Unicode Version
ကမ္ဘာဦးကျမ်း ၃၉:၂-၃
"ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌နေရလေ၏။ သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။"
ယောသပ်သည် သူ၏အခက်အခဲ အခြေအနေတွေမှာ တစ်ဦးတည်းဖြစ်မနေပါ။ ဘုရားသခင်သည် သူနဲ့အတူရှိပြီး သူ့ကိုကောင်းကြီးပေးခဲ့ပါတယ်။ ဤအရာက ယောသပ်တဦးတည်းပေါ်မှာ မဟုတ်ပါဘူး။ သူ့ အနီးအနားဝန်းကျင်က လူတွေကိုလည်း တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုး ဖြစ်စေခဲ့ပါတယ်။ သူ လုပ်ဆောင်ခဲ့သမျှအားလုံးတို့သည် အောင်မြင်ဖြစ်ထွန်းခဲ့ပါသည်။
ဆာလံကျမ်း ၁:၁-၃ "မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။"
ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းအရာကလွဲလို့ ကျန်သောအရာအားလုံးကို ယောသပ်ဆုံးရှုံးခဲ့ပါတယ်။ ဘုရားသခင်နဲ့အတူရှိခြင်းသည်လည်း သူအသက်သာ တခုလုံးကိုပုံဖော်စေခဲ့ပါတယ်။ သူ့အနားရှိလူတွေသည်လည်း သူနှင့်ပတ်သက်ပြီးတစ်ခုခုထူးခြားမှုရှိတယ်ဆိုတာကို သတိမူမိကြပါတယ်။သူ၏လုပ်ဆောင်သမျှအားလုံး အောင်မြင်တယ်လို့မြင်ကြပါတယ်။ လူတွေကသူတို့ကိုယ်တိုင်ဘုရားသခင်ကို မကြောက်မရွံ့သော်လည်း ယောသပ်အားဖြင့် ဘုရားလုပ်ဆောင်သောအမှုကို တစ်နည်းအားဖြင့် နားလည်ခဲ့ကြပါတယ်။
သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်နဲ့အနီးကပ်နေထိုင်ကြတဲ့လူတွေသည် အထူးကျေးဇူးတော်ခံစားရသည်ကို ကြိမ်ဖန်များစွာဖတ်ရပါတယ်။ ထူးခြားသောကောင်းကြီးအရာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ အမြဲတမ်းပစ္စည်းဥစ္စာကောင်းချီးတွေမဟုတ်ပါဘူး။ ရှင်ပေါလုလိုမျိုး ငွေကြေးအရာမှာအလွန်ဆင်းရဲသော်လည် ဘုရားသခင်၏ ကောင်းမြတ်ခြင်း ကျေးဇူးတွေ၌ အလွန်ကြွယ်ဝစွာဖြင့်ဝမ်းမြောက်နေခဲ့ရပါတယ်။
ဘုရားသခင်နဲ့အတူအနီးကပ်ပင်ရှိနေပါလျှင် သင်၏စရိုက်လက္ခဏာ ၊ အမြင် ၊ ပြောဆိုသော စကားနှင့် လုပ်ဆောင်ချက်တို့ကို အကျိုးသက်ရောက်ပါလိမ့်မည်။ သခင်ယေရှု ပြောထားသည်မှာ
ရှင်မဿဲခရစ်ဝင် ၅:၁၄-၁၆
"သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။- ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။"
ဘုရားသခင်သင်နှင့် ရှိခြင်း ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သစ်၌တည်ခြင်းကို သင့်ဝန်းကျင်ကလူတွေမြင်ပါသလား။ ဤအရာကို သင်အသက်တာမှာ မည်ကဲ့သို့ ပေါ်လွင်လာနိုင်မည်နည်း။
