What success really looks like

 Unicode Version

ကောလောသဲဩဝါဒစာ ၂:၉-၁၀ “အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်း သည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏”

 

မည်သည့်အရာက စစ်မှန်တဲ့ အောင်မြင်မှု ဖြစ်တယ်ဆိုတာကို လူတော်တော်များများ မတွေးခေါ်တတ်ကြပါဘူး။ တစ်ချို့လူတွေကတော့ ၎င်းကို ငွေကြေးများများ ဖန်တီးနိုင်ခြင်းလို့ ဆိုလိုကြပါတယ်။ ငွေကြေးများစွာ သင်ရှာဖွေနိုင်သော်လည်း လုံးဝ ကျရှုံးခြင်းတွေလည်း ဖြစ်စေပါတယ်။ တချို့ကျတော့လည်း နာမည် ကျော်ဇောမှုကို စစ်မှန်တဲ့ အောင်မြင်ခြင်းလို့ မှတ်ယူကြပါတယ်။ သင်ကျော်ဇော နိုင်သော်လည်း အသက်တာ၏ အဓိကအချက်ကိုတော့ သင်လုံးဝ လက်လွှတ်သွားပါလိမ့်မည်။ ဒါဆိုရင် တကယ်စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ ဘာလဲ။

 

သင့်အား ဘုရားသခင် ဖန်တီးထားသည်အတိုင်း ဖြစ်နေခြင်းက စစ်မှန်တဲ့ အောင်မြင်မှု ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ ဆိုလိုသည်မှာ တခြားသူတစ်ဉီး နှင့် တူအောင် (သို့) မိဘတွေ ဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် ကြိုးစားနေရခြင်း မဟုတ်ပါ။ ဘုရားသခင် သင့်အား ဖြစ်စေလိုသည်အတိုင်း ဖန်ဆင်းထားတဲ့သူအဖြစ် အသက်တာကို ရှင်သန်နေထိုင်ခြင်းက တကယ့်ကို စစ်မှန်တဲ့ အောင်မြင်မှုဆိုတာကို သင်သာလျှင် ရှာဖွေတွေ့ရှိပါလိမ့်မည်။

 

အသက်တာတွင် တစ်စုံတစ်ယောက်နှင့် တူအောင် လိုက်ပြီး ကြိုးစားနေမယ်ဆိုလျှင် သင်လုံးဝ ကျရှုံးဖို့ဘဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်မဟုတ်တဲ့ တခြားသောသူတစ်ဉီး မဖြစ်နိုင်လို့ပါ။ ဘုရားသခင်သင့်အား ဖြစ်စေချင်သော “သင်” သာလျှင် ဖြစ်စေပါ။ သခင်ခရစ်တော်၌ ရှိသော လူဖြစ်စေပါ။

 

ကောလောသဲဩဝါဒစာ ၂:၉-၁၀ “အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်း သည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။ ၁၀အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏”

 

လူသားအသွင်အားဖြင့် ဘုရားသခင်သည် ကမ္ဘာမြေပေါ်သို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကတည်းက လာခဲ့ပါတယ်။ ဒါကြောင့်သခင်ခရစ်တော်အားဖြင့် သင့်အား ပြီးပြည့်စုံစေမည်။ ဆိုလိုသည်မှာ သခင်ခရစ်တော်၏ အခွင့်အာဏာ နှင့် တန်ခိုးတော်အားဖြင့် သင်လိုအပ်သော အရာတိုင်းကို ရရှိပါသည်။

 

ဘေးပတ်ဝန်းကျင်ကို သင်ကြည့်လိုက်မယ်ဆိုရင် သူတစ်ပါးကဲ့သို့သော တူညီတဲ့ ဆုကျေးဇူးတွေ ၊ စွမ်းရည် (သို့) အခွင့်အရေးတွေ သင်၌မရှိဘူးဆိုတာကို သင်သတိပြုမိမှာဖြစ်တယ်။ တစ်စုံတစ်ယောက်ကဲ့သို့ ဖြစ်ခြင်းသည် အောင်မြင်မှု ဖြစ်တယ်လို့ သင်ယူဆပါလျှင် ဤအရာတွေက သင့်ကို စိတ်ပျက်သွားစေပါတယ်။

 

ဘုရားဖြစ်စေသာ သူဖြစ်သည်အတိုင်း ရှိနေခြင်းသည် အသက်တာတွင် အောင်မြင်မှု ဖြစ်တယ် ဆိုတာကိုသင်နား လည်တဲ့အခါမှာ သင့်အားဖြင့် ဘုရားပြုသမျှသော အရာတို့ကို သင်အံ့ဩရပါလိမ့်မည်။ အသက်တာမှာ အောင်မြင် မှု ရရှိဖို့ သင်၌ ဘာမှ မချို့တဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အောင်မြင်ခြင်းက သင်ကနေ ဖြစ်ပါတယ်။ တနည်း အားဖြင့် အသက်တာ အောင်မြင်မှုဖြစ်ခြင်းသည် သင်သည် သင်ဖြစ်သည်အတိုင်း ဘုရားဖန်ဆင်းထားတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ဖြစ်ပါတယ်။ သူတစ်ပါး သင့်အပေါ် မြင်သည်အတိုင်း သင့်ကိုယ်သင် မချိတ်ဆွဲပါနှင့်။ အဲဒီအစား ဘုရားသခင် တစ်ပါးတည်ကိုသာ အာရုံစိုက်ပါ။ ဘုရားသခင်သည် သင့်အား ထူးခြား ပြည့်စုံစွာ ပုံဖော်ထားပြီး သခင်ခရစ်တော်၌ သင်အောင်မြင်ဖို့ရန် လိုအပ်သော အရာအားလုံး ပေးထားပါတယ်။

