Unicode Version
ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၁၈
"ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။"
ကျွန်တော်ကို Twitter မှာရှာတွေ့နိုင်ပါတယ်။ သို့ပေမဲ့ကျွန်တော်၏နောက်ဆုံး စိတ်ကြိုက်အရသာတွေ့သောအရာ (သို့)တွေးမြင်သောနောက်ပိုင်းသဘောထားတွေကိုတော့ သင်ဘယ်တော့မှတွေ့ရမည်မဟုတ်ပါ။ Twitter ကိုစတင်စရင်းဝင်တဲ့နှစ် အနည်းငယ်တုန်းက ဤတန်ဆာပလာကိုအသုံးပြုပြီး လူတွေကိုတိုက်တွန်းနိုးဆော်ဖို့ နှင့် သခင်ခရစ်တော်နောက် မည်သို့လိုက်ရမည်ကို သွန်သင်ဖို့ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ဘာ coffee အမျိုးအစားသောက်သလဲလို့ သင်သိချင်ကောင်း သိချင်ပါမည်။ သို့ပေမဲ့ သင်တကယ်လိုအပ်နေတာက ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံဖို့နဲ့ လိုက်လျှောက်အသက်ရှင်ဖို့ လိုအပ်ခြင်းပင်ဖြစ်ပါတယ်။ ၎င်းသည် social media ကို အကောင်းဆုံး အသုံးပြုခြင်းဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၁၈
"ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။"
သင်၏စိတ်ကြိုက်စားသောက်ဆိုင်ကနေ စားကောင်းသောက်ကောင်းတွေရရှိပုံ (သို့) သင့်ကလေးတွေ၏ဓါတ်ပုံတွေကို ဝေမျှဖို့ရန် Instagram သုံးခြင်းက မမှားပါဘူး။ သို့ပေမဲ့ ဘုရားသခင်ဆီကနေ လူတွေရရှိနိုင်မည့် ငြိမ်သက်ခြင်းအကြောင်းအတွက် social media ကိုသင်အသုံးမပြုပါဘူး။ဤသို့ဆိုလျှင် သင်၌ရှိသော ဘုရား၏ရည်ရွယ်ရာကို ဖြည့်ဆည်းပေးမည့်ကြီးမားသောအခွင့်အရေးကို သင်လက်လွှတ်နေခြင်းဖြစ်ပါတယ်။
ဤကမ္ဘာလောကတွင် အရေးကြီးဆုံးသော အလုပ်ကို ဘုရားသခင်သည် ကျွန်တော်တို့အား ပေးထားပါတယ်။ သခင်ခရစ်တော်အားဖြင့်ရသော ကယ်တင်ခြင်းအကြောင်းကို သူတပါးအားပြောပြခြင်းဖြစ်ပါတယ်။ တိုင်းပြည်အသီးသီးတို့ဆီ တပည့်တော်တို့ကိုသွားဖို့ရန် သခင်ခရစ်တော်ပြောခဲ့စဉ်ခါသည်လည်း သင့်ကိုပြောနေခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း 2000 ကပင် ကမ္ဘာတစ်လွှား သွားလာခြင်းတွင် သင်္ဘောဖြင့် လည်းကောင်း ၊ လေယာဉ်ဖြင့်လည်းကောင်း မြေကြီးစွန်းတိုင် ရောက်ရှိဖို့ဖြစ်ပါတယ်။
