Joseph is treated unjustly
 Unicode Version
က​မ္ဘာ​ဦး​ကျမ်း ၃၉:၂၀
"ခေါ်​ပြီး​မှ၊ ရှင်​ဘု​ရင်​ချုပ်​ထား​သော​သူ​တို့​နေ​ရာ ထောင်​ထဲ​မှာ လှောင်​ထား​သ​ဖြင့်၊ ယော​သပ်​သည် ထောင်​ထဲ​မှာ​နေ​ရ၏။"
မနေ့တုန်းက သခင့် ဇနီး၏  စုံစမ်းခြင်းကိုလက်မခံခဲ့သောယောသပ်အကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုခဲ့ရပါတယ်။  သို့ပေမဲ့ ဤအရာကဇာတ်လမ်း၏ အဆုံးသတ် မဟုတ်ပါဘူး။ ထိုအမျိုးသမီး၏စိတ်ပျက်ခြင်းနှင့် စိတ်မကျေမနပ်ဖြစ်ခြင်းတွေက ယောသပ် အပေါ်မှာ မှားယွင်းစွာဖြင့် စွပ်စွဲခဲ့ပြီး လက်စားချေမှုပြုခဲ့ပါတယ်။
က​မ္ဘာ​ဦး​ကျမ်း ၃၉:၁၄-၁၅
"အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။ ကျယ်​ကျယ်​အော်​ဟစ်​သံ​ကို​ကြား​လျှင်၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ဟု​ဆို​ပြီး​လျှင်၊"
သခင်ကလဲ ကျွန်ထက်မယားကို ပိုပြီးယုံကြည်ခဲ့ပါတယ်။ ယောသပ်​ပေါ် မှာ အရမ်းစိတ်ဆိုးခဲ့ပြီး ထောင်ထဲသို့ပို့ခဲ့ပါတယ်။ ယောသပ်ကား ဖြောင့်မတ်ရိုးသားပြီး ​သမာဓိရှိသောသူဖြစ်ပေမယ့် သူအား ပြစ်မှု ကျူးလွန်သူအဖြစ် မှတ်ယူခံရပါတယ်။ ၎င်းသည်အကြွင်းမဲ့ မတရားမှု ဖြစ်ပါတယ်။ သို့ပေမဲ့ ဘုရားသခင်သည် ယောသပ်နှင့်အတူရှိခဲ့ကြောင်းနှင့် မပြောင်းလဲသောချစ်ခြင်းမေတ္တာရှိကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုခဲ့ရပါတယ်။
ဖြောင့်မတ်ခြင်းလက္ခဏာကို မတရားဆက်ဆံခံရသူ ယောသပ်တစ်ဦးသာ မဟုတ်ခဲ့ပါ။ သခင်ရေရှုသည် သူ၏တပည့်တော်တို့ကိုသတိပေးခဲ့သူမှာ "အပြစ် ဝန်ခံစရာမရှိသည့်တိုင် လောကလူတို့ သင်တို့ကို မုန်းပါမည်။  သခင်ခရစ်​တော်ကဲ့သို့ ငြင်းပယ်ခံခဲ့ခြင်း၊  ရက်စက်စွာဆက်ဆံပြုမူခြင်းနှင့် ကားစင်တင်ပြီးမတရားစီရင်ခြင်းတွေမျိုးတွေပေါ့။
သိသာထင်ရှားသောအရာက ဘုရားသခင်သည်ကျွန်တော်တို့နှင့်အတူရှိတော်မူသည် ဆိုတဲ့စကားကကျနော်တို့ကို မတရားဆက်ဆံခံရခြင်းမှကာကွယ်မပေးပါဘူး။ သို့ပေမယ့်ဆန့်ကျင်ဘက်အနေနဲ့လည်းမှန်ကန်နေပါတယ်။ မတရားဆက်ဆံ​ခဲ့ရခြင်းကလည်း ဘုရားသခင် ကျွန်ုပ်တို့ကိုစွန့်ပစ်သွားပြီလို့ အဓိပ္ပါယ်မဆိုလိုပါ။ ထိုအရာကား ​ယောသပ်တွေ့ကြုံ ခဲ့ရသောအရာဖြစ်ပါတယ်။ ဤအရာက သူ့အသက်တာအတွက် ဘုရားသခင် ပြင်ဆင်ပေးတဲ့  အစီအစဉ်ထဲက ခြေလှမ်းတစ်လှမ်းဖြစ်ခဲ့ပါတယ်။ အခြေအနေတွေကြားမှပင် ယောသပ်သည် ဘုရားသခင်ကို ယုံကြည်ဖို့ရန် လေ့လာခဲ့သောအရာ ဖြစ်ပါတယ်။
ဘုရား၏အလိုတော်ကို သင်နာခံခဲ့တဲ့အတွက် ဆိုးဝါးစွာ ဆက်ဆံခံရဖူးပါသလား။
