We don't always understand what God is doing, but He has a perfect plan
 Unicode Version
က​မ္ဘာ​ဦး​ကျမ်း ၅၀:၂၀
သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။
ဘုရားသခင်၏ ကယ်မခြင်းအစီအစဉ်တွင် အရေးကြီးသောအခန်းကဏ္ဍ၌ ပုံဖော်ဖို့ရန် ရွေးချယ်ခဲ့သောလူတွေ၏ ဥပမာများစွာတို့ဖြင့် ကျွန်ုပ်တို့ကိုသမ္မာကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။ ယောသပ်သည်လည်း ထိုလူများထဲမှ တစ်ဉီး ဖြစ်ပါတယ် အဲဒီအချိန်က ဤအရာ​တွေကို သူတောင်မသိပါဘူး။ အဲဒီနောက်ပိုင်းမှာ သူ၏ဒုက္ခဆင်းရဲတွေကို အကျိုးအတွက် သူ၏မိသားစုတစ်ခုလုံးကို ငတ်မွတ်ခြင်း​ဘေးမှ ကယ်တင်ဖို့ရန် ဘုရား၏သဘောကို သူ့သုံးသပ် မိခဲ့ပါတယ်။
တချို့ဥပမာတွေကတော့ မောရှေ- ဘုရားရွေးကောက်သောသူ ၊ ဣသရေလ လူမျိုးတော်ကို ကျွန်ဘဝမှ ကင်းလွှတ်ဖို့ရန် အဲကုတ္တုပြည်မှ ကတိတော်ထားရာ ခါနန်ပြည်သို့ သဲကန္တာရဖြတ်သန်းပြီး ဉီးဆောင်မှု ပြုခဲ့သူဖြစ်ပါတယ်။
ယေရမိ - ဘုရားသခင်၏သနားခြင်းကရုဏာနှင့် စီရင်ခြင်းကိုအသိပေးကြေညာဖို့ရန် ပရောဖက်အဖြစ် ခေါ်တော်မူခြင်းခံရသူဖြစ်ပါတယ်။
တမန်တော်ရှင်ပေါလု - ဘုရားသခင်ရွေးကောက်သောသူ
"သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။-"
တ​မန်​တော်​ဝ​တ္ထု ၉:၁၅
အသက်တာမှာ ရင်ဆိုင်ရတဲ့အရာ ခက်ခဲသည့်တိုင် ကောင်းကျိုးတွေယူဆောင်လာစေရန် ၊တခြားသူတွေကို ကူညီမစဖို့ရန် တစ်ခါတစ်ရံ ဘုရားအသုံးပြုခြင်းတွေကို အထက်ပါကျမ်းပိုဒ်တွေက ဖော်ပြနေပါတယ် တချို့ခရစ်ယာန်တွေက နိုင်ငံတော်အတွက် လုပ်ဆောင်မှုပြုဖို့ရန် ရှင်းလင်းသော ခေါ်တော်မူခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ မောရှည်လိုပေါ့ သူသည်လည်း ၎င်းတွင်ပါဝင်ပြီး စွန့်လွှတ်အနစ်နာခံဖို့ သိခဲ့ပါတယ်။
ယောသပ်လိုမျိုးအသက်တာမှ ဖြစ်ပျက်နေမှုတွေကို မတွေးတတ်ခဲ့ပါဘူး။ဘုရားသခင်လုပ်ဆောင်နေသောအရာတို့ကို ဤဥပမာတွေအားဖြင့် သင့်အား အားပေးလှုံ့​ဆော်မှု ဖြစ်စေပါ။
ယခုတွင် သင်မမြင်ရသည့်တိုင် ဘုရားသခင်သည် သင်၏အသက်တာကို လမ်းပြနေပြီး အကြံအစည်တွေရှိပါတယ်။ ဤအရာကတခြားသူတွေအတွက် ဘုရား၏ကောင်းမြတ်ခြင်းတွေကို ထင်ရှားပံ့ပိုးစေသောအကျိုးတွေကို ယူဆောင်လာပါလိမ့်မည်။ သင့်အသက်တာအားဖြင့် (သို့) သင့်အနီးအနားကလူတွေအသက်တာအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို သင်မြင်ရပါသလား။
Joseph's brothers deceive their father to cover their sin
က​မ္ဘာ​ဦး​ကျမ်း ၃၇:၃၁-၃၂
"သူ​တို့​သည်​လည်း၊ ယော​သပ်​အင်္ကျီ​ကို​ယူ၍၊ ဆိတ်​သ​ငယ်​ကို​သတ်​ပြီး​မှ၊ အင်္ကျီ​ကို​အ​သွေး၌​နှစ်​လေ​၏။ ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊...."
