|ဘုရားသခင် သင့်အား ဖြစ်စေလိုသော ဖန်ဆင်းမှုအတိုင်း ဖြစ်စေပါ။ | Be Who God Created You to Be

 Unicode Version

ဘုရားသခင် သင့်အား ဖြစ်စေလိုသော ဖန်ဆင်းမှုအတိုင်း ဖြစ်စေပါ။


ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၂ “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကို အတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။”

 

သင်မဟုတ်သော တစ်စုံတစ်ဉီး ၊ တစ်စုံတစ်ရာ ဖြစ်ဖို့ရန် ကြိုးစားခြင်းထက် ပိုပြီးစိတ်ပျက်စရာ မရှိပါ။ သင်ဘယ်လို လူမျိုးလဲဆိုတာကို တခြားသူတွေ တွေ့ရှိသွားမှာ ကြောက်တဲ့အတွက်ကြောင့် သင်၏ မျက်နှာဖုံးကို ထိန်းသိမ်းထားမယ်ဆိုလျှင် (သို့) ဘုရားသင့်ကို မချစ်တော့မှာကို ကြောက်လန့်နေတယ်ဆိုလျှင် သင့်အသက်တာ အတွက် ဘုရားပေးမည့်အကောင်းဆုံးသောအရာကို လက်လွှတ်သွားရပါမည်။

 

အတုအယောင်တွေ (သို့) မတည်ကြည်မှုတွေကို ဘုရား ကောင်းချီးမပေးပါ။ သင့်အသက်တာအတွက် ဘုရားသခင် ၏ ကောင်းချီးကို အလိုရှိပါလျှင် တခြားသူတွေ၏ ထောက်ခံမှုအတွက် အသက်ရှင်နေခြင်းတွေကို ရပ်တန့်ပစ်ပါ။ ပြီးတော့ ဘုရားသင့်ကို ဖြစ်စေလို့သော ဖန်ဆင်းထားသည့်အတိုင်း စတင်ဖြစ်စေပါ။ တစ်စုံတစ်ယောက်ဖြစ်ဖို့ရန် သင့်ကို ဘုရားမဖန်ဆင်းထားပါ။ သင်ကောင်းကင်ဘုံ ရောက်တဲ့အခါမှာ “သင်ဘာလို့ သင်၏ ညီအစ်မ (သို့) သားသမီး (သို့) အောင်မြင်တဲ့ သူငယ်ချင်းတွေနဲ့ မတူတာ ဘာကြောင့်လဲ” လို့ ဘုရားက မေးမည်မဟုတ်ပါ။ သင့်အသက်တာအတွက် သူ၏ ရည်ရွယ်ရာတို့ကို သင်မည်သို့ဖြည့်ဆည်းခြင်းအတွက် စာရင်းကို ဘုရားသခင် ကိုင်တွယ် သွားပါမည်။

 

ကမ္ဘာကြီးသည်လည်း သင့်လိုလူမျိုး နှစ်ဉီး (သို့) တစ်စုံတစ်ရာ တူသောသူမျိုး မလိုအပ်ပါ။ သို့ပေမဲ့ ဤလောက တွင် ဘုရားအလိုရှိသော သင်၏လုပ်ဆောင်စရာတွေအတွက် သင်လုပ်ဆောင်ဖို့အတွက် ကမ္ဘာကြီးက လိုအပ်ပါတယ်။ ဘုရားသခင်သည် သင့်ကို ပြုပြင်ပေးပြီး ထူးခြားသော နည်းလမ်းဖြင့် ဖန်ဆင်းထားပါတယ်။ သို့ပေမဲ့ သင့်ကိုယ်သင်ထက် တခြားသူတစ်ဉီးဉီး ပုံစံမျိုးဖန်တီးပါလျှင် ၎င်းပြုပြင်ခြင်းတို့ကို သင်လက် လွှတ်သွား ရပါမည်။

 

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၂ “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကို အတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။”

