Joseph was an ordinary boy in a special family

 Unicode Version

ကမ္ဘာဦးကျမ်း ၃၇း၂ "ယာ​ကုပ်​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ ယော​သပ်​သည် အ​သက်​တစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၍၊ အစ်​ကို​တို့​နှင့်​အ​တူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​နှင့် ဇိ​လ​ပ၏​သား​တို့​နှင့်​အ​တူ​နေ၍၊ သူ​တို့​အ​ပြစ်​ကို အ​ဘ​အား ကြား​ပြော​တတ်​၏။


ယောသပ်ကို စတင်မိတ်ဆက်ခဲ့တဲ့ ကမ္ဘာဦးကျမ်း ၃၇ တွင် ယောသပ်ကို ယာကုပ်၏ သားတစ်ဦးအဖြစ် လေ့လာခဲ့ရပါတယ်။ ညီအစ်ကို ဆယ်ဦးနှင့်အတူ သိုးတို့ကို စာကျက်မြေမှာ ထိန်းကျောင်းကြပါတယ်။ ပထမ အမြင်အနေဖြစ်ကြည့်လျှင် ယောသပ်၌ ဘာမှထူးခြားမှု မရှိပါဘူး။ ညီအစ်ကိုတွေနဲ့ ကွဲပြားရတဲ့အကြောင်းရင်က ယောသပ်၏မိခင် ယာကုတ်၏ အချစ်ရဆုံးဇနီး "ရာခေလ" ဖြစ်သည်။ အဲဒါကလွှဲလို့ ယောသပ်သည် တခြားသော ကောင်လေးတွေကဲ့သို့ပင်ဖြစ်ပါတယ်။ ဒါဆိုသမ္မာကျမ်းစာက ဘာကြောင့် ယောသတ်ကို ကျွန်တော်တို့နှင့် မိတ်ဆက်ပေးပါသနည်း။

ကမ္ဘာဦးကျမ်းအစောပိုင်းမှာ ယောသပ်၏အဘိုး

အာ​ဗြံဟံ အကြောင်းနှင့် ဘုရားသခင်သူ့အားပေးသောကတိတော်အကြောင်းကို ဖတ်ရပါတယ်။ ဘုရားသခင်သည် အာဗြံဟံအား များစွာသောသားစဉ်မြေးဆက်ပေးမည် ဆိုတဲ့ကတိပေးခဲ့ပြီး ၎င်းသည် တိုင်းပြည်နယ်အားလုံးတို့ဆီ ကောင်းချီးဖြစ်စေပါလိမ့်မယ်။ ဘုရားသခင်သည် သူ၏မိသားစုအတွက်အထူးအစီစဉ်ရှိပါတယ်။

ထိုအစီစဉ်တွင် သာမာန်ကောင်လေးတစ်ဦးအား အဓိကနေရာထားပြီး သရုပ်ဖော်ဖို့ရန် ဘုရားသခင်သည် ယောသပ်ကိုရွေးချယ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ယောသပ်အသက်တာအဖြစ် ကျွန်​တော်တို့ကိုပြောပြနေပါတယ်။ ယောသပ်သည်လည်းသူ၏အသက်တာအားဖြင့် သူ့ကိုယ်သူသုံးသပ်မိပါလိမ့်မည်။

ကမ္ဘာဦးကျမ်း ၅၀း၂၀ "သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။"

သို့ပင်မဲ့ ဘုရားသခင်၏ကြီးမြတ်လှတဲ့ပန်းတိုင်သည် ယောသပ်အတွက် မလွယ်ကူပါဘူး။

ယောသပ်၏အသက်တာကို နှိုက်နှိုက်ချွတ်ချွတ်ကြည့်မယ်ဆိုရင် သူ၏ဆင်းရဲဒုက္ခနှင့် ခံစားရမှုတွေအားဖြင့် ဘုရားသခင်သူ့အား ဘယ်တော့မှ မချန်ထားပါဘူး။