 

ဆင်ခြင်ရန်

- သင်၏ အသက်တာတစ်လျှောက်တွင် အောင်မြင်မှုကို မည်သို့ အဓိပ္ပါယ်ဖွင့်မည်နည်း။

- အောင်မြင်မှုနှင့် ပတ်သက်ပြီး လောက၏ အယူအဆတွေကိုသင်လက်လွှတ်နိုင်စွမ်းရှိပြီး သမ္မာတရားက ပြောတဲ့ အောင်မြင်ခြင်းတွေကို လက်ခံယုံကြည်တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတာ သင်ထင်မြင်ပါသနည်း။

- အောင်မြင်ခြင်းအတွက် ဘုရားသခင်သင့်အား မည်သို့သောနည်းလမ်းဖြင့် ပြီးပြည့်စုံစေခဲ့ပါသနည်း။

---------------------------------------------------------------------------


Zawgyi Version

ေကာေလာသဲဩဝါဒစာ ၂:၉-၁၀ “အေၾကာင္းမူကား၊ ဘုရားသခင္၏ ဇာတိအျဖစ္ေတာ္၏ ျပည့္စုံျခင္းအေပါင္း သည္ ခရစ္ေတာ္၌ ကိုယ္ထင္ရွား၍ က်ိန္းဝပ္ေတာ္မူ၏။ ၁၀အထြဋ္အျမတ္ အာဏာစက္ရွိသမွ်ကို အုပ္စိုးေတာ မူေသာ ထိုသခင္၌ သင္တို႔သည္ စုံလင္ျခင္းရွိၾက၏”



မည္သည့္အရာက စစ္မွန္တဲ့ ေအာင္ျမင္မႈ ျဖစ္တယ္ဆိုတာကို လူေတာ္ေတာ္မ်ားမ်ား မေတြးေခၚတတ္ၾကပါဘူး။ တစ္ခ်ိဳ႕လူေတြကေတာ့ ၎ကို ေငြေၾကးမ်ားမ်ား ဖန္တီးႏိုင္ျခင္းလို႔ ဆိုလိုၾကပါတယ္။ ေငြေၾကးမ်ားစြာ သင္ရွာေဖြႏိုင္ေသာ္လည္း လုံးဝ က်ရႈံးျခင္းေတြလည္း ျဖစ္ေစပါတယ္။ တခ်ိဳ႕က်ေတာ့လည္း နာမည္ ေက်ာ္ေဇာမႈကို စစ္မွန္တဲ့ ေအာင္ျမင္ျခင္းလို႔ မွတ္ယူၾကပါတယ္။ သင္ေက်ာ္ေဇာ ႏိုင္ေသာ္လည္း အသက္တာ၏ အဓိကအခ်က္ကိုေတာ့ သင္လုံးဝ လက္လႊတ္သြားပါလိမ့္မည္။ ဒါဆိုရင္ တကယ္စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာ ဘာလဲ။


သင့္အား ဘုရားသခင္ ဖန္တီးထားသည္အတိုင္း ျဖစ္ေနျခင္းက စစ္မွန္တဲ့ ေအာင္ျမင္မႈ ျဖစ္တယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ ဆိုလိုသည္မွာ တျခားသူတစ္ဉီး ႏွင့္ တူေအာင္ (သို႔) မိဘေတြ ျဖစ္ေစခ်င္သည့္အတိုင္း ျဖစ္ေအာင္ ႀကိဳးစားေနရျခင္း မဟုတ္ပါ။ ဘုရားသခင္ သင့္အား ျဖစ္ေစလိုသည္အတိုင္း ဖန္ဆင္းထားတဲ့သူအျဖစ္ အသက္တာကို ရွင္သန္ေနထိုင္ျခင္းက တကယ့္ကို စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာကို သင္သာလွ်င္ ရွာေဖြေတြ႕ရွိပါလိမ့္မည္။


အသက္တာတြင္ တစ္စုံတစ္ေယာက္ႏွင့္ တူေအာင္ လိုက္ၿပီး ႀကိဳးစားေနမယ္ဆိုလွ်င္ သင္လုံးဝ က်ရႈံးဖို႔ဘဲ ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္မဟုတ္တဲ့ တျခားေသာသူတစ္ဉီး မျဖစ္ႏိုင္လို႔ပါ။ ဘုရားသခင္သင့္အား ျဖစ္ေစခ်င္ေသာ “သင္” သာလွ်င္ ျဖစ္ေစပါ။ သခင္ခရစ္ေတာ္၌ ရွိေသာ လူျဖစ္ေစပါ။


