Are you telling yourself the truth?

 Unicode Version 

ရော​မ​ဩ​ဝါ​ဒ​စာ ၈:၅

"ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။-"

သင်၏အတွေးတွေအတွက် သင်ကမရှိမဖြစ် ပဓာနကျတယ်လို့ သင်ခံစားဖူးပါသလား။ သင့်စိတ်ထဲကမထွက်ပဲ အတွေးတွေက မပေါ်လာနိုင်ပါဘူး။ (သို့) သင်မလုပ်ချင်တဲ့အရာကို သင်လုပ်နေတယ်လို့ သင်မကြာမကြာတွေ့မြင်ပါတယ်။  ကိုယ့်ကိုယ်ကိုဖိနှိပ်ခြင်းအပြုအမူမှာ အပ်နှံမိ​ပြီဆိုတာ သင့်သိနေပါပြီ။ တစ်စုံတစ်ရာက သင့်အတွက် မကောင်းဘူးဆိုတာ သင်သိနေလျက်နဲ့လည်း သင်လုပ်ဆောင်နေလိုက်တယ်။

ရော​မ​ဩ​ဝါ​ဒ​စာ ၇:၂၃ တွင်ပြောထားသည်မှာ 

"သို့​သော်​လည်း ငါ့​ကိုယ်​အင်္ဂါ​များ၌ ရှိ​သော တ​ရား​တစ်​ပါး​သည် စိတ်​ဝိ​ညာဉ်​တ​ရား​ကို ဆိုင်​ပြိုင် တိုက်​လှန်​သ​ဖြင့်၊ ငါ့​ကိုယ်​အင်္ဂါ​များ၌​ရှိ​သော အ​ပြစ်​တ​ရား​လက်​သို့ ငါ့​ကို ဖမ်း​သွား​အပ်​နှံ​သည်​ကို ငါ​မြင်၏။-"


သင်၏ ဗီဇအဖြစ်ကြောင့် ဘုရား၏အလိုတော်ထက် သင့်ကိုယ်သင်နှင့် သင်၏အလိုကိုပိုပြီး တွေးမြင်တာဖြစ်ပါတယ်။ ၎င်းသည် သင့်စိတ်ထဲက တိုက်ပွဲတစ်ခုဖြစ်ပြီး သင်ရှုံးနိမ့်နေပါတယ်။ သခင်ယေရှု သင့်အသက်တာကိုမပြောင်းလဲခင်ကဖြစ်သော သင်၏လူဟောင်းသည် သင်၏သူငယ်ချင်းမဟုတ်ပါ။ ၎င်းသည်သင့်ကိုယ်သင်ခုခံသော အမူအကျင့် ၊  သင့်ကိုကျရှုံးစေသော အရင်းအမြစ်ဖြစ်ပါတယ်။


၎င်းအမူအကျင့်တို့ကို ဖျောက်ဖျက်ပြီး သင်တွေးမြင်သောအရာပေါ် ပိုပြီးထိန်းကွပ်မှုအလိုရှိပါသလား။ 

ဤသို့ဆိုလျှင် "သင်တွေးမြင်သောအရာအားလုံးတို့ပေါ် သင်မယုံကြည်သင့်ပါ" ဆိုတဲ့အမှန်တရားကို ကြားနာဖို့ရန်နှင့် နားလည်ဖို့ရန် သင်လိုအပ်ပါတယ်။

သင်၏အတွေးတွေကသင့်ကို အမြဲတမ်းလိမ်ညာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်မှန်တယ်လို့တွေးထင်သောတစုံတစ်ရာက မမှန်ကန်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သင်၏စိတ်နှင့် စိတ်ခံစားမှုတွေက သင့်ကိုမကြာမကြာ လှည့်ဖျားစေပါတယ်။ သခင်ယေရှုနှင့် ပိုမိုတူလာခြင်းက ဝိညာဉ်ရေးရာဖွံ့ဖြိုးစေတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းကြားက ခြားနားမှုတွေကို လေ့လာသင်ယူခြင်းဖြစ်ပါတယ်။

သင့်အသက်တာကို တည်ဆောက်နိုင်ဖို့ရန် အရေးပါသောနည်းလမ်းတခုက သင်၏ကိုယ်ပိုင်အတွေးတွေကို စိန်ခေါ်စေခြင်းဖြစ်ပါတယ်။ သင့်ကိုယ်သင်ပြောပါ။ "ငါတွေးနေတာကို ငါသိတယ်၊ သို့ပေမဲ့ ဒါတွေကတကယ်မှန်ရဲ့လား"

သင်၏အသက်အရွယ် ၊ ဝိညာဉ်ရေးရာလျှောက်လမ်းမှုတို့တွင် ​ ဘယ်လိုဖြစ်ပါစေ သင်၏ဗီဇအပြစ်ကတော့ သင်၏အတွေးတွေကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားပေလိမ့်မည်။ သင်၏​​နေ့ရက်တွေမှာ အသက်တာတလျှောက်လုံး သင်၏အတွေးတွေကို မေးခွန်းထုတ်ဖို့ရန် လေ့လာသင်ယူဖို့လိုပါတယ်။


ဘယ်သူမှသင့်ကိုမနှစ်သက်ဘူးလို့ သည်စတင်တွေးမြင်ပါလျှင် ဒါကတစ်ကယ်မှန်ကန်သလားဆိုတာကို သင့်ကိုယ်သင်ပြန်မေးပါ။ ဘယ်တော့မှမကောင်းလာတော့ဘူးလို့ သင်တွေးမြင်ပါလျှင် မှန်ကန်ရဲ့လားလို့ သင့်ကိုယ်သင် ပြန်မေးပါ။ သင့်အသက်တာကို တန်ဖိုးမရှိဘူးလို့ တွေးထင်တဲ့အခါ စာတန်ကဘယ်လိုအရာဖြင်​ သင့်ကိုသိမ်းသွင်းယုံ​​​ကြည်စေသလဲဆိုတာ မေးခွန်းထုတ်ပါ။ ပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာတရားမှ သင်သိရှိသော အမှန်တရားတို့ကို အောက်မေ့လိုက်ပါ။

ရော​မ​ဩ​ဝါ​ဒ​စာ ၈:၅

"ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။-"

ဆင်ခြင်ရန်

- မည်သို့သော်သင့်တွေးနေကျအတွေးတွေကို ဘုရားသခင်၏ နှုတ်ကပတ်​တော် အလင်းရှိရာသို့ စွဲကိုင်ခြင်းဖြင့် ၎င်းအတွေးတွေကို ရပ်တန့်သွားမည်ဟု ယုံကြည်ပါသလား။

- မည်သို့သောအရာတွေက သန့်ရှင်းသောဝိညာဉ်တော်ကို ကျေနပ်နှစ်သိမ့်စေနိုင်ပါသနည်း။

- သင်၏အတွေးတွေကို သန့်ရှင်းသောဝိညာဉ်တော်ဆီ အပ်နှံဖို့ရန် မည်သည့်အရာက ခက်ခဲစေပါသနည်း။