" သာမန်လူအပါအဝင်" လူတစ်ဦးစီတိုင်းအတွက် ဘုရားသခင်၌ အကြံအစည်ရှိတယ်ဆိုတာကို သင်ယုံကြည်ပါသလား။


Favoritism and its consequences

အနှစ်သက်ဆုံး​သော အရာနှင့် ၎င်း၏အကျိုးဆက်

က​မ္ဘာ​ဦး​ကျမ်း ၃၇:၃-၄

"ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။ အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။"


ဤကျမ်းပိုဒ်ကား ယောသပ်မိသားစုတို့ကြားက ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အကြောင်းတချို့ကို ဖော်ပြပေးပါတယ်။ ဖခင်ယာကုပ်၏ သားယောသပ်အပေါ် တခြားသောသားတို့ထက် ပိုပြီးချစ်​​မြတ်နိုး ကြောင်းကို ကျွန်တော် တို့​ဖတ်ရှုရပါတယ်။ ရှေ့ကဇာတ်ကြောင်းကို နားလည်စေတဲ့နည်း ဖြစ်ပါတယ် ယောသပ်သည် ယာကုပ်၏အချစ်ဆုံးဇနီး "ရာခေလန" နှစ်ပေါင်းများစွာ မြုံပြီးမှ မွေးဖွားလာသောသား ဖြစ်ပါတယ်။ ဤအကြောင်းရင်းကလည်း ဖခင်ယာကုပ်အတွက် အထူးတစ်လည်ဖြစ်စေခဲ့ပါတယ်။  သို့ပေမယ့်ကျွန်တော်တို့မြင်ရသည်မှာ အသည်းကျော်ဖြစ်ခြင်း အရာက ​ယောသပ်နှင့်သူ့၏ညီအစ်ကိုတို့ ဆက်ဆံရေးကို ဖျက်လိုဖျက်ဆီး ဖြစ်စေပါတယ်။ သူ၏ညီအစ်ကိုတွေသည် ယောသပ်ကို မနာလိုဖြစ်ခဲ့ပြီး အမုန်းတရားကို စတင်စေခဲ့ပါတယ်။ ဒါကလဲ သိသာထင်ရှားတဲ့ အကျိုးဆက် အရေးပါမှု ဖြစ်လာခဲ့ပါတယ်။

ညီအစ်ကိုမောင်နှမတွေထက် လျော့ပြီးအချစ်ခံရခြင်းက အဆိုးဆုံးနာကျင်စေနိုင်ပါတယ်။ ဤနာကျင်မှုဝေဒနာတွေက အမုန်းတရားနှင့် ခါးသီးမှုတွေဆီ အလွယ်တကူ ကူးပြောင်းသွားစေနိုင်ပါတယ်။ ဤအရာသည် ကလေးပေါ်မှာအထူးတလည်မပြုမူဖို့ မိဘတွေ၏ တာဝန်ဝတ္တရားဖြစ်ပါတယ်။

သို့ပေမယ့် ကျွန်​တော်တို့လည်း ယာကုပ်၏အစ်ကိုနေရာမှာ ရှိနေမယ်ဆိုရင် တခြားသောသား (သို့) ကိုယ့်အနားမှာရှိတဲ့ လူတွေထက် အချစ်ခံရမှာဖြစ်ပြီး ကျွန်တော်တို့ထဲမှ အမုန်းတရားတွေနဲ့ တိုက်ခိုက်ရနိုင်ပါတယ်။ ဤအခြေအနေက ဘယ်လောက်နာကျင်မလဲဆိုတာကို သခင်ယေရှု သိပါတယ်။

ဟေ​ရှာ​ယ​အ​နာ​ဂ​တ္တိ​ကျမ်း ၅၃:၃

" မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။"

