Unicode Version
ဒေသနာကျမ်း ၇:၂၁
"သူတစ်ပါးပြောသမျှသော စကားတို့ကိုမမှတ်နှင့်။ သို့ပြုလျှင်၊ ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။"
မည်သည့်အရာက Social Media ကိုအလွန်စွဲလန်းအောင်ပြုပါသနည်း။ သင်တင်ထားပြီးသောဓာတ်ပုံတပုံကို အကြိမ် 50 တိုင် ဘာကြောင့်ပြန်ကြည့်ဖို့လိုပါသနည်း။ သင်၏ဖုန်းကို ဘာကြောင့်အမြဲတမ်းစစ်ဆေးနေပါသနည်း။
လူတိုင်း တခြားသူတွေ၏ မျက်နှာသာပေးမှုကို လိုချင်ကြပါတယ်။ လူတွေ၏ ကြိုက်နှစ်သက်မှု "like" ကိုလည်းအလွန် လိုအပ်ကြပါတယ်။ သတိပေးသံ "ding" ဆိုတဲ့မြည်သံကိုကြားသောအခါ မူးယစ်မှုက သင်၏ ဉီးနှောက်ထဲကနေ ထွက်ပေါ်လာပြီး အလွန်ကျေနပ်စရာကောင်းစေပါတယ်။ "ding" ဆိုတဲ့မြည် သံတိုင်းပြီး သင်၏လိုအပ်သော ထောက်ခံမှုကို ဖြည့်ဆည်းပေးသလိုဖြစ်ပြီး အလုံအလောက်မပေးဘူးလို့လည်း ခံစားစေနိုင်ပါတယ်။ သို့ပေမယ့်သမ္မာကျမ်းစာကဆိုထားသည်မှာ
"ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။" ရှင်ယာကုပ်ဩဝါဒစာ ၂:၁
အမှန်တရားက လူအများ၏ ထင်မြင်ချက်တွေသည် သင်၏ယုံကြည်ခြင်းကို သက်ရောက်မှုမဖြစ်စေပါ။ သင်ယုံကြည်သောအရာ၊ ခံစားသောအရာ၊ လုပ်ဆောင်သောအရာပေါ် လူတွေကို မဆုံးဖြတ်စေပါနှင့်။ ၎င်းသည် သင့်ကိုသခင်ခရစ်တော် လမ်းညွှန်သည့်အတိုင်း ဘယ်တော့မှဖြစ်လာမည်မဟုတ်ပါ။
ဒေသနာကျမ်း ၇:၂၁
"သူတစ်ပါးပြောသမျှသော စကားတို့ကိုမမှတ်နှင့်။ သို့ပြုလျှင်၊ ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။"
ပညာပေးခြင်း၊ ပျော်ရွှင်မှုပေးခြင်း၊ အားပေးတိုက်တွန်းသော media post တွေကိုတောင် သင်တင်သည့်အခါ တချို့လူတွေက သင်မျှော်လင့်မထားသော comment (သို့) တုံးတိတုံ့ပြန်မှု ကိုသာ ပေးပါလိမ့်မည်။ post တစ်ခုကိုသင်ပြုခြင်းသည် သင့်ကိုယ်သင် နေသာထိုင်သာဖြစ်စေမယ့် တိကျသော "like" အရေအတွက်ကို သင်လိုနေအပ်လို့ဖြစ်ပါတယ်။ ပြီးတော့လည်း သင်စိတ်ပျက်သွားရပါမည်။
သူတပါး၏ထောက်ခံမူပေါ် အသက်ရှင်နေထိုင်နေတာမဟုတ်ပါလျှင်social media မှာဘယ်သူဘာပြောပြော သင့်ကိုမထိခိုက်စေနိုင်ပါ။ လူတိုင်း တပါးသူဆီက ထောက်ခံမှုတွေကို လိုချင်ကြပါတယ်။ သို့ပေမယ့် ဘုရားသခင်၏ထောက်ခံမှုအတွက် အသက်ရှင်ပါလျှင် social media ကိုအသုံးဝင်သောတန်ဆာပလာအဖြစ် သင်အသုံးပြုဖို့ကူညီပါလိမ့်မည်။
ဆင်ခြင်ရန်
- Social Media ပေါ် သင်တင်လိုက်တဲ့အခါ သင်၏လှုံ့ဆော်မှုက မည့်သို့နည်း။
- သင်၏ဖုန်းအား အချိန်ဖြုန်းတီးခြင်းက သင်၏အသက်တာကို ထောက်ခံမှု မည်သို့သက်ရောက် စေပါသနည်း။
- သင်၏ယုံကြည်မှု၊ သင်၏လုပ်ဆောင်ချက် ကိုမည့်သည့်နည်းလမ်းဖြင့် လူအများ၏ထင်မြင်ချက်ကိုခွင့်ပြုပါသနည်း။
------------------------------------------------------------------------------------------
Zawgyi Version
ဒေသနာကျမ်း ၇:၂၁
ဒေသနာကျမ်း ၇:၂၁
ဆင်ခြင်ရန်