ယနေ့တွင်ကမ္ဘာတစ်ဖက်ခြမ်းကိုရောက်ရှိဖို့ရန် သင်၏ အိမ်ကို စွန့်စရာမလိုတော့ပေ။ သင်၏အိပ်ယာထက် ညအိပ်ဝတ်စုံဝတ်ပြီး ဘုရားသခင်နှင့်ပတ်သက်သောသတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ သင်ပြောနိုင်ပါပြီ။ ၎င်းသည် ခရစ်ယာန်သမိုင်းတွင် ဘယ်သူမှမရရှိခဲ့ဖူးသော ကောင်းချီး နှင့် အံ့ဩဖွယ်အကျိုးကျေးဇူးဖြစ်ပါတယ်။
နိုင်ငံများဆီသို့ ဧဝံဂေလိတရားကို ယူဆောင်ဖို့ရာအတွက် ဤတန်ဆာပလာကို အသုံးပြုခြင်းက ကြီးမြတ်တဲ့ တာဝန်ယူခြင်းမျိုးဖြစ်ပါတယ်။
ရာဇဝင်ချုပ်ပထမစောင် ၁၆:၂၄
"ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။"
သင့်အတွက်ဘုရားသခင် ပြုတော်မူသော အံ့ဖွယ်ရာတို့ကို ကမ္ဘာတစ်လွှားရှိ လူတွေဆီကို ယနေ့တွင်ပြောပြဖို့ရန် အခွင့်အရေးသင်၌ရှိပါတယ်။ သင်၏ညာဘက်လက်ဖျားထိပ်မှာသာ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- social media ပေါ်တွင် သခင်ခရစ်တော်အကြောင်းနှင့်ပတ်သက်ပြီး ပြောဆိုဖို့ရန် သင်၌ မည်သို့သောကြောက်စိတ်တစ်ချို့ရှိပါသနည်း။
- ဧဝံဂေလိတရားကို ဝေမျှဖို့ရန် social media တွင် မည်သို့သောထူးခြားတဲ့နည်းလမ်းတွေရှိပါသနည်း။
- social media သည် ဧဝံဂေလိသတင်းစကားကို
ဝေမျှနိုင်သော တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ သခင်ခရစ်တော်အားဖြင့် ရသော ကယ်တင်ခြင်းအကြောင်းကို လူတွေအားပြောဖို့ရန် သင့်အသက်တာရှိ တခြားသောအခွင့်ရေးတွေကို သင်မည်သို့အသုံးပြုနေပါသနည်း။
သခင်ယေရှုက သင့်ကို၏ကတိတော်ပေးပါတယ်။ သခင်ယေရှု အားဖြင့် ဘုရား၏ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှအဖို့ရန် သင်၏ဖုန်းကိုမည်ကဲ့သို့အသုံးပြုနိုင်ကြောင်းကို ယနေ့ သတင်းစကား daily devotional ကနေ ပြောနေပါတယ်။ သင့်ကိုယ်သင်အတွက်ကော ထိုသတင်းကောင်းကိုတွေ့ကြုံခံစားရပါသလား။ သခင်ယေရှု ပြောထားသည်မှာ
ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။-
---------------------------------------------------------------------------------------------
Zawgyi Version
ေကာရိႏ္သဳဩဝါဒစာဒုတိယေစာင္ ၅:၁၈
"ထိုသို႔ျဖစ္ေသာ္ ဘုရားသခင္၏ တန္ခိုးေတာ္အားျဖင့္ ျဖစ္ၾက၏။ ဘုရားသခင္သည္ ေယရႈခရစ္အားျဖင့္ ငါတို႔၏ရန္ကိုၿငိမ္းေစ၍ ကိုယ္ေတာ္ႏွင့္ မိတ္သဟာယဖြဲ႕ေစေတာ္မူ၏။ ထိုမိတ္သဟာယတရားကို ေဟာရေသာ အခြင့္အရာကို ငါတို႔၌အပ္ေပးေတာ္မူ၏။"
