You need to think about what you think about.
 Unicode Version
သု​တ္တံ​ကျမ်း ၁၄:၁၅
"ဉာဏ်​တိမ်​သော​သူ​သည် သူ​တစ်​ပါး​ပြော​သ​မျှ​ကို ယုံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို စေ့​စေ့ ကြည့်​ရှု​တတ်၏။"
အမူအကျင့်တိုင်းသည် ယုံကြည်ချက်ပေါ်မှာ တည်ပါတယ်။ အကယ်၍သင်ကြောက်လန့်နေခြင်းသည် ကြောက်လန့်စရာအတွေးတွေကို အခိုက်အတန့် တစ်ခုတွင် သင်ယုံကြည်နေသောကြောင့် ဖြစ်ပါတယ်။ သင်မကျေမနပ်ဖြစ်ခြင်းသည် သင့်တန်ဖိုးချခံရတယ်လို့ သင်ယုံကြည် သောကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ခုခံကာကွယ်မှုပြုပါတော့မည်။  သင်မာန်မာနကြီးနေခြင်းသည် သင့်ကိုယ်သင်မကောင်းဘူးလို့ ယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပြီး လေလုံးထွားခြင်းအားဖြင့် ၊ ဂုဏ်ဖော်ခြင်းအားဖြင့် အစားထိုးဖို့ရန်ကြိုးစားပါသည်။
သင့်အသက်တာတွင် သင်မနှစ်သက်သောအမူအကျင့်တို့ ရှိနေပါလျှင် မူလဇစ်မြစ်ကိုရှာပြီး ၎င်းနောက်ကွယ်က တွေးခေါ်မှုတွေကို ပြောင်းလိုက်ပါ။
ဟ​ဂ္ဂဲ​အ​နာ​ဂ​တ္တိ​ကျမ်း ၁:၅ တွင် ဘုရားသခင် ပြောထားသည်မှာ "ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​ကျင့်​သော အ​ကျင့်​တို့​ကို​ဆင်​ခြင်​ကြ​လော့။"
သင့်ကိုယ်သင်ပေးပါ။ ထိုသူကိုငါ ဘာကြောင့် ဤကဲ့သို့ပြုမူပါသနည်း။ ဤကဲ့သို့​သောနည်းဖြင့် ကျောင်း၊ လုပ်ငန်းခွင် (သို့) အိမ်နီးချင်းတွေကို ပြုမူဆက်ဆံရသနည်း။ ထိုကဲ့သို့တုံ့ပြန်မှုတွေကို မည်သို့
​သောအတွေးတွေက အစပျိုးပေးနေသနည်း။ အဲဒီအပြုအမူတွေရဲ့နောက်က မည်သို့သောခံယူချက်တွေရှိသနည်း။ ၎င်းအကျင့်တွေရဲ့အောက်တွင် မည်ကဲ့သို့ယုံကြည်ချက်တွေရှိသနည်း။
ဤကဲ့သို့သော ပဋိပက္ခမျိုးကို သင်၏ဇနီး /ခင်ပွန်း (သို့) တစ်ခြားသူတစ်ဦးဦးနှင့် ဖြစ်ခဲ့ဖူးပါသလား။ ဤအရာတွေက ရိုးရှင်းစွာဖြင့် စတင်ပါတယ်။ သို့သော် သင်မသိရှိခင်မှာ အငြင်းအခုံတခုသည် သင်၏စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ သုည ကနေ တစ်ရာထိသို့ စိတ်ခံစားမှုက နှစ်စက္ကန့်အတွင်း ရောက်ရှိသွားတာလား။ ​ပြီးတော့ သင်ထိန်းချုပ်မှုကနေ လွှတ်သွား ပြီး  စိတ်ဓာတ်ကျခြင်းတွေ ၊ကြောက်ရွံခြင်းတွေသာဖြစ်လာမည်။ ဇောချွေး​စတင်ခြင်း ၊ အသံတွေလည်းမြင့်တက်လာပါမည်။ ထိုချိန်တွင် သင့်၏မျက်ရည်တို့ ပါးပြင်ထက် စီးကျလာပါမည်။
ဤကဲ့သို့သောအခြေအနေ သင်ကြုံတွေ့ရပါလျှင် ဤမေးခွန်းကို သင်မေးသင့်ပါတယ်။ ယခုကျွန်တော်ဘာကိုယုံကြည် နေသနည်း။ သင်၏အမူအကျင့်အောက်က ယုံကြည်ချက်ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။
သု​တ္တံ​ကျမ်း ၁၄:၁၅ တွင် သမ္မာကျမ်းစာကဆိုထားသည်မှာ "ဉာဏ်​တိမ်​သော​သူ​သည် သူ​တစ်​ပါး​ပြော​သ​မျှ​ကို ယုံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို စေ့​စေ့ ကြည့်​ရှု​တတ်၏။"
သင့်အသက်တာရှိ နေရာတိုင်းတို့ကို ကြီးထွားစေဖို့ရန် သင်၏အတွေးထဲကဖြစ်ပေါ်မှုတွေကို ဆန်းစစ်ရပါမည်။ သင်တွေးမြင်နေသောအရာတို့နှင့် ပတ်သက်ပြီး သင်စတင်ဆင်ခြင်တွေးတောပါ။ သို့မှသာ သင့် အတွေးတွေက ကျန်းမာခြင်းသို့ဦးတည်စေနိုင်ပြီး ရည်ရွယ်ချက်ရှိသော အပြုအမူဖြစ်စေပါမည်။
ဆင်ခြင်ရန်
- လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြောင်းလဲဖို့ရန်သင့်ကြိုးစားနေခဲ့သော အမူအကျင့်တို့ကိုတွေးကြည့်လိုက်ပါ။ ထိုသို့ပြုမူဖို့ရန် မည်သို့သောသည်၏ ယုံကြည်ချက်တွေက ဖြစ်ပေါ်စေပါသနည်း။
- အပြုအမူတခုနောက်ကွယ်ရှိ ယုံကြည်ချက်ကို သင်မလုပ်ဆောင်မီ ဘာကြောင့်စဉ်းစားရန်အရေးကြီးပါသနည်း။
- သင်နှစ်နီးစပ်သူတစ်ဦးဦးနှင့် ခက်ခဲသောစကားပြောဆိုမှုဖြစ်သည့်အခါ သင်၏စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှု နောက်ကွယ်မှ ယုံကြည်မှုများကိုစဉ်းစားရန် သင့်အတွက်မည်သို့အထောက်ကူပြုပါသနည်း 
------------------------------------------------------------------------------------------------------
Zawgyi Version
သု​တ္တံ​ကျမ်း ၁၄:၁၅
ဆင်ခြင်ရန်