Why asking great questions make you a great listener

 Unicode Version

သုတ္တံကျမ်း ၂၀း၅ "လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။"

ကောင်းစွာနားထောင်တတ်သောသူ၏ အရှင်းလင်းဆုံး လက္ခဏာ တစ်ရပ်မှာ ပွင့်လင်းမြင်သာသော မေးခွန်းမျိုးကို မည့်သို့မေးမြန်းရန် သိရှိသောအချိန်ဖြစ်ပါတယ်။

တစုံတယောက်နှင့် စိတ်ပါဝင်စားစရာပြောဆိုခြင်းကို ပြုဖို့ရန် "Yes or No" သာဖြေဖို့ လိုအပ်တဲ့မေးခွန်းများ မေးခြင်းကို သင်ရပ်တန့်သင့်ပါတယ်။ ထိုမေးခွန်းတွေက သင့်ကိုဘာမှ မရရှိစေပါဘူး။ အဲဒီအစား တစ်စုံတစ်ယောက်​အား အဖြေစကားလုံးတစ်လုံးတည်း ပိုတဲ့ ဝေဌစရာပြုဖို့ရန် သင် ပွင့်လင်းမြင်သာသော မေးခွန်းကို စတင်မေးဖို့ ဖြစ်ပါတယ်။

ဥပမာအနေဖြင့် " ပြဇတ်ကြည့်ရတာပျော်ရဲ့လား" လို့မေးရမည့်အစား " သင်ရဲ့အကြိုက်ဆုံးအပိုင်းကဘယ်အပိုင်းလဲ" လို့  မေးနိုင်ပါတယ်။ မသိမသာခြားနားသွားသလို မြင်ရပေမယ့်လည်း ၎င်းသည် သင့်အား လူတစ်ဦး၏ စကားဆက်လက်ပြောခြင်းအရာနဲ့ ဘယ်လိုပွင့်လင်းမှုရှိသလဲဆိုတဲ့ ခြားနားချက်တို့ကို ဖြစ်စေပါတယ်။

သင်၏သားသမီး ၊ ဇနီး ၊ မိတ်ဆွေတွေနှင့် ကောင်းသောနားလည်ခြင်းမျိုးနှင့် နက်ရှိုင်းသော ပေါင်းသင်း ဆက်ဆံရေးကို သင်အမှန်တကယ်အလိုရှိပါလျှင် သင်ပြုသောမေးခွန်း၏ စကားအသုံးအနှုန်းတွေမှတဆင့် အတွေးအခေါ်တစ်ချို့ကို သင့်ထည့်သွင်းဖိုရန် လိုအပ်ပါတယ်။


သုတ္တံကျမ်း ၂၀း၅ "လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။"

" ငါ့ကိုပိုပြီးပြောပြပါ" လို့ ဆိုတဲ့စကားရပ်တစ်ခုက သင့်အားကောင်းသောနားထောင်သူ ဖြစ်လာစေပါမည်။ ထိုစကားကို ထပ်ခါထပ်ခါသုံးဖို့ လိုအပ်ပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင့်အသက်တာတလျှောက်လုံးမှာ  လူပေါင်းစုံတို့ကို အပြန်အလှန်တုံ့ပြန်ရပါတယ်၊ အကျိုးပြုရပါတယ်။

လူတစ်ဦးကသင့်ကို ရင်ဖွင့်တဲ့အခါမှာ သူတို့စကား နှစ်ခွန်း သုံးခွန်း ပြောပြီးချိန်မှာ မရပ်တန့်စေလိုက်ပါနဲ့။ သူတို့ပြောဆိုပြီးတဲ့အခါမှာ " ထပ်ပြောပါ "လို့ သင်ကပြောပါ။ မိနစ်အနည်းငယ်ပြောပြီးတဲ့ နောက်မှာလဲ " ထပ်ပြောပါ " လို့ သင်မေးလိုက်တိုင်းတွင် သူတို့ကိုယ်သူတို့ ပိုမိုဖော်ပြခြင်းအရာကို သင်က လေးနက်စေပြီး ခွင့်ပြုခြင်းတွေဖြစ်စေပါတယ်။

သူတို့ပြောဆိုနေတာတွေကို သင်ဂရုစိုက်ပါတယ်လို့ လူတွေကို သင်ပြောနေနိုင်ပေမယ့်လည်း သူတို့ကို ထပ်ပြီးမေးခြင်းက အကောင်းဆုံး နည်းလမ်းကိုပြခြင်း ဖြစ်ပါတယ်။ ၎င်းသည် သင်စိတ်ဝင်စားကြောင်းကို ပြောနေခြင်းဖြစ်ပါတယ်။ သင်အာရုံစိုက်ကြောင်း ကိုဖော်ပြပါတယ်။ ဒါကချစ်ခြင်းမေတ္တာဖြစ်ပါတယ်။

