You’re already chosen and loved

 Unicode Version

ဧဖက်ဩဝါဒစာ ၁:၄-၅ “ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနား တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသ တည်း။ ထိုဘုရား သခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေ ကိုချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။ ”

 


အချစ်ခံရဖို့ ၊ လက်ခံမှုရဖို့နှင့် ရွေးချယ်ခံရဖို့ စသော ထိုအရာသုံးမျိုးကို လူတိုင်း တခြားသောအရာတွေထက်ကို အလိုရှိကြပါတယ်။ ဝန်ခံဖို့ ဆန္ဒမရှိသည့်တိုင် ၎င်းတို့သည် လူတွေ တောင့်တသောအရာတွေဖြစ်ကြပါတယ်။

သို့ပေမဲ့ သတင်းကောင်းရှိပါတယ်။ ချစ်ခြင်းမေတ္တာနှင့် လက်ခံရရှိမှုကို ပိုမိုရှာ‌ဖွေဖို့ မလိုပါဘူး။ သခင်ယေရှုအားဖြင့် သင့်အား ရွေးချယ်ခံထားရပြီးသား ၊ အချစ်ခံရထားပြီးသား နှင့် လက်ခံမှု ရရှိထားပြီးသား ဖြစ်ပါတယ်။

 ကလေးဘဝ ငယ်စဉ်ခါက နားနေခန်းမှသည် အရွယ်ရောက်ပြီး လုပ်ငန်းခွင်တွေ ၊ အသက်တာ ချစ်ခြင်းအရာတွေမှာလည်း လူတိုင်း ရွေးချယ်ခံရဖို့ အလိုရှိကြပါတယ်။ ရွေးချယ်ခံရခြင်းသည် မိမိကိုယ်ကို တန်ဖိုးရှိကြောင်း ဖော်ပြရန် သော့ချက်ဖြစ်ပါတယ်။

 

ဧဖက်ဩဝါဒစာ ၁:၄-၅ “ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနား တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသ တည်း။ ထိုဘုရား သခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေ ကိုချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။ ”

 

စကြာဝဋာကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းသည် မိသားစုတစ်ခုကို အလိုရှိသောကြောင့် ဖြစ်ပါတယ်။ စကြာဝဋာကြီး တည်ရှိနေခြင်းသည်လည်း သားသမီးတို့ကို ချစ်ခြင်းမေတ္တာရှိကြဖို့ အရားအလိုတော်ရှိလို့ ဖြစ်ပါတယ်။

ဤကျမ်းပိုဒ်အရ ဘယ်အချိန်မှာ ဘုရားသခင် သင့်ကို ရွေးချယ်ခဲ့ပါသနည်း။ ကမ္ဘာမြေကြီး မဖြစ်တည်ခင် ကတည်းက ဘုရားသခင် သင့်ကို ရွေးချယ်ခဲ့ပါတယ်။

 

စကြာဝဋာကြီးကို မဖန်ဆင်းခင်ကတည်းက သင့်အား ဘုရားရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် စကြာဝဋာကြီးကို ဖန်ဆင်းဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ သင်နေထိုင်နိုင်မည့် နေရာကို သူအလိုတော်ရှိခဲ့တယ်။ ဘယ်သစ်ပင် ၊ ဘယ် ပင်လယ် ၊ ဘယ်ကျောက်ဆောင်ကိုမဆို မရွေးချယ်ခင်မှာ သင့်ကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။

အံ့ဩဖွယ်ရာ ကောင်းလှပါတယ်။ နေနှင့်လ ၊ ကြယ်တာရာတွေကို မဖန်ဆင်းခင်ကပင် သင့်ကို ဘုရားသိခဲ့ပြီး သင့်အား ချစ်ဖို့ရန် ရွေးခဲ့ပါတယ်။ ၎င်းသည် သင်၏ မည်သူမည်ဝါ ဖြစ်ကြောင်း အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

 

ဘယ်သူမှတော့ နောက်ဆုံးကနေ အရွေးချယ် မခံချင်ကြပါဘူး။ သို့ပေမဲ့ သင်သည်လည်း ဘုရားသခင်၏ နောက်ဆုံးသော အတွေးတွေထဲမှာ မပါဝင်ခဲ့ပါဘူး။ သင်ဟာ အမြဲတမ်း ပထမနေရာမှာ ရှိနေပါတယ်။ ဘုရားက သင့်ကို ရွေးချယ်ခဲ့တယ်။ မေတ္တာရှိတယ်။ သင့်အား လက်ခံတယ်။ ၎င်းသမ္မာတရား ၊ အမှန်တရားကို သင်လက်ခံယုံကြည်နိုင်ပါတယ်။

 

