Joseph's brothers try to oppose God's plans
 Unicode Version
က​မ္ဘာ​ဦး​ကျမ်း ၃၇:၁၉-၂၀
"ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။ ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။"
ယောသပ်ရဲ့အိပ်မက်တွေက သူရဲ့အစ်ကိုတွေကို အလွန်ဒေါသထွက်စေခဲ့ပါတယ်။ အစ်ကိုတွေက သူ့ကို သတ်ချင်ခဲ့တာက အဖေ့ရဲ့အချစ်ဆုံးသားအဖြစ် ရပ်တန့်စေရုံမျှမက ယောသပ်ပြောနေသောအိပ်မက်တွေအကြောင်းနှင့် မိသားစုတွေဆီက ယောသပ်သာလွန်ကြောင်း ခံစားရစေမှုတွေကိုပါ ရပ်တန့်စေလိုခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ယောသပ်ရဲ့ထူးဆန်းတဲ့အိမ်မက်တွေကို လုံးဝမဖြစ်လာစေဖို့ရန် လုပ်ဆောင်ဖို့ အလိုရှိခဲ့ကြပါတယ်။ သူတို့တကယ် ယုံကြည်ခဲ့ကြတာမဟုတ်ပေမယ့် သေချာဖို့အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။
ဤအဖြစ်နဲ့ ဆင်တူတဲ့ဇာတ်လမ်းမျိုးကို ဓမ္မရာဇဝင်ကျမ်းတွေမှာ မှတ်တမ်းပြုထားပါတယ်။ ဘုရင်ရှောလုမင်းက လူငယ်ဒါဝိဒ်ကို အလွန်မနာလိုဖြစ်ခဲ့တဲ့အရာက အသေသတ်ဖို့ကို သူကြိုးစားခဲ့ပါတယ်။ ရှောလုမင်းကား ခြိမ်းခြောက်ခံရသည်ဟု ခံစားရပါတယ်။ ဘုရားသခင်သူနှင့် ဝေးကွာခဲ့ပြီ၊ ဘုရင်နေရာမှာ ဒါဝိဒ်ဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။ ဒီလိုအရာတွေ မဖြစ်လာသင့်ဘူး။ ဒါဝိဒ် ဘာအမှားမှမလုပ်ဘူးဆိုတာကို ရှောလုမင်းသိနေပေမယ့်လည်း ဒါဝိဒ်ကိုသတ်ဖို့ အကွက်ဆင်ခဲ့ပါတယ်။
လူတွေရဲ့မနာလိုခြင်းနဲ့ မုန်းတီးခြင်းတွေသည် ဆိုးဝါးတဲ့အရာကိုလုပ်ဆောင်ဖို့ ဖြစ်စေတယ်ဆိုတာ ဤဇာတ်ကြောင်းအားဖြင့် ဖော်ပြနေပါတယ်။
"မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။"
သု​တ္တံ​ကျမ်း ၂၇:၄
တကိုယ်ကောင်းဆန်တဲ့ ကြီးပွားတိုးတက်လိုစိတ်နှင့် မနာလိုခြင်းတွေကို အဆိပ်အတောက်မဖြစ်စေရန်အတွက် ကျွနုပ်တို့အား သတိပေးသောဖော်ပြချက်အဖြစ်ရှိစေပါ။ ထိုအရာတို့က ကျွန်ုပ်တို့ကိုကျဆုံးစေပြီး ဘုရားသခင်နှင့်ဝေးကွာဖို့ ဦးတည်စေပါလိမ့်မည်။ သင့်ကိုယ်သင် မနာလိုခြင်းတွေဖြင့် ရင်ဆိုင်နေရပါသလား။ ၎င်းကို သင်မည်သို့ ကိုင်တွယ်မည်နည်း။
Joseph's life is turned upside down, but God is with him
က​မ္ဘာ​ဦး​ကျမ်း ၃၇:၂၈
"ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။"
ယာကုဒ်သည် သားယောသပ်အား သူ့၏အစ်ကိုတို့ တိရစ္ဆာန်ထိန်းကျောင်းခြင်းတွေမှာ အဆင်ပြေသလားသိဖို့ရန် ကြည်ရှုဖို့စေလွှတ်လိုက်ပါတယ်။ ဤအရာက သူ၏အကိုတို့အတွက် စောင့်ဆိုင်းနေသောအခွင့်ရေးဖြစ်ပါတယ်။ ပထမတော့ ယောသပ်ကိုသတ်ဖို့ ရည်ရွယ်ကြပေမယ့် နောက်ပိုင်းတွင် သူတို့အနားသို့ဖြတ်သန်းသွားသော ကုန်သည်တချို့ထံ ယောသပ်အားကျွန်အဖြစ် ရောင်းစားဖို့ ဆုံးဖြတ်ကြပါတယ်။
သနားစရာ ယောသပ်မှာ အစ်ကိုရင်းတွေ၏ ရောင်းစားခြင်းကို ခံခဲ့ရပါတယ်။ သူ၏အသက်တာတစ်ခုလုံး ကျရှုံးသွားခဲ့ပြီး ဖခင်ယာကုပ်၏ အချစ်တော်သားအရာမှလည်းကောင်း၊  အဝေးသို့တရွတ်တိုက်ဆွဲခေါ်ခံရပြီး တိုင်းတစ်ပါးသို့ ခေါ်ဆောင်ခံခဲ့ရပါတယ်။  မိသားစုကိုထပ်မံမြင်ရဖို့တောင် မျှော်လင့်ချက်ကင်းမဲ့လျက် ကျွန်အဖြစ်အလုပ်လုပ်ရပါတော့မည်။ ဤအရာကို အစ်ကိုတို့ကိုကြီးစိုးသောသူ၏ အိမ်မက်နဲ့ လုံးဝ မကိုက်ညီပါ။
ဤအရာတွေက ဘုရားသခင်၏လက်ထဲမှာ နားမလည်နိုင်သောပြည့်စုံခြင်းတွေ ဖြစ်လာသင့်သည်ဟု ယောသပ် ယူဆပါတယ်။ ဘုရားသခင်သူ့ကို စွန့်ပစ်ခဲ့ပြီ၊  သူ၏အိပ်မက်ကို မေ့သွားခဲ့ပြီ လို့ထင်ရပါတယ်။ ယောသပ်ဘယ်လောက်တောင်ပူဆွေးပြီး ရှုပ်ထွေးနေမလဲ ၊ ဘယ်လောက်တောင် နာကျင်မှုတွေ ဖြတ်သန်းခဲ့ရသလဲ ဆိုတာကို အနည်းငယ်တော့ ကျွန်ုပ်တို့တွေးထင်နိုင်ပါတယ်။
က​မ္ဘာ​ဦး​ကျမ်း ၃၉:၂ တွင် ကျွန်ုပ်တို့ကိုဆိုထားသည်မှာ
"ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။"
ခက်ခဲသောအချိန်တွေမှာ ဘုရားသခင်၏အနီးကပ်ရှိနေမှုကို သင်ကြုံတွေ့ရပါသလား။ (သို့) ဘုရားစွန့်ခွာသလိုမျိုး သင့်ခံစားရပါကလား။ 
---------------------------------------------------------------------------------
Zawgyi Version
က​မ္ဘာ​ဦး​ကျမ်း ၃၇:၁၉-၂၀
သု​တ္တံ​ကျမ်း ၂၇:၎
က​မ္ဘာ​ဦး​ကျမ်း ၃၇:၂၈