ကြၽန္ေတာ္ကို Twitter မွာရွာေတြ႕ႏိုင္ပါတယ္။ သို႔ေပမဲ့ကြၽန္ေတာ္၏ေနာက္ဆုံး စိတ္ႀကိဳက္အရသာေတြ႕ေသာအရာ (သို႔)ေတြးျမင္ေသာေနာက္ပိုင္းသေဘာထားေတြကိုေတာ့ သင္ဘယ္ေတာ့မွေတြ႕ရမည္မဟုတ္ပါ။ Twitter ကိုစတင္စရင္းဝင္တဲ့ႏွစ္ အနည္းငယ္တုန္းက ဤတန္ဆာပလာကိုအသုံးျပဳၿပီး လူေတြကိုတိုက္တြန္းႏိုးေဆာ္ဖို႔ ႏွင့္ သခင္ခရစ္ေတာ္ေနာက္ မည္သို႔လိုက္ရမည္ကို သြန္သင္ဖို႔ရန္ ဆုံးျဖတ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဘာ coffee အမ်ိဳးအစားေသာက္သလဲလို႔ သင္သိခ်င္ေကာင္း သိခ်င္ပါမည္။ သို႔ေပမဲ့ သင္တကယ္လိုအပ္ေနတာက ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္ကို နာခံဖို႔နဲ႔ လိုက္ေလွ်ာက္အသက္ရွင္ဖို႔ လိုအပ္ျခင္းပင္ျဖစ္ပါတယ္။ ၎သည္ social media ကို အေကာင္းဆုံး အသုံးျပဳျခင္းျဖစ္ပါတယ္။
ေကာရိႏ္သဳဩဝါဒစာဒုတိယေစာင္ ၅:၁၈
"ထိုသို႔ျဖစ္ေသာ္ ဘုရားသခင္၏ တန္ခိုးေတာ္အားျဖင့္ ျဖစ္ၾက၏။ ဘုရားသခင္သည္ ေယရႈခရစ္အားျဖင့္ ငါတို႔၏ရန္ကိုၿငိမ္းေစ၍ ကိုယ္ေတာ္ႏွင့္ မိတ္သဟာယဖြဲ႕ေစေတာ္မူ၏။ ထိုမိတ္သဟာယတရားကို ေဟာရေသာ အခြင့္အရာကို ငါတို႔၌အပ္ေပးေတာ္မူ၏။"
သင္၏စိတ္ႀကိဳက္စားေသာက္ဆိုင္ကေန စားေကာင္းေသာက္ေကာင္းေတြရရွိပုံ (သို႔) သင့္ကေလးေတြ၏ဓါတ္ပုံေတြကို ေဝမွ်ဖို႔ရန္ Instagram သုံးျခင္းက မမွားပါဘူး။ သို႔ေပမဲ့ ဘုရားသခင္ဆီကေန လူေတြရရွိႏိုင္မည့္ ၿငိမ္သက္ျခင္းအေၾကာင္းအတြက္ social media ကိုသင္အသုံးမျပဳပါဘူး။ဤသို႔ဆိုလွ်င္ သင္၌ရွိေသာ ဘုရား၏ရည္႐ြယ္ရာကို ျဖည့္ဆည္းေပးမည့္ႀကီးမားေသာအခြင့္အေရးကို သင္လက္လႊတ္ေနျခင္းျဖစ္ပါတယ္။
ဤကမာၻေလာကတြင္ အေရးႀကီးဆုံးေသာ အလုပ္ကို ဘုရားသခင္သည္ ကြၽန္ေတာ္တို႔အား ေပးထားပါတယ္။ သခင္ခရစ္ေတာ္အားျဖင့္ရေသာ ကယ္တင္ျခင္းအေၾကာင္းကို သူတပါးအားေျပာျပျခင္းျဖစ္ပါတယ္။ တိုင္းျပည္အသီးသီးတို႔ဆီ တပည့္ေတာ္တို႔ကိုသြားဖို႔ရန္ သခင္ခရစ္ေတာ္ေျပာခဲ့စဥ္ခါသည္လည္း သင့္ကိုေျပာေနျခင္း ျဖစ္ပါတယ္။ ႏွစ္ေပါင္း 2000 ကပင္ ကမာၻတစ္လႊား သြားလာျခင္းတြင္ သေဘၤာျဖင့္ လည္းေကာင္း ၊ ေလယာဥ္ျဖင့္လည္းေကာင္း ေျမႀကီးစြန္းတိုင္ ေရာက္ရွိဖို႔ျဖစ္ပါတယ္။
