Unicode Version
ဧဖက်ဩဝါဒစာ ၆:၁၂
"အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် ရကြ၏။"
ကျွန်တော်တို့၏ကျောင်း ၊ လုပ်ငန်းခွင်နဲ့ Online ကနေပင်လျှင် အနိုင်ကျင့်ဗိုလ်ကျမှုတွေက ထွက်ပေါ်ပါတယ်။
ရန်လိုသောအမူအကျင့်ကို ဖော်ပြခြင်း (သို့) တစ်စုံတစ်ယောက်ပေါ် သြဇာအသုံးပြုဖို့ကြိုးစားခြင်းသည် အနိုင်ကျင့်ဗိုလ်ကျခြင်းဖြစ်ပါတယ်။ ၎င်းတွင် ခြိမ်းခြောက်မှုပြုခြင်းတွေ ၊ ကောလာဟာလဖြန့်ခြင်းတွေ ၊ ခန္ဓာပိုင်းဆိုင်ရာ (သို့) အပြောဆိုင်ရာ တိုက်ခိုက်ခြင်း ၊ အနှောင့်အယှက်ပေးခြင်း (သို့) ရည်ရွယ်ချက်ရှိစွာဖြင့် တစ်ဦးဦးကိုအဖွဲ့ဝင်ကနေ မပါဝင်အောင် ပြုခြင်းတို့ပါဝင်ပါတယ်။
အနိုင်ကျင့်ခြင်းက လူပုဂ္ဂိုလ်ကို ဖြစ်ပျက်စေရုံမျှမကပါ။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် စာဆက်သွယ်ခြင်း၊ လူမှုကွန်ယက် ၊ ဂိမ်းနှင့် application တွေကနေ ပိုပြီး ဆက်သွယ်မှုတွေ ရှိကြပါတယ်။ အဲဒီနယ်ပယ်အားလုံးကနေ ဆက်သွယ်အနိုင်ကျင့်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အရင် မျိူးဆက်ကလေး အချိန်တုန်းကတော့ ကစားကွင်းတွေကို စွန့်ခွါခြင်းအားဖြင့် အနိုင်ကျင့်ဗိုလ်ကျခံရတာတွေကို လွှတ်မြောက်စေနိုင်ပါတယ်။ သို့ပေမဲ့ ယခုမှာ အနိုင်ကျင့်မှုတွေက သင်၏ဖုန်း (သို့) ကွန်ပြူတာကနေ ရောက်ရှိလာနိုင်ပါသည်။ တစ်ခါတစ်ရံ လွှတ်မြောက်မည့် လမ်းတောင်မမြင်နိုင်တော့ပါ။
ဤကဲ့သို့သောအမှုအကျင့်တွေကို သင် (သို့) သင်၏သားသမီးတွေကြုံရသည့်အခါ ဤအနိုင်ကျင့်မှု၏နောက်ကွယ်က ဇစ်မြစ်ကိုအမှတ်ရဖို့ရန်အရေးကြီးပါတယ်။
ဧဖက်ဩဝါဒစာ ၆:၁၂
"အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် ရကြ၏။"
အနိုင်ကျင့်ဗိုလ်ကျမှုတွေက သင်၏တကယ့်ပြဿနာမဟုတ်ပါဘူး။ တကယ့်ပြဿနာအစစ်က ဝိညာဉ်ရေးရာအကြမ်းဖက်မှုဖြစ်ပါတယ်။ ၎င်းကိုမကောင်းဆိုးဝါးလို့ ခေါ်ပါတယ်။ နိုင်ထက်စီးနှင်းပြုမှု စာတန်က အသုံးပြုနေတာပါ။ သင်က လူသားကို ယှဉ်ပြိုင်တိုက်ခိုက် ရတာမဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ ဝိညာဉ်အကြမ်းဖက်မှုကို သင်ယှဉ်ပြိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မကောင်းမှုများနဲ့ မုန်းတီးခြင်းတွေကစာတန်ဆီမှ လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျောင်း (သို့)လုပ်ငန်းခွင် အနိုင်ထက်ဗိုလ်ကျမှုတွေ၊ အနှောင့်အယှက်အတားအဆီးတွေကို ကိုင်တွယ်တဲ့အခါမှာ ဆုတောင်းခြင်းကအရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ရခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်လူသားနဲ့တိုက်ခိုက် နေရခြင်း မဟုတ်ပါ။ အဲဒီအရာအားလုံးနောက်ကွယ်က ဝိညာဉ်ဆိုင်ရာအကြမ်းဖက်မှု ရှိနေပါတယ်။
ထိုအနိုင်ထက်ဗိုလ်ကျမှုတွေကို ရပ်တန့်သွားအောင်ပြုဖို့ သင်၌တန်ခိုးမရှိပါ။ သို့ပေမယ့် ဘုရားသခင်မှာရှိပါတယ်။ ဆုတောင်းခြင်းဖြင့် အမြဲစတင်ပါ။ ၎င်းသည် သင်၏လုပ်ငန်းနဲ့ သင့်ဝန်းကျင်ရှိ ဝိညာဉ်ဆိုင်ရာအကြမ်းဖက်မှုကို တွန်းလှန်တိုက်ခိုက်ဖို့ရန် ဘုရား၏တန်ခိုးတော်ရရှိမည့် အရာဖြစ်ပါတယ်။
ဆင်ခြင်ရန်
- နိုင်ထက်ဗိုကျမှုကို တုံ့ပြန်ဖို့ရန် သင်၏မိတ်ဆွေအားမည်သို့ပြောမည်နည်း။ သင်၏ သားသမီးကိုလည်းမည့်သို့ပြောပြမည်နည်း။
- နိုင်ထက်ဗိုလ်ကျမှုနောက်ကွယ်ရှိ ဝိညာဉ်ရေးရာအကြမ်းဖက်မှုကို သင်မြင်တဲ့အခါမည်သည့်နည်းလမ်းက သင်၏ရှုထောင့်အမြင်ကို ပြောင်းလဲစေပါသနည်း
- ဆုတောင်းခြင်းကကျွန်တော်တို့ကို ဘုရားတန်ခိုးတော်နဲ့မည့်သို့ချိတ်ဆက်ပေးပါသနည်း။
--------------------------------------------------------------------------------------------------
Zawgyi Version
ဧဖက္ဩဝါဒစာ ၆:၁၂
ဧဖက်ဩဝါဒစာ ၆:၁၂
ဆင်ခြင်ရန်