Unicode Version
ရှင်လုကာခရစ်ဝင် ၁၀:၄၁-၄၂
"ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရ၏။ လိုသောအရာတစ်ခုတည်း ရှိ၏။- မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်မယူရာဟု မိန့်တော်မူ၏။"
သင်၏ ဖုန်းကို သင်ပိုင်ဆိုင်တာလား။ သင့်ဖုန်းကသင့်ကိုပိုင်ဆိုင်တာလား။
တကယ်အသုံးဝင်သော တန်ဆာပလာအဖြစ် အသုံးပြုပြီး သင့်အသက်တာအတွက် တန်ဖိုးအထားရဆုံးအရာအဖြစ် သဘောထားပါလျှင် သင်၏ဖုန်းကသင်၏ဘုရားသခင်ဖြစ်လာပါမည်။ အရေးကြီးသောအရာကနေ သင့်အာရုံအား လွင့်ပျံ့သွားစေဖို့ရန် ဖုန်းကိုသင်က ခွင့်ပြုခဲ့ပါလျှင် ၎င်းဖုန်းသည် သင်၏သခင်ဖြစ်လာပါမည်။
တစ်ချိန်က ယေရှုသည်မိတ်ဆွေ လာဇရု၏ညီမဖြစ်သော မာရိနှင့်မာသ တို့၏ အိမ်ကိုလည်ပတ်ခဲ့ပါတယ်။ မာသမှာ အစားအသောက်အတွက် အလုပ်များနေပြီး အိမ်ရှင်မကောင်းတစ်ဦးအဖြစ် ပါဝင်စဉ် ညီမဖြစ်သူမာရိသည် ယေရှု၏ခြေတော်ရင်းမှာထိုင်ရင်းနဲ့ သွန်သင်ခြင်းတွေကိုနားထောင်ခဲ့ပါတယ်။
မာသမှာ စိတ်မချင့်မရဲဖြစ်ပြီး ယေရှုအား "မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည်၊ ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကို ပစ်ထားသည်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊"
ရှင်လုကာခရစ်ဝင် ၁၀:၄၀
ယေရှုနှင့်အတူရှိခြင်းဆိုတဲ့ အရေးကြီးဆုံးသောအရာကနေ ကင်းဝေးစေတဲ့ ပြင်ဆင်နေမှုတွေက မာသကိုအာရုံပျက်စေပါတယ်လို့ သမ္မာကျမ်းစာကဆိုပါတယ်။
မကြာခဏဆိုသလို ယခုအချိန်မှာ သင်မှန်ကန်သောအရာပေါ် အာရုံစူးစိုက်နေသည်ဟု ထင်ကောင်းထင်မည်။ ဖုန်းကနေ စာပို့ခြင်း ၊ခေါ်ဆိုမှုပြုခြင်း၊ အခြေအနေစစ်ဆေးခြင်းတွေပေါ့။ သို့ပေမယ့်တစ်စုံတစ်ခုက သင့်ကို အရေးအကြီးဆုံးအရာကနေ ဝေးစေတယ်ဆိုရင် ၎င်းသည် သင်၏အသက်တာကို လွမ်းမိုးနေပြီဖြစ်ပါတယ်။
သင်၏နေ့စဉ်အသက်တာတွင် သခင်ယေရှု၏ခြေ တော်ရင်း၌ ထိုင်ဖို့လိုအပ်ပါတယ်။ ၎င်းကို ဆိတ်ငြိမ်ချိန် (quiet time) လို့ခေါ်ပါတယ်။ ဆိတ်ငြိမ်စွာထိုင်ပြီးကျမ်းစာဖတ်ဆုတောင်းပါ။ နှူတ်ကပတ်တော်မှတဆင့် ဘုရားသခင်အား စကားပြောခွင့်ပြုပါ။ ဘုရားသခင်ကိုချီးမွမ်းပါ။ ဝန်ခံပါ။ သင်၏လိုအပ်ချက်ကို တောင်းလျှောက်လိုက်ပါ။ ၎င်းသည် သင်၏တနေ့တာ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းသည်သင်၏နေ့ရက်ရှိ အရာအားလုံးတို့ပေါ် သက်ရောက်လို့ဖြစ်ပါတယ်။ ၎င်းသည် သင်မည်မျှဘုရားသခင်ကိုသိကျွမ်းပြီး ယေရှု၏ နောက်လိုက်တစ်ဉီးအ ဖြစ် ကြီးထွားမည်ကိုဆုံးဖြတ်ပေးပါတယ်။