 

လူတိုင်းကို ကျေနပ်စေဖို့ရန် ကြိုးစားခြင်းထက် ဘယ်အရာကမှ စိတ်ပျက်စရာ မရှိပါဘူး။ Newweek Magazine တွင် ကျွန်ုပ် (၂) ကြိမ်တိုင်ပါခဲ့ဖူးပါတယ်။ တကြိမ်က သူရဲကောင်းအဖြစ် နှင့် တစ်ကြိမ်မှာတော့ ဗလာနတ္တိ အဖြစ်နဲ့ပေါ့။ ထိုအရာက ဘဝအသက်တာဖြစ်ပါတယ်။ ဘုရားသခင်တောင် ဘယ်သူ့ကိုမှ ကျေနပ်မှု မပေးနိုင်ပါ။ တစ်ဉီးက ဆီးနှင်းကျသော နေ့ရက်အတွက် ဆုတောင်းနေတဲ့အခါမှာ တစ်ဉီးက ကောင်းကင်ပြာသောနေ့ဖြစ်ဖို့ ဆုတောင်းပါတယ်။

သင်မဟုတ်သော သူတစ်ဉီးအဖြစ် အမြဲတမ်းကြိုးစားနေပါလျှင် စိတ်ဖိစီးမှု ၊ တိုက်ခိုက်မှုတွေကို ကြောက်ရွံ့ရမှု  တွေအမြဲတမ်း ဖြစ်နေမည်ဖြစ်ပြီး စိတ်ဓါတ်ကျမှု ဖြစ်လွယ်ခြင်းတွေ ရရှိသွားပါမည်။

 

စိတ်ဓါတ်ကျခြင်းတွေကို နှိမ်နင်းဖို့ရန် ဘုရားအလိုတော်ရှိသော သူအဖြစ် ရှိနေစေပါ။ ဘုရားကောင်းချီး ပေးဖို့အတွက် ပြီးပြည့်စုံသောသူ ဖြစ်ဖို့မလိုပါ။ စစ်မှန်သောသူသာ ဖြစ်စေပါ။

 

ဆင်ခြင်ရန်

- ဘုရား၏ ထောက်ခံမှု (သို့) သူတစ်ပါး၏ ထောက်ခံမှုအတွင် သင်အသက်ရှင်နေထိုင်ပါသလား။ သင့်၏ အဖြေကို သင်နှင့် ရင်းနှီးသောသူတွေက သဘောတူပါသလား (သို့) သဘောမတူဘူးလား။

- တခြားသူတို့၏ စိတ်ကျေနပ်မှုကို ရရှိရန် လိုအပ်ခြင်းသည် သင်၏အသက်တာတွင် ဖိစီးမှုများ မည်သို့ ဖြစ်ပေါ်စေပါသနည်း။

- ဘုရားသခင်သည် သင့်၏ စစ်မှန်မှုနှင့် သမာဓိပေါ် ဘာကြောင့် ကောင်းချီးပေးလိုပါသနည်း။


------------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္ သင့္အား ျဖစ္ေစလိုေသာ ဖန္ဆင္းမႈအတိုင္း ျဖစ္ေစပါ။


ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄:၂ “ဆိတ္ကြယ္ရာအရပ္၌ျပဳေသာ ရွက္ဘြယ္ေသာ အမႈမ်ားကိုပယ္ၾက၏။ ပရိယာယ္ကိုမသုံး၊ ဘုရားသခင္ ၏ ႏႈတ္ကပတ္တရားေတာ္ကို တိမ္ဝွက္ေမွာက္လွန္ျခင္းမရွိ။ သမၼာတရားကို အတည့္အလင္း ေဘာ္ျပ၍၊ ဘုရား သခင့္ေရွ႕ေတာ္၌ လူအေပါင္းတို႔၏ စိတ္အထင္အတိုင္း ခ်ီးမြမ္းဘြယ္ေသာ အက်င့္ဓေလ့ကို က်င့္ၾက၏။”