Joseph doesn't give into temptation
ကမ္ဘာဦးကျမ်း ၃၉:၇-၉
"ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။"
ယောသပ်သည် သူ၏လုပ်ဆောင်မှု၌သာ အောင်မြင်ရုံမဟုတ်၊ ယဉ်ကျေးပြီး အသွေးအဆင်း လှသောလူငယ် ဖြစ်တယ်လို့ ကမ္ဘာဦးကျမ်း ၃၉ မှာကျွန်တော်တို့ကိုဖော်ပြပါတယ်။ ဤအခြင်းအရာက သခင်၏မယားအတွက် တပ်မက်သောစိတ်ဖြင့် သူနဲ့အတူအိပ်ဖို့ရာ တောင်းဆိုခံရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဤအရာက အထီးကျန်နေသောလူတစ်ယောက်အတွက် စိုးရိမ်ဖွယ်စုံစမ်းခြင်းမျိုးဖြစ်ခဲ့ပေမယ့် ယောသပ်ဤအရာကို မဖြစ်စေခဲ့ပါ။
ထိုအမျိုးသမီးနှင့်အိပ်စက်ခြင်းကာ သူအားအပြည့်အဝ ယုံကြည်သော သခင့်ပေါ်သို့ ယုတ်မာစေခြင်းမျိုး ၊ ဘုရားကိုဆန့်ကျင်သောအပြစ်မျိုး သက်ရောက်သည့်အတွက် ယောသပ်အပြည့်အဝ သတိထားခဲ့ရပါတယ်။
ဤအရာက ယောသပ် အတွက်အလွန်အရေးကြီးခဲ့ခြင်းက အရာအားလုံးတို့ထက် ဘုရားသခင်ကို သူ့ချစ်ပြီးကြောက်လို့ဖြစ်ပါတယ်။
စုံစမ်းခြင်းကို ခိုင်မာစွာဆင်ခြင်လိုပါလျှင် ရေရှည် ပန်းတိုင်ကို စိတ်နှလုံးထဲတွင်သိုမှီးထားဖို့လိုအပ်ပါတယ်။ အကျိုး (သို့) ယာယီပျော်ရွှင်မှု ဖိအားတွေထက် ကြီးမြတ်သော်အရာတွေဖြင့်သာ မိမိကိုယ်မိမိသတိပေးဖို့လိုအပ်ပါတယ်။ ဘုရားသခင်ကိုကျွန်တော်တို့ တစ်ကယ်ချစ်တယ်ဆိုရင် ကျွန်တော်တို့အသက်တာကိုသန့်စင်ဖို့၊ ပညတ်တော်တို့ကိုနာခံခြင်းဖြင့် သူထံအပ်နှံဖို့ ဖြစ်လာပါလိမ့်မည်။ ဤအရာတွေက ယောသပ် ကို အပြစ်ပြုခြင်းမှ ကာကွယ်ပေးခဲ့ပါတယ်။
စုံစမ်းခြင်းနှင့် နာကျင်ခံစားရခြင်းအလယ်မှာ တစိုက်မတ်မတ်ရှိဖို့ဆိုရင် ဤကြီးမြတ်တဲ့ရှုထောင့်အမြင်မျိုးကျွန်ုပ်တို့၌ မရှိမဖြစ် လိုအပ်ပါတယ်။
ကောရိန္သုဩဝါဒစာဒုတိယစောင် ၄:၁၇-၁၈
"အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။"
" ထာဝရတည်မြဲသောအရာများ" ပေါ် သင်၏အမြင်တည်နေပါသလား။ ဤအရာတွေက သင်ခိုင်မာစွာရပ်တည်ဖို့ရန် အကူအညီ ဖြစ်စေပါသလား။
--------------------------------------------------------------------------------
Zawgyi Version
ကမ္ဘာဦးကျမ်း ၃၉:၂-၃
ရှင်မဿဲခရစ်ဝင် ၅:၁၄-၁၆
ကမ္ဘာဦးကျမ်း ၃၉:၇-၉
ကောရိန်သုဩဝါဒစာဒုတိယစောင် ၄:၁၇-၁၈