ကုစားခြင်းနှင့် သက်သာရာရခြင်း အတွက်သူထံသို့လှည့်လိုက်ပါ။ အဖခမည်းတော်အားဖြင့် သင်ချစ်ခြင်းမေတ္တာ ခံစားရပါသလား။ 


-----------------------------------------------------------------------------------------------------------

Zawgyi Version

ကမာၻဦးက်မ္း ၃ရး၂ "ယာ​ကုပ္​အ​မ်ိဳး​အ​ႏြယ္၏ အ​တၳဳ​ပၸ​တၱိ​မ်ား​ဟူ​မူ​ကား၊ ေယာ​သပ္​သည္ အ​သက္​တစ္​ဆယ္​ခု​နစ္​ႏွစ္​ရွိ၍၊ အစ္​ကို​တို႔​ႏွင့္​အ​တူ သိုး​ဆိတ္​မ်ား​ကို​ထိန္း​ေလ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​ႏွင့္ ဇိ​လ​ပ၏​သား​တို႔​ႏွင့္​အ​တူ​ေန၍၊ သူ​တို႔​အ​ျပစ္​ကို အ​ဘ​အား ၾကား​ေျပာ​တတ္​၏။


ေယာသပ္ကို စတင္မိတ္ဆက္ခဲ့တဲ့ ကမာၻဦးက်မ္း ၃၇ တြင္ ေယာသပ္ကို ယာကုပ္၏ သားတစ္ဦးအျဖစ္ ေလ့လာခဲ့ရပါတယ္။ ညီအစ္ကို ဆယ္ဦးႏွင့္အတူ သိုးတို႔ကို စာက်က္ေျမမွာ ထိန္းေက်ာင္းၾကပါတယ္။ ပထမ အျမင္အေနျဖစ္ၾကည့္လွ်င္ ေယာသပ္၌ ဘာမွထူးျခားမႈ မရွိပါဘူး။ ညီအစ္ကိုေတြနဲ႔ ကြဲျပားရတဲ့အေၾကာင္းရင္က ေယာသပ္၏မိခင္ ယာကုတ္၏ အခ်စ္ရဆုံးဇနီး "ရာေခလ" ျဖစ္သည္။ အဲဒါကလႊဲလို႔ ေယာသပ္သည္ တျခားေသာ ေကာင္ေလးေတြကဲ့သို႔ပင္ျဖစ္ပါတယ္။ ဒါဆိုသမၼာက်မ္းစာက ဘာေၾကာင့္ ေယာသတ္ကို ကြၽန္ေတာ္တို႔ႏွင့္ မိတ္ဆက္ေပးပါသနည္း။

ကမာၻဦးက်မ္းအေစာပိုင္းမွာ ေယာသပ္၏အဘိုး

အာ​ၿဗံဟံ အေၾကာင္းႏွင့္ ဘုရားသခင္သူ႔အားေပးေသာကတိေတာ္အေၾကာင္းကို ဖတ္ရပါတယ္။ ဘုရားသခင္သည္ အာၿဗံဟံအား မ်ားစြာေသာသားစဥ္ေျမးဆက္ေပးမည္ ဆိုတဲ့ကတိေပးခဲ့ၿပီး ၎သည္ တိုင္းျပည္နယ္အားလုံးတို႔ဆီ ေကာင္းခ်ီးျဖစ္ေစပါလိမ့္မယ္။ ဘုရားသခင္သည္ သူ၏မိသားစုအတြက္အထူးအစီစဥ္ရွိပါတယ္။

ထိုအစီစဥ္တြင္ သာမာန္ေကာင္ေလးတစ္ဦးအား အဓိကေနရာထားၿပီး သ႐ုပ္ေဖာ္ဖို႔ရန္ ဘုရားသခင္သည္ ေယာသပ္ကိုေ႐ြးခ်ယ္ခဲ့တယ္ဆိုတဲ့အေၾကာင္းကို ေယာသပ္အသက္တာအျဖစ္ ကြၽန္​ေတာ္တို႔ကိုေျပာျပေနပါတယ္။ ေယာသပ္သည္လည္းသူ၏အသက္တာအားျဖင့္ သူ႔ကိုယ္သူသုံးသပ္မိပါလိမ့္မည္။