ပွင့်လင်းမြင်သာသောမေးခွန်းကို မေမြန်းခြင်းသည် လူတွေကိုသင်၏ အချိန် ၊အာရုံစိုက်မှုနဲ့ သင်၏ချစ်ခြင်းမေတ္တာတွေကို ပေးဖို့ဆန္ဒရှိကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ သို့မှသာ လူတွေကြားနိုင် ၊နားလည်နိုင်ပေမည်။

ရေနက်ရာသို့ရွှေ့ပါ။ လုပ်ဆောင်နေခြင်းက သင်၏စကားအသုံးအနှုန်းနှင့် နားထောင်ခြင်းအတတ်ပညာကို တိုးတက်စေရုံသာမဟုတ်ပါ။ သင်၏ပေါင်းသင်းဆက်ဆံရေးကိုလည်း ပြောင်းလဲစေပါတယ်။

ဆင်ခြင်ရန်

- ဤတပတ်တွင် ကောင်းသောနားထောင်သူတစ်ဦးဖြစ်ခြင်းကို မည်သို့သောနည်းလမ်းဖြင့် သင်စတင်နိုင်မည်နည်း။

- "ထပ်ပြောပါ" ဆိုတဲ့စကားကို  နေ့စဉ် စကားအပြောဆိုတွေမှာ မေးမြန်းဖိုယြ့ရန် ​ ဘာကြောင့်လူတွေ တုံ့ဆိုင်းကြပါသနည်း။

- သင်၏အာရုံစိုက်မှုကို လူတွေအား ဖော် ပြခြင်းက သူတို့ကိုချစ်ကြောင်း မည့်သို့ဖြစ်ပေါ်စေပါသနည်း။ 



----------------------------------------------------------------------------------------------


Zawgyi Version

သုတၱံက်မ္း ၂၀း၅ "လူစိတ္ႏွလုံး၌ ပညာအႀကံသည္ နက္ေသာေရႏွင့္ တူေသာ္လည္း၊ ဉာဏ္ေကာင္းေသာသူသည္ ခပ္ယူလိမ့္မည္။"

ေကာင္းစြာနားေထာင္တတ္ေသာသူ၏ အရွင္းလင္းဆုံး လကၡဏာ တစ္ရပ္မွာ ပြင့္လင္းျမင္သာေသာ ေမးခြန္းမ်ိဳးကို မည့္သို႔ေမးျမန္းရန္ သိရွိေသာအခ်ိန္ျဖစ္ပါတယ္။

တစုံတေယာက္ႏွင့္ စိတ္ပါဝင္စားစရာေျပာဆိုျခင္းကို ျပဳဖို႔ရန္ "Yes or No" သာေျဖဖို႔ လိုအပ္တဲ့ေမးခြန္းမ်ား ေမးျခင္းကို သင္ရပ္တန႔္သင့္ပါတယ္။ ထိုေမးခြန္းေတြက သင့္ကိုဘာမွ မရရွိေစပါဘူး။ အဲဒီအစား တစ္စုံတစ္ေယာက္​အား အေျဖစကားလုံးတစ္လုံးတည္း ပိုတဲ့ ေဝဌစရာျပဳဖို႔ရန္ သင္ ပြင့္လင္းျမင္သာေသာ ေမးခြန္းကို စတင္ေမးဖို႔ ျဖစ္ပါတယ္။

ဥပမာအေနျဖင့္ " ျပဇတ္ၾကည့္ရတာေပ်ာ္ရဲ႕လား" လို႔ေမးရမည့္အစား " သင္ရဲ႕အႀကိဳက္ဆုံးအပိုင္းကဘယ္အပိုင္းလဲ" လို႔  ေမးႏိုင္ပါတယ္။ မသိမသာျခားနားသြားသလို ျမင္ရေပမယ့္လည္း ၎သည္ သင့္အား လူတစ္ဦး၏ စကားဆက္လက္ေျပာျခင္းအရာနဲ႔ ဘယ္လိုပြင့္လင္းမႈရွိသလဲဆိုတဲ့ ျခားနားခ်က္တို႔ကို ျဖစ္ေစပါတယ္။

သင္၏သားသမီး ၊ ဇနီး ၊ မိတ္ေဆြေတြႏွင့္ ေကာင္းေသာနားလည္ျခင္းမ်ိဳးႏွင့္ နက္ရႈိင္းေသာ ေပါင္းသင္း ဆက္ဆံေရးကို သင္အမွန္တကယ္အလိုရွိပါလွ်င္ သင္ျပဳေသာေမးခြန္း၏ စကားအသုံးအႏႈန္းေတြမွတဆင့္ အေတြးအေခၚတစ္ခ်ိဳ႕ကို သင့္ထည့္သြင္းဖိုရန္ လိုအပ္ပါတယ္။


