Telling the truth doesn't make you
 Unicode Version
က​မ္ဘာ​ဦး​ကျမ်း ၃၇:၂
"ယာ​ကုပ်​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ ယော​သပ်​သည် အ​သက်​တစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၍၊ အစ်​ကို​တို့​နှင့်​အ​တူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​နှင့် ဇိ​လ​ပ၏​သား​တို့​နှင့်​အ​တူ​နေ၍၊ သူ​တို့​အ​ပြစ်​ကို အ​ဘ​အား ကြား​ပြော​တတ်​၏။"
ယောသပ်အကြောင်းနှင့်ပတ်သက်ပြီး ဖတ်ရတဲ့အကြောင်းတစ်ရပ်ကား အစ်ကိုရဲ့မကောင်းကြောင်းတွေကို ဖခင်ထံ တင်ပြရခြင်းဖြစ်ပါတယ်။ ၎င်းအရာက ကျွန်ုပ်တို့အတွက်တော့ အကူအညီဖြစ်ပုံ မပေါ်ပါ။ ကျွန်ုပ်တို့အကြောင်းကို နောက်ကွယ်မှာ တစ်စုံတစ်ယောက်ပြောဆိုတဲ့အခါ အများအားဖြင့်မကြိုက်ကြပါဘူး။ ညီအစ်ကိုတွေနဲ့ စိတ်အိုက်စေတဲ့ဆက်ဆံရေးဖြစ်စေပြီး ယောသပ်အတွက်လည်းအတင်းပြောခြင်းက ကောင်းသောလုပ်ဆောင်စရာအဖြစ် ​မမြင်စေပါဘူး။
သို့ပေမဲ့ ဤအရာတွင် အကြောင်းများစွာ ရှိပါတယ်။ ယာကုပ်ရဲ့သားတွေက အလွန်တရာဆိုးလွန်းခဲ့ပါတယ်။ ရှေ့ကကျမ်းပိုဒ်တွေမှာတော့ အပေးအယူတွေ ၊ လူသတ်မှုတွေ၊ ရုပ်ထုကိုးကွယ်ခြင်းအကြောင်းတွေကို ဖော်ပြထားပါတယ်။ ဤအရာတွေက ဘုရားသခင်၏အမြင်မှာမကောင်းမှုဒုစရိုက်ဖြစ်ပြီး ၎င်းသည် ယာကုပ်အတွက် အခြေချနေထိုင်ရာအရပ်မှာ အနံ့ဆိုးတစ်ခုဖြစ်စေပါတယ်။ ဤအရာက အစ်ကိုတွေ့ရဲ့ အသက်ရှင်​ခြင်းနည်းလမ်း ဖြစ်တယ်ဆိုရင် ယောသပ်အတွက်တော့ အဖေကိုပြောပြခြင်းက မှန်ကန်ခဲ့ပါတယ်။
ယောသပ်၏ ပြောဆိုသောအမှန်တရားတွေက အစ်ကိုတွေ၏ မုန်းတီးခြင်းကို ပိုမိုနက်ရှိုင်းစေတာ သေချာနေပါတယ် ။ သို့ပေမယ့် မကောင်းမှုကိုတော့ရပ်တန့်သင့်ပါတယ်။
ပုဂ္ဂိုလ်ရေးရာ ရင်ဆိုင်ရမှုတွေကို သခင်ယေရှု သိခဲ့ပါတယ်။ ရှင်ယောဟန်ခရစ်ဝင် ၇း၇ " လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။"
အမှန်တရားပြောဆိုခြင်းကိုတော့ ဆက်လက်ထားရှိခဲ့ပါတယ်။
သူ၏ဂုဏ်သတင်းကိုထိန်းသိမ်းခြင်း (သို့) စာတန်မကောင်းမှုကို တိုက်ခိုက်ခြင်းတွင် မည်သည့်အရာကသင့်အတွက်ပိုပြီး အရေးကြီးပါသနည်း။
Dream from God are meaningful
က​မ္ဘာ​ဦး​ကျမ်း ၃၇:၅
"ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။"
လူတွေကို များစွာသော နည်းလမ်းတွေဖြင့် ဘုရားသခင်စကား ပြောဆိုနိုင်ပါတယ်။ ဘုရားသခင်သည် လူတွေအား ကြားနိုင်သောအသံအားဖြင့် သော်လည်းကောင်း၊ သဘာဝလွန်အမြင်တွေ ၊ကွယ်နေသောအလင်း (သို့) မိုးချုန်းသံစသဖြင့် စကားပြောနေခြင်းအကြောင်းတို့ကို သမ္မာကျမ်းစာကဖေါ်ပြပါတယ်။
ယနေ့တွင်လည်း  ယောသပ်၏နိမိတ်အိပ်မက်အကြောင်းကို ဖတ်ရှုရပါတယ်။ သူ၏အစ်ကိုတို့ သူ့ကိုဦးညွတ်ကြောင်းအိပ်မက်ကို နှစ်ကြိမ်တိုင်မက်ခဲ့ပါတယ်။ ကောက်လှိုင်းတို့ သူ့ကိုဝိုင်း၍ရပ်လျက်ရှစ်ခိုးကြခြင်းနှင့် နေ၊လ နှင့် တစ်ကွ ကြယ်ဆယ့်တစ်လုံးတို့ သူကို ရှိခိုးကြသည် အကြောင်းဖြစ်သည်။
ယောသပ်ကိုယ်တိုင် သူ၏အိပ်မက်တို့ကို စိတ်ပါလက်ပါဝေမျှခဲ့ပါတယ်။ သို့ပေမယ့် သူ၏ညီအစ်ကိုတွေက သူ၏အိပ်မက်တွေနှင့် စကားလုံးတို့ထက် သူ့ကိုပိုမုန်းနေခဲ့ပါတယ် ။ အဖေ့ယာကုပ်ကိုယ်တိုင် ဒီအိပ်မက်ကိုမနှစ်သက်ခဲ့ပါဘူး။ အိမ်မက်တွေကသာမန်မဟုတ်ဘူးဆိုတာသိနေပေမယ့်လည်း ပြောသမျှတို့ကိုစိတ်ထဲမှာမှတ်သားထားခဲ့ပါတယ်။
ဆယ်စုနှစ်တစ်ခုအကြာမှာပင် ထိုအိပ်မက်တွေက ပါဝင်တဲ့သူတွေတောင် ကြိုတင်မသိနိုင်တဲ့နည်းလမ်းတွေဖြင့် မှန်ကန်လာခဲ့ပါတယ်။
"ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။"
က​မ္ဘာ​ဦး​ကျမ်း ၄၂:၆
ယနေ့တွင် အိပ်မက်တွေအားဖြင့် ဘုရားသခင်စကားပြောနိုင်ပါတယ်။ ဒါ့အပြင် နှုတ်ကပတ်​တော် သမ္မာတရားအားဖြင့်လည်း ကျွနုပ်တို့ကိုစကားပြောနေပါတယ်။
ယာကုပ်လုပ်ဆောင်ခဲ့သလိုမျိုး ဘုရားသခင်၏စကားတော်တို့ကို စိတ်နှလုံးထဲသိုမှီပြီး အလေးပေးအာရုံစိုက်ပါသလား။ 
---------------------------------------------------------------------------------------------------------------
Zawgyi Version
က​မ္ဘာ​ဦး​ကျမ်း ၃၇:၂
က​မ္ဘာ​ဦး​ကျမ်း ၃၇:၅
က​မ္ဘာ​ဦး​ကျမ်း ၄၂:၆