ဆင်ခြင်ရန်

- တခြားသောအရာတွေကို မဖန်ဆင်းခင်ကတည်းက ဘုရားသခင် သင့်ကို ရွေးချယ်ခဲ့တာကို သိပြီးတော့ သူ၏ ကြီးမားတဲ့ လောကအကြံအစည်ထဲမှာ သင့်အား မည်သို့ အံဝင်ခွင်ကျ ဖြစ်စေသည်ဟု ထင်ပါသနည်း။

- ဘုရားသခင်၏ ချစ်ခြင်းနှင့် လက်ခံခြင်းတွေကို သင်သိရှိထားခြင်းက သင့်အား စိတ်ချမှုရရှိအောင် ဘာကြောင့် အကူအညီ ဖြစ်စေသနည်း။

- ဘုရားသခင်၏ မိသားစုဝင်အဖြစ် မွေးစားခြင်းခံရဖို့ဆိုတဲ့ အဓိပ္ပါယ်က မည်သို့နည်း။

-----------------------------------------------------------------------------------------------------------------


Zawgyi Version

ဧဖက္ဩဝါဒစာ ၁:၄-၅ “ဤကမာၻမတည္မရွိမွီ ငါတို႔ကိုခရစ္ေတာ္၌ ေ႐ြးေကာက္ေတာ္မူသည္ႏွင့္အညီ။ ေကာင္းကင္ဘုံႏွင့္ ဆိုင္ေသာ အရာတို႔၌ ခပ္သိမ္းေသာ ဓမၼမဂၤလာတို႔ကို ခရစ္ေတာ္အားျဖင့္ ငါတို႔အား ေပးသနား ေတာ္မူေသာ ငါတို႔သခင္ေယရႈခရစ္၏ ခမည္းေတာ္ဘုရားသခင္သည္ မဂၤလာရွိေတာ္မူေစသ တည္း။ ထိုဘုရား သခင္သည္ ခ်စ္ေတာ္မူေသာ သားေတာ္ေၾကာင့္၊ ငါတို႔အား ေပးေတာ္မူေသာ ေက်းဇူးေတာ္၏ ဘုန္းအသေရ ကိုခ်ီးမြမ္းေစျခင္းငွါ၊ ငါတို႔သည္ ေယရႈခရစ္အားျဖင့္ သားအရာကို ရမည္အေၾကာင္း၊ အလိုေတာ္ရွိေသာေစတနာ အတိုင္း ေရွးမဆြက ခြဲခန္႔မွတ္သားေတာ္မူ၏။ ”


အခ်စ္ခံရဖို႔ ၊ လက္ခံမႈရဖို႔ႏွင့္ ေ႐ြးခ်ယ္ခံရဖို႔ စေသာ ထိုအရာသုံးမ်ိဳးကို လူတိုင္း တျခားေသာအရာေတြထက္ကို အလိုရွိၾကပါတယ္။ ဝန္ခံဖို႔ ဆႏၵမရွိသည့္တိုင္ ၎တို႔သည္ လူေတြ ေတာင့္တေသာအရာေတြျဖစ္ၾကပါတယ္။

သို႔ေပမဲ့ သတင္းေကာင္းရွိပါတယ္။ ခ်စ္ျခင္းေမတၱာႏွင့္ လက္ခံရရွိမႈကို ပိုမိုရွာေဖြဖို႔ မလိုပါဘူး။ သခင္ေယရႈအားျဖင့္ သင့္အား ေ႐ြးခ်ယ္ခံထားရၿပီးသား ၊ အခ်စ္ခံရထားၿပီးသား ႏွင့္ လက္ခံမႈ ရရွိထားၿပီးသား ျဖစ္ပါတယ္။


ကေလးဘဝ ငယ္စဥ္ခါက နားေနခန္းမွသည္ အ႐ြယ္ေရာက္ၿပီး လုပ္ငန္းခြင္ေတြ ၊ အသက္တာ ခ်စ္ျခင္းအရာေတြမွာလည္း လူတိုင္း ေ႐ြးခ်ယ္ခံရဖို႔ အလိုရွိၾကပါတယ္။ ေ႐ြးခ်ယ္ခံရျခင္းသည္ မိမိကိုယ္ကို တန္ဖိုးရွိေၾကာင္း ေဖာ္ျပရန္ ေသာ့ခ်က္ျဖစ္ပါတယ္။