ကမာၻဦးက်မ္း ၅၀း၂၀ "သင္​တို႔​သည္ ကြၽႏ္ုပ္​ကို​ညႇဥ္း​ဆဲ​မည္​ႀကံ​ၾက​ေသာ္​လည္း၊ ဘု​ရား​သ​ခင္​သည္ ယ​ေန႔​ျဖစ္​သည္​အ​တိုင္း၊ လူ​မ်ား​အ​သက္​ခ်မ္း​သာ​ေစ​ျခင္း​ငွာ ေက်း​ဇူး​ျပဳ​မည္​ႀကံ​ေတာ္​မူ၏။"

သို႔ပင္မဲ့ ဘုရားသခင္၏ႀကီးျမတ္လွတဲ့ပန္းတိုင္သည္ ေယာသပ္အတြက္ မလြယ္ကူပါဘူး။

ေယာသပ္၏အသက္တာကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ၾကည့္မယ္ဆိုရင္ သူ၏ဆင္းရဲဒုကၡႏွင့္ ခံစားရမႈေတြအားျဖင့္ ဘုရားသခင္သူ႔အား ဘယ္ေတာ့မွ မခ်န္ထားပါဘူး။

" သာမန္လူအပါအဝင္" လူတစ္ဦးစီတိုင္းအတြက္ ဘုရားသခင္၌ အႀကံအစည္ရွိတယ္ဆိုတာကို သင္ယုံၾကည္ပါသလား။


Favoritism and its consequences

အႏွစ္သက္ဆုံး​ေသာ အရာႏွင့္ ၎၏အက်ိဳးဆက္

က​မာၻ​ဦး​က်မ္း ၃၇:၃-၄

"ဣ​သ​ေရ​လ​သည္ အ​သက္​ႀကီး​စဥ္​အ​ခါ သား​ေယာ​သပ္​ကို​ရ​ေသာ​ေၾကာင့္၊ အ​ျခား​ေသာ​သား​အ​ေပါင္း​တို႔​ကို​ခ်စ္​သည္​ထက္ ေယာ​သပ္​ကို​သာ၍​ခ်စ္၏။ အ​ဆင္း​အ​ေရာင္​ထူး​ျခား​ေသာ အက်ႌ​ကို​ခ်ဳပ္၍​ေပး၏။ အ​ဘ​သည္ မိ​မိ​သား​အ​ေပါင္း​တို႔​တြင္၊ ေယာ​သပ္​ကို​သာ၍​ခ်စ္​ေၾကာင္း​ကို၊ အစ္​ကို​တို႔​သည္ သိ​ျမင္​ေသာ​အ​ခါ၊ သူ႔​ကို​မုန္း၍ ေမ​တၱာ​စ​ကား​ကို​သူ႔​အား မ​ေျပာ​ႏိုင္​ၾက။"


