Unicode Version
ရှင်ယာကုပ်ဩဝါဒစာ ၁:၁၄ “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင် ခြင်းသို့ ရောက်တတ်၏။”
ကျွန်တော်၏ အဖေအတွက်တော့ ငါးမျှားစရာမရှိသည့်နေ့က အလဟာသနေ့ဖြစ်သွားပါတယ်။ ဘာတွေဘဲဖြစ် နေပါစေ တစ်ရက်မှာ အနည်းဆုံး မိနစ် ၃၀ လောက်ကိုတော့ ငါးမျှားဖို့ သူစီစဉ်ပါတယ်။ ကျွန်ုပ်ဘာငါးမှ မဖမ်းမိ ချိန်တွေမှာ အဖေငါးဖမ်းနေတာကို ကြည့်နေခဲ့ပြီး ဘယ်ငါးကမှ ငါးမျှားချိတ်ကို မြန်မြန်ဆန်ဆန် လာမဟပ်ပါဘူးလို့ ကျွန်တော် တကယ့်ကို လေ့လာခဲ့ရပါတယ်။ ရေထဲကို ငါးမျှားချိတ်ပစ်ရုံလေးနဲ့ ငါးဖမ်းမိဖို့ မျှော်လင့်လို့မရပါဘူး။ ငါးစာကို ငါးမျှားချိန်မှာ ထားရမယ်ဆိုတာကို ငါးမျှားတတ်တဲ့သူက သိပါတယ်။ ငါးအမျိုးအစားပေါ်မူတည်ပြီး ငါးစာလည်း မတူဘူးဆိုတာကိုလည်း သိကြပါတယ်။
ငါးစာကို ငါးအမျိုးအစားအလိုက် တံငါသည်တို့ သိရှိသလိုပင် စာတန်သည်လည်း သင့်အား မည်သို့ မျှားရမည်ကို သိပါတယ်။ သင့်အား ဆွဲဆောင်လို့ရတဲ့ သင့်ရဲ့အကြိုက်ကို စာတန်သိပါတယ်။ သင့်ရဲ့ အားနည်းချက် အတိအကျကို သိပါတယ်။
ဒါကြောင့် သင်တွေးတောနေတာတွေနဲ့ ပတ်သက်ပြီး စဉ်းစားဆင်ခြင်ဖို့ လိုပါတယ်။ ငါးမျှားချိတ်က အပြစ်ဖြစ်ပေမဲ့ ငါးစာကတော့ စာတန်သင့်ကို ဘယ်လို လှည့်ဖြားပါစေ သင်၌ အားနည်းချက်တွေပေါ် သင်ယုံကြည်ဖို့ရန် သူအလိုရှိနေပါတယ်။ သင်ဤအရာကို လုပ်ဆောင်လျှင် နေသာထိုင်သာ ရှိသွားမယ်။ ဒီလိုလုပ်ရင် အကျိုးရှိလိမ့်မယ်။ အရာအားလုံး အဆင်ပြေသွားမယ်လို့ လှည့်ဖြားချင်ပါတယ်။
ငါးစာအောက်က ချိတ်ရှိနေသည်ကို သင်သိနေသည့်တိုင် သင်ဆက်ပြီး မျိုထားကောင်းမျိုထားပါမည်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ စာတန်က သင့်ကို လှည့်ဖြားသမျှသော အရာတို့သည် သင့်ကို ပြည့်ဝစေပါတယ်။ ချိတ်ကို မပယ်ပဲ ငါးစာကို ဆက်ပြီး မျိုထားနိုင်တယ်လို့ သင်ထင်ပါလျှင် သင့်ကိုယ်သင် ရူးမိုက်စေတာ ဖြစ်ပါတယ်။ နာကျင်ရမှာ မဟုတ်ဘူးဆိုတဲ့ စိတ်ကူးရဲ့ မုသာက စာတန်၏ လှည့်ဖြားမှု နောက်ထပ်တစ်ခု ဖြစ်ပါတယ်။
ယေဘုယျ အားဖြင့် လိမ်လှည်မှု တစ်ခုက သွေးဆောင်မှုခံရတိုင်း သင်၏ ပြင်ပရှိအရာတစ်ခုခုက သင့်ကို သွေးဆောင်တယ်လို့ ပြောပါတယ်။ သို့ပေမဲ့ တကယ့်ပြသနာက အပြင်ဘက်က မဟုတ်ပါ။
ရှင်ယာကုပ်ဩဝါဒစာ ၁:၁၄ “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင် ခြင်းသို့ ရောက်တတ်၏။”
ကျွန်ုပ်တို့အားနည်းတဲ့ အရာပေါ် စာတန်က ငါးစာအဖြစ် အသုံပြုပြီး ကျွန်ုပ်တို့ရဲ့ အတွင်းကဆန္ဒကနေ စတင်ပြီး စုံစမ်းပါတယ်။
၎င်းလိုအင်ဆန္ဒက အပြစ်ဖြစ်စေမည့် အပြုအမူကို ဉီးဆောင်သွားစေပြီး သေခြင်းကို ဉီးတည်စေပါတယ်။ သင်၏ အတွေးတွေက ခံစားချက်ကို ဖြစ်ပေါ်စေပြီး သင်၏ ခံယူချက်တွေက သင်၏ လုပ်ဆောင်မှုကို ဖြစ်ပေါ်စေပါတယ်။
သင်၏ အခြေအနေပေါ် အပြစ်တင်ခြင်း ၊ အပြစ်မြင်ခြင်း အကျင့်ကို မဖြစ်ပါစေနှင့်။ သင်စုံစမ်းနှောင့်ယှက်ခြင်း ခံရတဲ့အခါမှာ သင့်ကိုယ်သင် မကယ်နိုင်တော့ဘူးလို့ ထင်ကောင်းထင်မည်။ သင် ကယ်နိုင်ပါတယ်။ သင်၏ တွေးခေါ်မှု နည်းလမ်းကို ပြောင်းလဲသွားတာကနေ စတင်ပါတယ်။
စုံစမ်းခြင်းခံရလျှင် ရပ်ပြီး မေးခွန်းမေးလိုက်ပါ။ “အလိမ်ခံရတဲ့အရာပေါ် ကျွန်ုပ် ယုံကြည်နေသလား”။
ပြီးနောက် ဘုရားသခင်၏ သမ္မာတရားဖြင့် ၎င်းကို အစားထိုးလိုက်ပါ။ ၎င်းက သင့်အသက်တာကို အမြဲတမ်း ဉီးဆောင်ပါလိမ့်မည်။
ဆင်ခြင်ရန်
- သင်၏ အားနည်းချက်ကို စာတန်သိပြီး လိမ်လှည်နေသော မုသာက ဘာဖြစ်မည်နည်း။
- စုံစမ်းခြင်းကိုသင်ခံရတဲ့အခါ သင့်ကိုယ်သင် ထိန်းချုပ်နိုင်တယ်လို့ ထင်သောအချိန်ကို ဖော်ပြပါ။ ရလဒ်က မည်သို့နည်း။
- စုံစမ်းခံရတဲ့အခါ သင့်ကိုယ်သင် ဘုရား၏ နှုတ်ကပတ်တော်ဖြင့် မည်ကဲ့သို့ သတိပေးနိုင်မည်နည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်