ဖက္ဩဝါဒစာ ၁:၄-၅ “ဤကမာၻမတည္မရွိမွီ ငါတို႔ကိုခရစ္ေတာ္၌ ေ႐ြးေကာက္ေတာ္မူသည္ႏွင့္အညီ။ ေကာင္းကင္ဘုံႏွင့္ ဆိုင္ေသာ အရာတို႔၌ ခပ္သိမ္းေသာ ဓမၼမဂၤလာတို႔ကို ခရစ္ေတာ္အားျဖင့္ ငါတို႔အား ေပးသနား ေတာ္မူေသာ ငါတို႔သခင္ေယရႈခရစ္၏ ခမည္းေတာ္ဘုရားသခင္သည္ မဂၤလာရွိေတာ္မူေစသ တည္း။ ထိုဘုရား သခင္သည္ ခ်စ္ေတာ္မူေသာ သားေတာ္ေၾကာင့္၊ ငါတို႔အား ေပးေတာ္မူေသာ ေက်းဇူးေတာ္၏ ဘုန္းအသေရ ကိုခ်ီးမြမ္းေစျခင္းငွါ၊ ငါတို႔သည္ ေယရႈခရစ္အားျဖင့္ သားအရာကို ရမည္အေၾကာင္း၊ အလိုေတာ္ရွိေသာေစတနာ အတိုင္း ေရွးမဆြက ခြဲခန္႔မွတ္သားေတာ္မူ၏။ ”


စၾကာဝဋာကို ဘုရားသခင္ ဖန္ဆင္းခဲ့ျခင္းသည္ မိသားစုတစ္ခုကို အလိုရွိေသာေၾကာင့္ ျဖစ္ပါတယ္။ စၾကာဝဋာႀကီး တည္ရွိေနျခင္းသည္လည္း သားသမီးတို႔ကို ခ်စ္ျခင္းေမတၱာရွိၾကဖို႔ အရားအလိုေတာ္ရွိလို႔ ျဖစ္ပါတယ္။

ဤက်မ္းပိုဒ္အရ ဘယ္အခ်ိန္မွာ ဘုရားသခင္ သင့္ကို ေ႐ြးခ်ယ္ခဲ့ပါသနည္း။ ကမာၻေျမႀကီး မျဖစ္တည္ခင္ ကတည္းက ဘုရားသခင္ သင့္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။


စၾကာဝဋာႀကီးကို မဖန္ဆင္းခင္ကတည္းက သင့္အား ဘုရားေ႐ြးခ်ယ္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ စၾကာဝဋာႀကီးကို ဖန္ဆင္းဖို႔ သူဆုံးျဖတ္ခဲ့ပါတယ္။ သင္ေနထိုင္ႏိုင္မည့္ ေနရာကို သူအလိုေတာ္ရွိခဲ့တယ္။ ဘယ္သစ္ပင္ ၊ ဘယ္ ပင္လယ္ ၊ ဘယ္ေက်ာက္ေဆာင္ကိုမဆို မေ႐ြးခ်ယ္ခင္မွာ သင့္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ျဖစ္ပါတယ္။

အံ့ဩဖြယ္ရာ ေကာင္းလွပါတယ္။ ေနႏွင့္လ ၊ ၾကယ္တာရာေတြကို မဖန္ဆင္းခင္ကပင္ သင့္ကို ဘုရားသိခဲ့ၿပီး သင့္အား ခ်စ္ဖို႔ရန္ ေ႐ြးခဲ့ပါတယ္။ ၎သည္ သင္၏ မည္သူမည္ဝါ ျဖစ္ေၾကာင္း အေျခခံအုတ္ျမစ္ ျဖစ္ပါတယ္။


ဘယ္သူမွေတာ့ ေနာက္ဆုံးကေန အေ႐ြးခ်ယ္ မခံခ်င္ၾကပါဘူး။ သို႔ေပမဲ့ သင္သည္လည္း ဘုရားသခင္၏ ေနာက္ဆုံးေသာ အေတြးေတြထဲမွာ မပါဝင္ခဲ့ပါဘူး။ သင္ဟာ အၿမဲတမ္း ပထမေနရာမွာ ရွိေနပါတယ္။ ဘုရားက သင့္ကို ေ႐ြးခ်ယ္ခဲ့တယ္။ ေမတၱာရွိတယ္။ သင့္အား လက္ခံတယ္။ ၎သမၼာတရား ၊ အမွန္တရားကို သင္လက္ခံယုံၾကည္ႏိုင္ပါတယ္။


ဆင္ျခင္ရန္

- တျခားေသာအရာေတြကို မဖန္ဆင္းခင္ကတည္းက ဘုရားသခင္ သင့္ကို ေ႐ြးခ်ယ္ခဲ့တာကို သိၿပီးေတာ့ သူ၏ ႀကီးမားတဲ့ ေလာကအႀကံအစည္ထဲမွာ သင့္အား မည္သို႔ အံဝင္ခြင္က် ျဖစ္ေစသည္ဟု ထင္ပါသနည္း။

- ဘုရားသခင္၏ ခ်စ္ျခင္းႏွင့္ လက္ခံျခင္းေတြကို သင္သိရွိထားျခင္းက သင့္အား စိတ္ခ်မႈရရွိေအာင္ ဘာေၾကာင့္ အကူအညီ ျဖစ္ေစသနည္း။

- ဘုရားသခင္၏ မိသားစုဝင္အျဖစ္ ေမြးစားျခင္းခံရဖို႔ဆိုတဲ့ အဓိပၸါယ္က မည္သို႔နည္း။