Unicode Version
--------------------------------------------------------------------------------------------------------
Zawgyi Version
ရှင်ပေတရုသြဒါပထမစောင် ၃း၈ "အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။"
စကားစမြည် ပြောဆိုကြသည်တွင် လူပြောသော အရာတို့သည် ခံစားနေရသော အရာကဲ့သို့ အရေးမပါကြပါ။ အကြိမ်တော်တော်များများတွင် လူတစ်ဦးပြောဆိုသည်က တစ်မျိုးဖြစ်ပြီး သူခံစားနေရသောအရာက နောက်တစ်မျိုးဖြစ်ပါတယ်။
သင်က ကောင်းစွာနားထောင်တတ်သောသူ ဖြစ်ချင်ပါလျှင် ရှေးလူကြီးတို့စကားကို သင်ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ မည်သို့ပင်အနှောက်အယှက်စကား ၊ ထိုးနှက်မှုစကား ဖြစ်ပါစေ သူတို့ပြောခဲ့တာတွေကို ပြန်ကြည့်ဖို့လိုအပ်ပါတယ်။ နာကျင်စေမည့် သူသည် လူတွေကို နာကျင်စေပါတယ်။ စကားလုံးတွေက သက်ရောက်မှု ရှိကြပါတယ်။ လူတွေကို ထိုးနှက်ကြတယ်(သို့) ပုတ်ခတ်ကြတာတွေက သူတို့မကြာခဏဆိုသလို မလုံခြုံကြလို့၊ ကြောက်နေကြလို့ ၊ စိတ်ပျက်စရာကြုံနေရလို့ ဖြစ်ပါတယ်။
သင်ဘာကို သိပါသလဲ။ လူတွေအဲဒီလိုခံစားနေရတာကို သင်အသိမှတ်ပြုပြီးတာနဲ့ သူတို့တကယ်ပြောဖို့ ကြိုးစားနေတာကို နားထောင်အာရုံစိုက်ဖို့ လွယ်ကူသွားပါမယ်။
လူတွေက မလိုမုန်းထားမှုကြောင့် ၊ရည်ရွယ်ချက်ကြောင့် ပိုပြီးရန်ငြိုးထားနေတယ်လို့ သင်ထင်မြင်တဲ့အခါမှာ သင်စာနာ နားလည်ဖို့ ခက်ခဲသွားစေပါမည်။
စကားလုံးတွေက သင့်အားအမြဲတမ်း ဖော်ပြမှုတစ်ခုမပေးပါဘူး။ တစ်ခါတစ်ရံ ပွင့်လင်းသော အတွေးအာရုံ တွေကို ရှာဖွေသင့်ပါတယ်။ လူတယောက်ရဲ့ အတွေ့အကြုံတွေကို သင်ကြည့်ဖို့လိုအပ်ပါတယ်။ ဤအရာက သူ့ကို ဘာကြောင့်အကြီးကျယ်စိတ်ထိခိုက်စေသလဲလို့ သင်မေးရပါမည်။ နာကျင်မှုတွေကို သင်နားထောင်ပြီး တစ်ခါတစ်ရံမှာ နာကျင်မှုတွေက သင်ဘာမှလုပ်စရာမလိုကြောင်း နားလည်ရပါမည်။
တချို့နာကျင်မှုတွေက တစ်စုံတစ်ယောက် အတွက် နက်ရှိုင်းလွန်းလို့ တုံ့ပြန်မှုတိုင်းကို မကြည်မလင်ဖြစ်စေပါတယ် ။ စကားလုံးတွေက နာကျင်မှုအတွက် မျက်နှာဖုံးတစ်ခု ဖြစ်နိုင်ပါတယ်။
ချစ်ခြင်းမေတ္တာဖြင့် နားထောင်ခြင်းဆိုသည်မှာ လူတို့၏ခံစားချက်တွေကို ပြန်လည်ကြည့်ရှုခြင်းဖြစ်ပါတယ်။
ရှင်ပေတရုသြဒါပထမစောင် ၃း၈ "အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။"
သင်စိတ်နှိမ့်ချသောအခါ စိတ်ကူးအသစ်တွေ ပွင့်လာပါမည်။ စာနာစိတ်နှင့် ချစ်ခြင်းမေတ္တာရှိပါလျှင် ကင်ပြန်မတုန့်ပြန်တော့ပါ။ လူတွေသင့်ကိုစိတ်ဆိုးပါလျှင် သူတို့၏ဒေါသကိုကြည့်ပြီး " သူတို့ဘာကိုကြောက်နေသလဲ၊ ဘာတွေ စိုးရိမ်နေတာလဲ ၊ ဘာကသူတို့ကို ထိခိုက်စေသလဲဆိုတာကို ကြည့်ပြီး မေးပို့သင်သိလောက်ပြီဖြစ်ပါတယ်။
လူတွေရဲ့အာရုံကြောပေါ် ဖိစီးနေတဲ့အရာ အတိအကျကို အမြဲတမ်းသင်မသိနိုင်ပါဘူး။ သူ တို့၏ခံစားချက်တွေနဲ့ ဘာတွေဖြစ်နေသလဲဆိုတာကို သင်သိနိုင်စွမ်းမရှိပါဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာ သူတို့ကို သံသယ၏အကျိုးပေးရုံပါပဲ။ နောက်ဆုံးစကားကိုရဖို့အတွက် နှိမ့်ချမှုနဲ့ကြင်နာမှုကို ရွေးချယ်ဖို့လိုပါတယ်။ သင်လူတွေကိုကျေးဇူးသိတတ်ရပါမည်။
ကြမ်းတမ်းသောစကားများနှင့် ကြုံရသည့်တိုင် နားထောင်ပေးတတ်သူတစ်ဦးသည် အမြဲတမ်း ချစ် ခြင်းမေတ္တာကို ရွေးချယ်ပါတယ်။
ဆင်ခြင်ရန်
- စာနာခြင်းနှင့် မျှဝေခံစားခြင်းကြားက ခြားနားချက် က မည်သို့နည်း။
- တစ်စုံတစ်ဦး၏ခံစားချက်များကို ကြည့်ပြီး သင့်သက်တာကို နားထောင်သူတစ်ဦး၏ လက္ခဏာများကို မည်ကဲ့သို့မွေးမြူနိုင်မည်နည်း။
- တစ်စုံတစ်ဦးအား သံသယ၏အကျိုးကိုပေးရန် ဆိုတာ ဘာကိုဆိုလိုပါသနည်း။