Quiet time ယူဖို့နှင့် ဖုန်းကိုပွတ်နေဖို့ရန်ရွေးချယ်တဲ့အခါ သင်ဘာကိုရွေးမလဲ။ သင်ကသာမန်လူတစ်ဦးနှင့်တူသည်ဆိုလျှင် နေ့စဉ်ဖုန်းကို ၃နာရီ ၁၅ မိနစ်ခန့် ကုန်ဆုံးစေပါမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ သင်မည်မျှအချိန်ကုန်လွန်စေပါသနည်း။ ကိုယ့်ကိုယ်ကိုအာရုံ ပျံလွှင့်မနေပါနဲ့ ။ သင်၏အချိန်ဖြုန်းတီးခြင်းပေါ် သင်ထိန်းချုပ်နိုင်ပါတယ်။ အရေးကြီးသောအရာတွေပေါ့ အချိန်ကုန်ဖို့ရန်ရွေးချယ်ပါ။
ဆင်ခြင်ရန်
- နေ့စဉ်သင်၏ဖုန်းပေါ်အချိန်ပေးမှုတချို့ကို တခြားစိတ်ဝင်စားစရာအတွက် အသုံးပြုဖို့ရန် မည်သို့လုပ်ဆောင်နိုင်ပါသနည်း
- အရေးကြီးသောအရာတို့ကို ဦးစားပေးဖို့သင်ကြိုးစားတဲ့အခါ အချိန်ဇယားပြုခြင်းက ဘာကြောင့်အကူညီဖြစ်စေပါသနည်း။
- ဖုန်းကိုသင်နဲ့အတူ အမြဲတမ်းထားရှိပါသလား။ဤသို့ဆိုလျှင် ယနေ့တွင်သင်၏ဖုန်း (သို့) အနည်းဆုံး application တစ်ခုကနေ ဝေးကွာသွားအောင်လေ့ကျင့်ပါ။ ဘာတွေထူးခြားသွားမည်နည်း။
------------------------------------------------------------------------------------------------
Zawgyi Version
ရွင္လုကာခရစ္ဝင္ ၁၀:၄၁-၄၂
"ေယရႈက၊ မာသ၊ မာသ၊ သင္သည္ မ်ားစြာေသာအမႈတို႔၌ စိုးရိမ္၍ ေႏွာင့္ယွက္ျခင္းကို ခံရ၏။ လိုေသာအရာတစ္ခုတည္း ရွိ၏။- မာရိမူကား၊ ေကာင္းေသာအဖို႔ကို ေ႐ြးယူၿပီ။ ထိုအဖို႔ကို အဘယ္သူမွ် မႏုတ္မယူရာဟု မိန္႔ေတာ္မူ၏။"
သင္၏ ဖုန္းကို သင္ပိုင္ဆိုင္တာလား။ သင့္ဖုန္းကသင့္ကိုပိုင္ဆိုင္တာလား။
တကယ္အသုံးဝင္ေသာ တန္ဆာပလာအျဖစ္ အသုံးျပဳၿပီး သင့္အသက္တာအတြက္ တန္ဖိုးအထားရဆုံးအရာအျဖစ္ သေဘာထားပါလွ်င္ သင္၏ဖုန္းကသင္၏ဘုရားသခင္ျဖစ္လာပါမည္။ အေရးႀကီးေသာအရာကေန သင့္အာ႐ုံအား လြင့္ပ်ံ႕သြားေစဖို႔ရန္ ဖုန္းကိုသင္က ခြင့္ျပဳခဲ့ပါလွ်င္ ၎ဖုန္းသည္ သင္၏သခင္ျဖစ္လာပါမည္။
တစ္ခ်ိန္က ေယရႈသည္မိတ္ေဆြ လာဇ႐ု၏ညီမျဖစ္ေသာ မာရိႏွင့္မာသ တို႔၏ အိမ္ကိုလည္ပတ္ခဲ့ပါတယ္။ မာသမွာ အစားအေသာက္အတြက္ အလုပ္မ်ားေနၿပီး အိမ္ရွင္မေကာင္းတစ္ဦးအျဖစ္ ပါဝင္စဥ္ ညီမျဖစ္သူမာရိသည္ ေယရႈ၏ေျခေတာ္ရင္းမွာထိုင္ရင္းနဲ႔ သြန္သင္ျခင္းေတြကိုနားေထာင္ခဲ့ပါတယ္။