သင္မဟုတ္ေသာ တစ္စုံတစ္ဉီး ၊ တစ္စုံတစ္ရာ ျဖစ္ဖို႔ရန္ ႀကိဳးစားျခင္းထက္ ပိုၿပီးစိတ္ပ်က္စရာ မရွိပါ။ သင္ဘယ္လို လူမ်ိဳးလဲဆိုတာကို တျခားသူေတြ ေတြ႕ရွိသြားမွာ ေၾကာက္တဲ့အတြက္ေၾကာင့္ သင္၏ မ်က္ႏွာဖုံးကို ထိန္းသိမ္းထားမယ္ဆိုလွ်င္ (သို႔) ဘုရားသင့္ကို မခ်စ္ေတာ့မွာကို ေၾကာက္လန႔္ေနတယ္ဆိုလွ်င္ သင့္အသက္တာ အတြက္ ဘုရားေပးမည့္အေကာင္းဆုံးေသာအရာကို လက္လႊတ္သြားရပါမည္။


အတုအေယာင္ေတြ (သို႔) မတည္ၾကည္မႈေတြကို ဘုရား ေကာင္းခ်ီးမေပးပါ။ သင့္အသက္တာအတြက္ ဘုရားသခင္ ၏ ေကာင္းခ်ီးကို အလိုရွိပါလွ်င္ တျခားသူေတြ၏ ေထာက္ခံမႈအတြက္ အသက္ရွင္ေနျခင္းေတြကို ရပ္တန႔္ပစ္ပါ။ ၿပီးေတာ့ ဘုရားသင့္ကို ျဖစ္ေစလို႔ေသာ ဖန္ဆင္းထားသည့္အတိုင္း စတင္ျဖစ္ေစပါ။ တစ္စုံတစ္ေယာက္ျဖစ္ဖို႔ရန္ သင့္ကို ဘုရားမဖန္ဆင္းထားပါ။ သင္ေကာင္းကင္ဘုံ ေရာက္တဲ့အခါမွာ “သင္ဘာလို႔ သင္၏ ညီအစ္မ (သို႔) သားသမီး (သို႔) ေအာင္ျမင္တဲ့ သူငယ္ခ်င္းေတြနဲ႔ မတူတာ ဘာေၾကာင့္လဲ” လို႔ ဘုရားက ေမးမည္မဟုတ္ပါ။ သင့္အသက္တာအတြက္ သူ၏ ရည္႐ြယ္ရာတို႔ကို သင္မည္သို႔ျဖည့္ဆည္းျခင္းအတြက္ စာရင္းကို ဘုရားသခင္ ကိုင္တြယ္ သြားပါမည္။


ကမာၻႀကီးသည္လည္း သင့္လိုလူမ်ိဳး ႏွစ္ဉီး (သို႔) တစ္စုံတစ္ရာ တူေသာသူမ်ိဳး မလိုအပ္ပါ။ သို႔ေပမဲ့ ဤေလာက တြင္ ဘုရားအလိုရွိေသာ သင္၏လုပ္ေဆာင္စရာေတြအတြက္ သင္လုပ္ေဆာင္ဖို႔အတြက္ ကမာၻႀကီးက လိုအပ္ပါတယ္။ ဘုရားသခင္သည္ သင့္ကို ျပဳျပင္ေပးၿပီး ထူးျခားေသာ နည္းလမ္းျဖင့္ ဖန္ဆင္းထားပါတယ္။ သို႔ေပမဲ့ သင့္ကိုယ္သင္ထက္ တျခားသူတစ္ဉီးဉီး ပုံစံမ်ိဳးဖန္တီးပါလွ်င္ ၎ျပဳျပင္ျခင္းတို႔ကို သင္လက္ လႊတ္သြား ရပါမည္။


ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄:၂ “ဆိတ္ကြယ္ရာအရပ္၌ျပဳေသာ ရွက္ဘြယ္ေသာ အမႈမ်ားကိုပယ္ၾက၏။ ပရိယာယ္ကိုမသုံး၊ ဘုရားသခင္ ၏ ႏႈတ္ကပတ္တရားေတာ္ကို တိမ္ဝွက္ေမွာက္လွန္ျခင္းမရွိ။ သမၼာတရားကို အတည့္အလင္း ေဘာ္ျပ၍၊ ဘုရား သခင့္ေရွ႕ေတာ္၌ လူအေပါင္းတို႔၏ စိတ္အထင္အတိုင္း ခ်ီးမြမ္းဘြယ္ေသာ အက်င့္ဓေလ့ကို က်င့္ၾက၏။”


လူတိုင္းကို ေက်နပ္ေစဖို႔ရန္ ႀကိဳးစားျခင္းထက္ ဘယ္အရာကမွ စိတ္ပ်က္စရာ မရွိပါဘူး။ Newweek Magazine တြင္ ကြၽႏ္ုပ္ (၂) ႀကိမ္တိုင္ပါခဲ့ဖူးပါတယ္။ တႀကိမ္က သူရဲေကာင္းအျဖစ္ ႏွင့္ တစ္ႀကိမ္မွာေတာ့ ဗလာနတၱိ အျဖစ္နဲ႔ေပါ့။ ထိုအရာက ဘဝအသက္တာျဖစ္ပါတယ္။ ဘုရားသခင္ေတာင္ ဘယ္သူ႔ကိုမွ ေက်နပ္မႈ မေပးႏိုင္ပါ။ တစ္ဉီးက ဆီးႏွင္းက်ေသာ ေန႔ရက္အတြက္ ဆုေတာင္းေနတဲ့အခါမွာ တစ္ဉီးက ေကာင္းကင္ျပာေသာေန႔ျဖစ္ဖို႔ ဆုေတာင္းပါတယ္။

သင္မဟုတ္ေသာ သူတစ္ဉီးအျဖစ္ အၿမဲတမ္းႀကိဳးစားေနပါလွ်င္ စိတ္ဖိစီးမႈ ၊ တိုက္ခိုက္မႈေတြကို ေၾကာက္႐ြံ႕ရမႈ  ေတြအၿမဲတမ္း ျဖစ္ေနမည္ျဖစ္ၿပီး စိတ္ဓါတ္က်မႈ ျဖစ္လြယ္ျခင္းေတြ ရရွိသြားပါမည္။


စိတ္ဓါတ္က်ျခင္းေတြကို ႏွိမ္နင္းဖို႔ရန္ ဘုရားအလိုေတာ္ရွိေသာ သူအျဖစ္ ရွိေနေစပါ။ ဘုရားေကာင္းခ်ီး ေပးဖို႔အတြက္ ၿပီးျပည့္စုံေသာသူ ျဖစ္ဖို႔မလိုပါ။ စစ္မွန္ေသာသူသာ ျဖစ္ေစပါ။


ဆင္ျခင္ရန္

- ဘုရား၏ ေထာက္ခံမႈ (သို႔) သူတစ္ပါး၏ ေထာက္ခံမႈအတြင္ သင္အသက္ရွင္ေနထိုင္ပါသလား။ သင့္၏ အေျဖကို သင္ႏွင့္ ရင္းႏွီးေသာသူေတြက သေဘာတူပါသလား (သို႔) သေဘာမတူဘူးလား။

- တျခားသူတို႔၏ စိတ္ေက်နပ္မႈကို ရရွိရန္ လိုအပ္ျခင္းသည္ သင္၏အသက္တာတြင္ ဖိစီးမႈမ်ား မည္သို႔ ျဖစ္ေပၚေစပါသနည္း။

- ဘုရားသခင္သည္ သင့္၏ စစ္မွန္မႈႏွင့္ သမာဓိေပၚ ဘာေၾကာင့္ ေကာင္းခ်ီးေပးလိုပါသနည္း။