ယေန႔တြင္ကမာၻတစ္ဖက္ျခမ္းကိုေရာက္ရွိဖို႔ရန္ သင္၏ အိမ္ကို စြန႔္စရာမလိုေတာ့ေပ။ သင္၏အိပ္ယာထက္ ညအိပ္ဝတ္စုံဝတ္ၿပီး ဘုရားသခင္ႏွင့္ပတ္သက္ေသာသတင္းေကာင္းကို တစ္ကမာၻလုံးသို႔ သင္ေျပာႏိုင္ပါၿပီ။ ၎သည္ ခရစ္ယာန္သမိုင္းတြင္ ဘယ္သူမွမရရွိခဲ့ဖူးေသာ ေကာင္းခ်ီး ႏွင့္ အံ့ဩဖြယ္အက်ိဳးေက်းဇူးျဖစ္ပါတယ္။
ႏိုင္ငံမ်ားဆီသို႔ ဧဝံေဂလိတရားကို ယူေဆာင္ဖို႔ရာအတြက္ ဤတန္ဆာပလာကို အသုံးျပဳျခင္းက ႀကီးျမတ္တဲ့ တာဝန္ယူျခင္းမ်ိဳးျဖစ္ပါတယ္။
ရာဇဝင္ခ်ဳပ္ပထမေစာင္ ၁၆:၂၄
"ဘုန္းေတာ္ကို တစ္ပါးအမ်ိဳးသားတို႔၌လည္းေကာင္း၊ အံ့ဖြယ္ေသာအမႈေတာ္တို႔ကို ခပ္သိမ္းေသာ လူမ်ိဳးတို႔၌လည္းေကာင္း ေဖာ္ျပၾကေလာ့။"
သင့္အတြက္ဘုရားသခင္ ျပဳေတာ္မူေသာ အံ့ဖြယ္ရာတို႔ကို ကမာၻတစ္လႊားရွိ လူေတြဆီကို ယေန႔တြင္ေျပာျပဖို႔ရန္ အခြင့္အေရးသင္၌ရွိပါတယ္။ သင္၏ညာဘက္လက္ဖ်ားထိပ္မွာသာ ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- social media ေပၚတြင္ သခင္ခရစ္ေတာ္အေၾကာင္းႏွင့္ပတ္သက္ၿပီး ေျပာဆိုဖို႔ရန္ သင္၌ မည္သို႔ေသာေၾကာက္စိတ္တစ္ခ်ိဳ႕ရွိပါသနည္း။
- ဧဝံေဂလိတရားကို ေဝမွ်ဖို႔ရန္ social media တြင္ မည္သို႔ေသာထူးျခားတဲ့နည္းလမ္းေတြရွိပါသနည္း။
- social media သည္ ဧဝံေဂလိသတင္းစကားကို
ေဝမွ်ႏိုင္ေသာ တခုတည္းေသာနည္းလမ္းျဖစ္ပါတယ္။ သခင္ခရစ္ေတာ္အားျဖင့္ ရေသာ ကယ္တင္ျခင္းအေၾကာင္းကို လူေတြအားေျပာဖို႔ရန္ သင့္အသက္တာရွိ တျခားေသာအခြင့္ေရးေတြကို သင္မည္သို႔အသုံးျပဳေနပါသနည္း။
သခင္ေယရႈက သင့္ကို၏ကတိေတာ္ေပးပါတယ္။ သခင္ေယရႈ အားျဖင့္ ဘုရား၏ကယ္တင္ျခင္းသတင္းေကာင္းကို ေဝမွ်အဖို႔ရန္ သင္၏ဖုန္းကိုမည္ကဲ့သို႔အသုံးျပဳႏိုင္ေၾကာင္းကို ယေန႔ သတင္းစကား daily devotional ကေန ေျပာေနပါတယ္။ သင့္ကိုယ္သင္အတြက္ေကာ ထိုသတင္းေကာင္းကိုေတြ႕ႀကဳံခံစားရပါသလား။ သခင္ေယရႈ ေျပာထားသည္မွာ
ရွင္ေယာဟန္ခရစ္ဝင္ ၁၁:၂၅-၂၆
ေယရႈကလည္း၊ ငါသည္ ထေျမာက္ျခင္းအေၾကာင္း၊ အသက္ရွင္ျခင္းအေၾကာင္း ျဖစ္၏။ ငါ့ကိုယုံၾကည္ေသာသူသည္ ေသလြန္ေသာ္လည္း ရွင္လိမ့္မည္။- ငါ့ကိုယုံၾကည္၍ အသက္ရွင္ေသာသူ ရွိသမွ်တို႔သည္လည္း ေသျခင္းႏွင့္ အစဥ္မျပတ္ ကင္းလြတ္ၾကလိမ့္မည္။ ငါ့စကားကိုယုံသေလာဟု ေမးေတာ္မူလွ်င္၊ မာသက၊ ဟုတ္ပါ၏သခင္။-