မာသမွာ စိတ္မခ်င့္မရဲျဖစ္ၿပီး ေယရႈအား "မာသမူကား၊ လုပ္ေကြၽးျခင္းအမႈမ်ား၌ စိတ္ပူပန္ျခင္းရွိသျဖင့္ အထံေတာ္သို႔ခ်ဥ္းကပ္၍၊ သခင္၊ ကြၽန္မ၏ညီမသည္၊ ကြၽန္မတစ္ေယာက္တည္း လုပ္ေကြၽးေစျခင္းငွာ ကြၽန္မကို ပစ္ထားသည္အရာကို လ်စ္လ်ဴေသာစိတ္ ရွိေတာ္မူသေလာ။ သူသည္ ကြၽန္မကို ကူညီမည့္အေၾကာင္း အမိန္႔ရွိေတာ္မူပါဟု ေလွ်ာက္ေသာ္၊"
ရွင္လုကာခရစ္ဝင္ ၁၀:၄၀
ေယရႈႏွင့္အတူရွိျခင္းဆိုတဲ့ အေရးႀကီးဆုံးေသာအရာကေန ကင္းေဝးေစတဲ့ ျပင္ဆင္ေနမႈေတြက မာသကိုအာ႐ုံပ်က္ေစပါတယ္လို႔ သမၼာက်မ္းစာကဆိုပါတယ္။
မၾကာခဏဆိုသလို ယခုအခ်ိန္မွာ သင္မွန္ကန္ေသာအရာေပၚ အာ႐ုံစူးစိုက္ေနသည္ဟု ထင္ေကာင္းထင္မည္။ ဖုန္းကေန စာပို႔ျခင္း ၊ေခၚဆိုမႈျပဳျခင္း၊ အေျခအေနစစ္ေဆးျခင္းေတြေပါ့။ သို႔ေပမယ့္တစ္စုံတစ္ခုက သင့္ကို အေရးအႀကီးဆုံးအရာကေန ေဝးေစတယ္ဆိုရင္ ၎သည္ သင္၏အသက္တာကို လြမ္းမိုးေနၿပီျဖစ္ပါတယ္။
သင္၏ေန႔စဥ္အသက္တာတြင္ သခင္ေယရႈ၏ေျခ ေတာ္ရင္း၌ ထိုင္ဖို႔လိုအပ္ပါတယ္။ ၎ကို ဆိတ္ၿငိမ္ခ်ိန္ (quiet time) လို႔ေခၚပါတယ္။ ဆိတ္ၿငိမ္စြာထိုင္ၿပီးက်မ္းစာဖတ္ဆုေတာင္းပါ။ ႏႉတ္ကပတ္ေတာ္မွတဆင့္ ဘုရားသခင္အား စကားေျပာခြင့္ျပဳပါ။ ဘုရားသခင္ကိုခ်ီးမြမ္းပါ။ ဝန္ခံပါ။ သင္၏လိုအပ္ခ်က္ကို ေတာင္းေလွ်ာက္လိုက္ပါ။ ၎သည္ သင္၏တေန႔တာ အေရးအႀကီးဆုံးအစိတ္အပိုင္းျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၎သည္သင္၏ေန႔ရက္ရွိ အရာအားလုံးတို႔ေပၚ သက္ေရာက္လို႔ျဖစ္ပါတယ္။ ၎သည္ သင္မည္မွ်ဘုရားသခင္ကိုသိကြၽမ္းၿပီး ေယရႈ၏ ေနာက္လိုက္တစ္ဉီးအ ျဖစ္ ႀကီးထြားမည္ကိုဆုံးျဖတ္ေပးပါတယ္။
Quiet time ယူဖို႔ႏွင့္ ဖုန္းကိုပြတ္ေနဖို႔ရန္ေ႐ြးခ်ယ္တဲ့အခါ သင္ဘာကိုေ႐ြးမလဲ။ သင္ကသာမန္လူတစ္ဦးႏွင့္တူသည္ဆိုလွ်င္ ေန႔စဥ္ဖုန္းကို ၃နာရီ ၁၅ မိနစ္ခန္႔ ကုန္ဆုံးေစပါမည္။ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္၌ သင္မည္မွ်အခ်ိန္ကုန္လြန္ေစပါသနည္း။ ကိုယ့္ကိုယ္ကိုအာ႐ုံ ပ်ံလႊင့္မေနပါနဲ႔ ။ သင္၏အခ်ိန္ျဖဳန္းတီးျခင္းေပၚ သင္ထိန္းခ်ဳပ္ႏိုင္ပါတယ္။ အေရးႀကီးေသာအရာေတြေပါ့ အခ်ိန္ကုန္ဖို႔ရန္ေ႐ြးခ်ယ္ပါ။
ဆင္ျခင္ရန္
- ေန႔စဥ္သင္၏ဖုန္းေပၚအခ်ိန္ေပးမႈတခ်ိဳ႕ကို တျခားစိတ္ဝင္စားစရာအတြက္ အသုံးျပဳဖို႔ရန္ မည္သို႔လုပ္ေဆာင္ႏိုင္ပါသနည္း
- အေရးႀကီးေသာအရာတို႔ကို ဦးစားေပးဖို႔သင္ႀကိဳးစားတဲ့အခါ အခ်ိန္ဇယားျပဳျခင္းက ဘာေၾကာင့္အကူညီျဖစ္ေစပါသနည္း။
- ဖုန္းကိုသင္နဲ႔အတူ အၿမဲတမ္းထားရွိပါသလား။ဤသို႔ဆိုလွ်င္ ယေန႔တြင္သင္၏ဖုန္း (သို႔) အနည္းဆုံး application တစ္ခုကေန ေဝးကြာသြားေအာင္ေလ့က်င့္ပါ။ ဘာေတြထူးျခားသြားမည္နည္း။