Joseph is a trustworthy ans hard working person
က​မ္ဘာ​ဦး​ကျမ်း ၃၉:၂၂-၂၃
"သို့​ဖြစ်၍​ထောင်​မှူး​သည် ထောင်၌​ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ယော​သပ်​လက်​သို့​အပ်၍၊ ထောင်​ထဲ​တွင်​ပြု​သ​မျှ​သော​အ​မှု​ကို ယော​သပ်​စီ​ရင်​ရ၏။ ထို​နောက်​ထောင်​မှူး​သည် ထောင်​အ​မှု​ကို​ကိုယ်​တိုင်​ပြန်၍ မ​ကြည့်​မ​ရှု​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​ဘက်​မှာ​ရှိ၍ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​သ​တည်း။"
ယောသပ်သည်  သခင်ပေါတိဖာအိမ်တွင် ကျွန်အဖြစ်အလုပ်လုပ်ခဲ့စဉ်က သခင်ပိုင်ဆိုင်မှုတွေပေါ် တာဝန်ယူခြင်းကို လုပ်ဆောင်ရပြီး အိမ်ကိုကွပ်ကဲကြည်းကြပ်မှုမျိုး သခင်ကပြုစေခဲ့ပါတယ်။ ယခုတော့သူကထောင်ထဲကိုရောက်နေပါတယ်။ ကျနော်တို့သည်လည်း တူညီသောအရာ အဖြစ်အပျက်ကိုတွေ့ရပါမည်။  ထောင်မှူးသည်ယောသပ်အား ထောင်ထဲရှိထောင်သားအားလုံးတို့ကို တာဝန်ယူထိန်းသိမ်းဖို့တာဝန်ပေးပါတယ်။ ဤအရာကိုစဉ်းစားကြည့်ပါ။ ထောင်စောင့်တွေ မပါဘဲနဲ့ ထောင်သားအားလုံးကို တာဝန်ယူဖို့ ပေးအပ်ခြင်းခံရတာက ယောသပ် သည်ယုံကြည်စိတ်ချရသောလူ့အဖြစ် သတ်မှတ်ခံရလို့ဖြစ်ပါတယ်။ သိက္ခာာရှိတဲ့အလုပ်မဟုတ်သည့်တိုင် သူ၏အလုပ်ကိုကောင်းစွာလုပ်ခဲ့ပါတယ်။
ကောလောသဲ အသင်းတော်ဆီ ပို့သောစာတွင် တမန်တော်ရှင်ပေါလု သည် ထိုနည်းအတိုင်းအကောင်းဆုံး လုပ်ဆောင်ဖို့ရန်စာဖတ်သူတို့ကို တိုက်တွန်းခဲ့ပါတယ်။ ကျွန်လုပ်သားဖြစ်သည့်တိုင် လုပ်ဆောင်သောအရာက သခင်အတွက်တန်ဖိုးမရှိသည့်တိုင် သူတို့တွေသည်
"လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။-"
ကော​လော​သဲ​ဩ​ဝါ​ဒ​စာ ၃:၂၃
တမန်​တော် ရှင်ပေါလု ဆက်ပြောထားသည်မှာ "သင်တို့သည်ဘုရားသခင်၏တော့မှအမွေတော်တည်းဟူသောအကျိုးကိုခံရလိမ့်မည်"
သင်၌မည်သည့်အလုပ်မျိုးရှိသည်ကို ကျွန်တော်မသိပါ။ သို့ပေမဲ့ ယောသပ်၏ ဥပမာအားဖြင့် သင့်ကိုပြုလေသမျှတို့၌ စေတနာစိတ်နဲ့ ကောင်းစွာလုပ်ဆောင်ဖို့ရန် တိုက်တွန်းပါတယ်။  သင်ပြုသောအရာက လူတွေမြင်ပြီးတန်ဖိုးထားသည် ဖြစ်စေ (သို့) မထားသည်ဖြစ်စေ ၎င်းကို ဘုရားသခင်မြင်ပါတယ်။
သင်၏တစ်နေ့တာပြုမူခြင်းအားလုံးတို့တွင် ဘုရား၏တည်ရှိတော်မူခြင်းကို သင်အမြဲတမ်းသတိမူမိပါသလား။ 
------------------------------------------------------------------------------------\
Zawgyi Version
က​မ္ဘာ​ဦး​ကျမ်း ၃၉:၂၀
က​မ္ဘာ​ဦး​ကျမ်း ၃၉:၁၄-၁၅
က​မ္ဘာ​ဦး​ကျမ်း ၃၉:၂၂-၂၃
ကော​လော​သဲ​ဩ​ဝါ​ဒ​စာ ၃:၂၃