ယောသပ်ကို သူ၏အစ်ကိုတို့ ရောင်းစားခဲ့ပြီးနောက်ပိုင်းမှာ အလွန်အဓိပ္ပါယ်ရှိတဲ့ လှည့်ကွက်အဖြစ် အဖေချစ်ရသောသားသည် တောရိုင်းတိရစ္ဆာန်တချို့၏ တစ်စစီစွဲဖြုတ်ခြင်းကိုခံခဲ့ရပြီးလို့ ဖထင်မြင်စေခဲ့ပါတယ်။ အဲဒီနောက် အဖေ၏ကြေကွဲမှုနှင့် ငိုကြွေးခြင်းတွေကို ကြိုးစားနှစ်သိမ့်ကြခြင်းဖြင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အရာကို သူတော်ကောင်းယောင်ဆောင်ပြီး အပြစ်တို့ကိုဖုံးအုပ်လိုက်ကြပါတယ်။
သူတို့၏လှည့်ဖြားမှုသည် ယောသပ်၏နှလုံးသားကို ကြေမွပျက်စီးစေခဲ့ပြီး  အမှန်တရားကို မရှာဖွေတွေ့ခင် ဝမ်းနည်းကြေကွဲစရာ နှစ်ပေါင်းများစွာသော ကာလကို ဖြတ်ကျော်ရပါလိမ့်မည်။  ဤလှည့်ဖြားမှုကလည်း ညီအစ်ကိုတို့ကို ဆက်လက်စိတ်ခြောက်ခြားစေပါတယ်။ သူတို့၏အသိစိတ်၊ လိပ်ပြာ​တွေမှာ နားခိုစရာမတွေ့နိုင်ပါ။ နှစ်ပေါင်း ၂၀ ကျော်အကြာတွင် အဲကုတ္တုပြည်သို့အစာဝယ်ဖို့နှင့် ပြဿနာရင်ဆိုင်ဖို့ရန် ညီအစ်ကိုတို့ ထွက်လာခဲ့ပါတယ်။ သူတို့သုံးသပ်ကြသည်မှာ "ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။ ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။"
က​မ္ဘာ​ဦး​ကျမ်း ၄၂:၂၁-၂၂
ကျနော်တို့၏အပြစ်တို့ကို မဝန်ခံပါလျှင် ခွင့်လွှတ်ခြင်းမရနိုင်ပါ။ ဤအရာတွေက စိတ်ကိုခြောက်ခြားစေပြီး မိမိအပြစ်တို့ကို ချစ်ရသောသူတွေဆီမှ ဝှက်ထားပါလျှင် အသက်တာသည်လည်း လုံးဝသည်းခံနိုင်ခြင်းမရှိတော့ပါ။
လှည့်​ဖြားမှုတွေနှင့် လွမ်းခြုံထားတဲ့သင်၏အပြစ်တခုခုကို ဝန်ခံဘူးပါသလား။ ဝန်ခံဖို့မစောင့်ဆိုင်းပါနှင့်။  ဘုရားသခင်ထံနှင့် လူတွေထံသို့ ခွင့်လွှတ်ခြင်းအတွက် တောင်းလျှောက်လိုက်ပါ။ 
-----------------------------------------------------------------------
Zawgyi Version
က​မ္ဘာ​ဦး​ကျမ်း ၅၀:၂၀
တ​မန်​တော်​ဝ​တ္ထု ၉:၁၅
က​မ္ဘာ​ဦး​ကျမ်း ၃၇:၃၁-၃၂
က​မ္ဘာ​ဦး​ကျမ်း ၄၂:၂၁-၂၂