ေကာေလာသဲဩဝါဒစာ ၂:၉-၁၀ “အေၾကာင္းမူကား၊ ဘုရားသခင္၏ ဇာတိအျဖစ္ေတာ္၏ ျပည့္စုံျခင္းအေပါင္း သည္ ခရစ္ေတာ္၌ ကိုယ္ထင္ရွား၍ က်ိန္းဝပ္ေတာ္မူ၏။ ၁၀အထြဋ္အျမတ္ အာဏာစက္ရွိသမွ်ကို အုပ္စိုးေတာ မူေသာ ထိုသခင္၌ သင္တို႔သည္ စုံလင္ျခင္းရွိၾက၏”


လူသားအသြင္အားျဖင့္ ဘုရားသခင္သည္ ကမာၻေျမေပၚသို႔ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ကတည္းက လာခဲ့ပါတယ္။ ဒါေၾကာင့္သခင္ခရစ္ေတာ္အားျဖင့္ သင့္အား ၿပီးျပည့္စုံေစမည္။ ဆိုလိုသည္မွာ သခင္ခရစ္ေတာ္၏ အခြင့္အာဏာ ႏွင့္ တန္ခိုးေတာ္အားျဖင့္ သင္လိုအပ္ေသာ အရာတိုင္းကို ရရွိပါသည္။


ေဘးပတ္ဝန္းက်င္ကို သင္ၾကည့္လိုက္မယ္ဆိုရင္ သူတစ္ပါးကဲ့သို႔ေသာ တူညီတဲ့ ဆုေက်းဇူးေတြ ၊ စြမ္းရည္ (သို႔) အခြင့္အေရးေတြ သင္၌မရွိဘူးဆိုတာကို သင္သတိျပဳမိမွာျဖစ္တယ္။ တစ္စုံတစ္ေယာက္ကဲ့သို႔ ျဖစ္ျခင္းသည္ ေအာင္ျမင္မႈ ျဖစ္တယ္လို႔ သင္ယူဆပါလွ်င္ ဤအရာေတြက သင့္ကို စိတ္ပ်က္သြားေစပါတယ္။ 


ဘုရားျဖစ္ေစသာ သူျဖစ္သည္အတိုင္း ရွိေနျခင္းသည္ အသက္တာတြင္ ေအာင္ျမင္မႈ ျဖစ္တယ္ ဆိုတာကိုသင္နား လည္တဲ့အခါမွာ သင့္အားျဖင့္ ဘုရားျပဳသမွ်ေသာ အရာတို႔ကို သင္အံ့ဩရပါလိမ့္မည္။ အသက္တာမွာ ေအာင္ျမင္ မႈ ရရွိဖို႔ သင္၌ ဘာမွ မခ်ိဳ႕တဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေအာင္ျမင္ျခင္းက သင္ကေန ျဖစ္ပါတယ္။ တနည္း အားျဖင့္ အသက္တာ ေအာင္ျမင္မႈျဖစ္ျခင္းသည္ သင္သည္ သင္ျဖစ္သည္အတိုင္း ဘုရားဖန္ဆင္းထားတဲ့ ပုဂၢိဳလ္ျဖစ္လို႔ ျဖစ္ပါတယ္။ သူတစ္ပါး သင့္အေပၚ ျမင္သည္အတိုင္း သင့္ကိုယ္သင္ မခ်ိတ္ဆြဲပါႏွင့္။ အဲဒီအစား ဘုရားသခင္ တစ္ပါးတည္ကိုသာ အာ႐ုံစိုက္ပါ။ ဘုရားသခင္သည္ သင့္အား ထူးျခား ျပည့္စုံစြာ ပုံေဖာ္ထားၿပီး သခင္ခရစ္ေတာ္၌ သင္ေအာင္ျမင္ဖို႔ရန္ လိုအပ္ေသာ အရာအားလုံး ေပးထားပါတယ္။


ဆင္ျခင္ရန္

- သင္၏ အသက္တာတစ္ေလွ်ာက္တြင္ ေအာင္ျမင္မႈကို မည္သို႔ အဓိပၸါယ္ဖြင့္မည္နည္း။

- ေအာင္ျမင္မႈႏွင့္ ပတ္သက္ၿပီး ေလာက၏ အယူအဆေတြကိုသင္လက္လႊတ္ႏိုင္စြမ္းရွိၿပီး သမၼာတရားက ေျပာတဲ့ ေအာင္ျမင္ျခင္းေတြကို လက္ခံယုံၾကည္တဲ့အခါ ဘာေတြ ျဖစ္လာမလဲဆိုတာ သင္ထင္ျမင္ပါသနည္း။

- ေအာင္ျမင္ျခင္းအတြက္ ဘုရားသခင္သင့္အား မည္သို႔ေသာနည္းလမ္းျဖင့္ ၿပီးျပည့္စုံေစခဲ့ပါသနည္း။