ဤက်မ္းပိုဒ္ကား ေယာသပ္မိသားစုတို႔ၾကားက ဆက္ဆံေရးနဲ႔ပတ္သက္တဲ့ အေၾကာင္းတခ်ိဳ႕ကို ေဖာ္ျပေပးပါတယ္။ ဖခင္ယာကုပ္၏ သားေယာသပ္အေပၚ တျခားေသာသားတို႔ထက္ ပိုၿပီးခ်စ္​​ျမတ္ႏိုး ေၾကာင္းကို ကြၽန္ေတာ္ တို႔​ဖတ္ရႈရပါတယ္။ ေရွ႕ကဇာတ္ေၾကာင္းကို နားလည္ေစတဲ့နည္း ျဖစ္ပါတယ္ ေယာသပ္သည္ ယာကုပ္၏အခ်စ္ဆုံးဇနီး "ရာေခလန" ႏွစ္ေပါင္းမ်ားစြာ ၿမဳံၿပီးမွ ေမြးဖြားလာေသာသား ျဖစ္ပါတယ္။ ဤအေၾကာင္းရင္းကလည္း ဖခင္ယာကုပ္အတြက္ အထူးတစ္လည္ျဖစ္ေစခဲ့ပါတယ္။  သို႔ေပမယ့္ကြၽန္ေတာ္တို႔ျမင္ရသည္မွာ အသည္းေက်ာ္ျဖစ္ျခင္း အရာက ​ေယာသပ္ႏွင့္သူ႔၏ညီအစ္ကိုတို႔ ဆက္ဆံေရးကို ဖ်က္လိုဖ်က္ဆီး ျဖစ္ေစပါတယ္။ သူ၏ညီအစ္ကိုေတြသည္ ေယာသပ္ကို မနာလိုျဖစ္ခဲ့ၿပီး အမုန္းတရားကို စတင္ေစခဲ့ပါတယ္။ ဒါကလဲ သိသာထင္ရွားတဲ့ အက်ိဳးဆက္ အေရးပါမႈ ျဖစ္လာခဲ့ပါတယ္။

ညီအစ္ကိုေမာင္ႏွမေတြထက္ ေလ်ာ့ၿပီးအခ်စ္ခံရျခင္းက အဆိုးဆုံးနာက်င္ေစႏိုင္ပါတယ္။ ဤနာက်င္မႈေဝဒနာေတြက အမုန္းတရားႏွင့္ ခါးသီးမႈေတြဆီ အလြယ္တကူ ကူးေျပာင္းသြားေစႏိုင္ပါတယ္။ ဤအရာသည္ ကေလးေပၚမွာအထူးတလည္မျပဳမူဖို႔ မိဘေတြ၏ တာဝန္ဝတၱရားျဖစ္ပါတယ္။

သို႔ေပမယ့္ ကြၽန္​ေတာ္တို႔လည္း ယာကုပ္၏အစ္ကိုေနရာမွာ ရွိေနမယ္ဆိုရင္ တျခားေသာသား (သို႔) ကိုယ့္အနားမွာရွိတဲ့ လူေတြထက္ အခ်စ္ခံရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ထဲမွ အမုန္းတရားေတြနဲ႔ တိုက္ခိုက္ရႏိုင္ပါတယ္။ ဤအေျခအေနက ဘယ္ေလာက္နာက်င္မလဲဆိုတာကို သခင္ေယရႈ သိပါတယ္။

ေဟ​ရွာ​ယ​အ​နာ​ဂ​တၱိ​က်မ္း ၅၃:၃

" မ​ထီ​မဲ့​ျမင္​ျပဳ​ျခင္းကိုခံ၍၊ လူ​တို႔​တြင္​အ​ယုတ္​ဆုံး​ေသာ​သူ​ျဖစ္​၏။ ၿငိဳ​ျငင္​ေသာ​သူ၊ နာ​ၾကည္း​ျခင္း​ေဝ​ဒ​နာ​ႏွင့္ ကြၽမ္း​ဝင္​ေသာ​သူ ျဖစ္၏။ သူ​တစ္​ပါး​မ်က္​ႏွာ​လႊဲ​ျခင္း​ကို ခံ​ရ​ေသာ​သူ​ကဲ့​သို႔ ျဖစ္၏။ မ​ထီ​မဲ့​ျမင္​ျပဳ​ျခင္း​ကို​ခံ​လ်က္​ရွိ၍၊ ငါ​တို႔​သည္ မ​႐ို​ေသ​ၾက။"

ကုစားျခင္းႏွင့္ သက္သာရာရျခင္း အတြက္သူထံသို႔လွည့္လိုက္ပါ။ အဖခမည္းေတာ္အားျဖင့္ သင္ခ်စ္ျခင္းေမတၱာ ခံစားရပါသလား။