့ရန် သင်တည်ဆောက်လိုက်ခြင်းဖြစ်ပါတယ်။ အပြစ်တရားကတော့ မိသားစုတွေမှာ ဆက်လက်မြဲမြံနေပါမည်။ အနာဂတ် တသီတတန်းအတွက်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့တွင် သာမက ရုပ်ပိုင်းဆိုင်ရာတွေမှာ ပုံဖော်စေပါတယ်။ ကောင်းခြင်း (သို့) ဆိုးခြင်းအတွက် ပုံတူကူးချခြင်း ၊အပြုအမူ တွေအားဖြင့် သင်၏ဦးနှောက်သည် အမှန်တကယ်ပြောင်းလဲသွားနိုင်သည်ကို ယခုကျွန်ုပ်တို့သိရှိကြပါတယ်။
လူရွယ်အချိန်ကာလတွေအားဖြင့် ဦးနှောက်သည် ကျောက်တလုံးတွင် အဆင်းလှစွာ ပုံဖော်ထားခံရတယ်လို့ လူတိုင်းထင်ခဲ့ကြပါတယ်။ ယခုတွင် အလွယ်တကူ ပုံသွင်းနိုင်သော ဦးနှောက်အကြောင်းကို ကျွန်ုပ်တို့သိရှိကြပါတယ်။ သင်၏ကျန်ရှိသောအသက်တာအတွက် သင့်ဦးနှောက်က ဘယ်လိုဆက်လက်ပြီး ပုံဖော်နိုင်သလဲဆိုတာ သိကြပါပြီ။
ဤအကြောင်းကို သိရှိခြင်းက အရမ်းကောင်းပါတယ်။ ဆိုလိုသည်မှာ အကယ်၍များ သင့်ဦးနှောက်ကို သဘာဝကျကျ စိတ်ကျဝေဒနာ (သို့) စိုးရိမ်ပူပန်မှုဆီ (သို့) ဒေါသမြန်ဆန်ခြင်းဆီ ပုံသွင်းလိုက်ပါလျှင် ၎င်းသည် ပြောင်းလဲသွားနိုင်သည်။
သို့ပေမယ့် သင်တွေးခေါ်နေသော နည်းလမ်းတွေကို ပြောင်းလဲဖို့လိုပါတယ်။ ဤအရာကို နောင်တတရား (သို့) စိတ်ပြောင်းလဲခြင်းဟု သမ္မာကျမ်းစာက ရည် ညွှန်းထားပါတယ်။ သင်၏အတွေးတွေကို ပြောင်းလဲနိုင်ပြီး လုပ်ဆောင်မှုပြုတဲ့အခါမှာ သင်ခံစားရသည့်ပုံစံကို ပြောင်းလဲစေပါတယ်။ သင်ခံစားရသည့်ပုံစံကို ပြောင်းလဲတဲ့အခါမှာလည်း ၎င်းသည် သင်၏ပြုမူပုံကိုပါ ပြောင်းလဲစေပါသည်။
ပြီးနောက် ဝိညာဉ်စိတ်သဘော အပင်ကိုစိုက်ပြီး သင့်အသက်တာတွင် ဘုရားသခင်ရိတ်သိမ်းမည့် အံ့သြဖွယ်ရာအသီးကို စောင့်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
- တစ်စုံတစ်ခုကို ရွေးချယ်သောကြောင့် သင်၏အပြုအမူ ပြောင်းလဲသွားခြင်းကို မည်သို့သောနည်းလမ်းဖြင့် သင်သတိပြုမိပါသနည်း။
-သင်၏ မိသားစုတွင် အစဉ်တည်နေသော မကောင်းသော ရွေးချယ်မှုတချို့ရှိပါသလား။ အဲဒီသံသရာတွေကို ပယ်ဖျက်ဖို့ သင်ဘာလုပ်မည်နည်း။
- သင်၏ခံစားချက်က သင်၏လုပ်ရပ်တွေကို မည်သို့ဆုံးဖြတ်ပါသနည်း။