သုတၱံက်မ္း ၂၀း၅ "လူစိတ္ႏွလုံး၌ ပညာအႀကံသည္ နက္ေသာေရႏွင့္ တူေသာ္လည္း၊ ဉာဏ္ေကာင္းေသာသူသည္ ခပ္ယူလိမ့္မည္။"

" ငါ့ကိုပိုၿပီးေျပာျပပါ" လို႔ ဆိုတဲ့စကားရပ္တစ္ခုက သင့္အားေကာင္းေသာနားေထာင္သူ ျဖစ္လာေစပါမည္။ ထိုစကားကို ထပ္ခါထပ္ခါသုံးဖို႔ လိုအပ္ပါလိမ့္မယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္အသက္တာတေလွ်ာက္လုံးမွာ  လူေပါင္းစုံတို႔ကို အျပန္အလွန္တုံ႔ျပန္ရပါတယ္၊ အက်ိဳးျပဳရပါတယ္။

လူတစ္ဦးကသင့္ကို ရင္ဖြင့္တဲ့အခါမွာ သူတို႔စကား ႏွစ္ခြန္း သုံးခြန္း ေျပာၿပီးခ်ိန္မွာ မရပ္တန႔္ေစလိုက္ပါနဲ႔။ သူတို႔ေျပာဆိုၿပီးတဲ့အခါမွာ " ထပ္ေျပာပါ "လို႔ သင္ကေျပာပါ။ မိနစ္အနည္းငယ္ေျပာၿပီးတဲ့ ေနာက္မွာလဲ " ထပ္ေျပာပါ " လို႔ သင္ေမးလိုက္တိုင္းတြင္ သူတို႔ကိုယ္သူတို႔ ပိုမိုေဖာ္ျပျခင္းအရာကို သင္က ေလးနက္ေစၿပီး ခြင့္ျပဳျခင္းေတြျဖစ္ေစပါတယ္။

သူတို႔ေျပာဆိုေနတာေတြကို သင္ဂ႐ုစိုက္ပါတယ္လို႔ လူေတြကို သင္ေျပာေနႏိုင္ေပမယ့္လည္း သူတို႔ကို ထပ္ၿပီးေမးျခင္းက အေကာင္းဆုံး နည္းလမ္းကိုျပျခင္း ျဖစ္ပါတယ္။ ၎သည္ သင္စိတ္ဝင္စားေၾကာင္းကို ေျပာေနျခင္းျဖစ္ပါတယ္။ သင္အာ႐ုံစိုက္ေၾကာင္း ကိုေဖာ္ျပပါတယ္။ ဒါကခ်စ္ျခင္းေမတၱာျဖစ္ပါတယ္။

ပြင့္လင္းျမင္သာေသာေမးခြန္းကို ေမျမန္းျခင္းသည္ လူေတြကိုသင္၏ အခ်ိန္ ၊အာ႐ုံစိုက္မႈနဲ႔ သင္၏ခ်စ္ျခင္းေမတၱာေတြကို ေပးဖို႔ဆႏၵရွိေၾကာင္း ေဖာ္ျပျခင္းျဖစ္ပါတယ္။ သို႔မွသာ လူေတြၾကားႏိုင္ ၊နားလည္ႏိုင္ေပမည္။

ေရနက္ရာသို႔ေ႐ႊ႕ပါ။ လုပ္ေဆာင္ေနျခင္းက သင္၏စကားအသုံးအႏႈန္းႏွင့္ နားေထာင္ျခင္းအတတ္ပညာကို တိုးတက္ေစ႐ုံသာမဟုတ္ပါ။ သင္၏ေပါင္းသင္းဆက္ဆံေရးကိုလည္း ေျပာင္းလဲေစပါတယ္။

ဆင္ျခင္ရန္

- ဤတပတ္တြင္ ေကာင္းေသာနားေထာင္သူတစ္ဦးျဖစ္ျခင္းကို မည္သို႔ေသာနည္းလမ္းျဖင့္ သင္စတင္ႏိုင္မည္နည္း။

- "ထပ္ေျပာပါ" ဆိုတဲ့စကားကို  ေန႔စဥ္ စကားအေျပာဆိုေတြမွာ ေမးျမန္းဖိုၾယ့ရန္ ​ ဘာေၾကာင့္လူေတြ တုံ႔ဆိုင္းၾကပါသနည္း။

- သင္၏အာ႐ုံစိုက္မႈကို လူေတြအား ေဖာ္ ျပျခင္းက သူတို႔ကိုခ်စ္ေၾကာင္း မည့္သို႔ျဖစ္ေပၚေစပါသနည္း။