Unicode Version
ဧဖက်ဩဝါဒစာ ၂:၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို
ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌
ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။”
ရည်ရွယ်ချက်မရှိဘဲ
ဘယ်အရာကိုမှ ဘုရားသခင် မဖန်ဆင်းခဲ့ပါဘူး။ သင်အသက်ရှူနေတဲ့အခါ သင်၌ ရည်ရွယ်ချက်ရှိပါတယ်။
သခင်ခရစ်တော်၌ သင်သည် ကမ္ဘာကြီးကို တစ်ခုခုပေးဖို့ရန် ရှိပါတယ်။
ဘုရားသခင်
သင့်ကို ဖန်ဆင်းတဲ့အခါမှာ အထောက်အကူတစ်ခုအတွက် သင့်ကို ထူးခြားသော ပုံသဏ္ဍာန်ပြုထားပြီး
တိကျသေချာသောနည်းဖြင့် တပ်ဆင်ချိတ်ဆက်ထားပါတယ်။
အတိတ်ကာလ
၊ အနာဂတ်ကာလတွေမှာ သင်နှင့် တူသောသူ တစ်ဉီးမှ ရှိလိမ့်မည် မဟုတ်ပါ။ တစ်ထေရာ တည်းတူသော
အမွှာတွေတောင် ထောင်သောင်းများစွာ ကွဲပြားမှု ရှိကြပါတယ်။
သင်၏လက်ဗေွ
၊ အသံ ၊ ခြေရာ နှင့် နှလုံးခုန်သံ ၊ မျက်လုံးတွေက တမူထားခြားပါတယ်။ ကဋေပေါင်းများစွာသော
လူတွေထဲက သင့်က တစ်ယောက်ဖြစ်ပါတယ်။ ဘုရားသခင် သင့်ကို အထူးပြုလုပ်ထားပြီး သင့်ကို သင်သာ
ဖြစ်စေချင်ပါသည်။
“သင်က ဘာကြောင့် သင်၏ ညီအစ်ကို မောင်နှမ တွေ ၊ မိတ်ဆွေသူငယ်ချင်းတွေနှင့်
မတူညီရတာလဲ” လို့ သင့်အသက်တာမှာ
ဤမေးခွန်းကို ကြားရနိုင်ပါတယ်။ သို့ပေမဲ့ သင့်ကို သင်ဖြစ်သည်အတိုင်း ဘုရားအလိုမရှိပါလျှင်
သင်သည်လည်း မဖြစ်လာပါ။
တခြားသူတစ်ဉီးဉီးအတိုင်း
ဖြစ်ဖို့ သင်ကြိုးစားပြီး အသက်တာကို ကုန်ဆုံးစေကောင်း ကုန်ဆုံးစေမည်။ ထိုကဲ့သို့ ပြုပါလျှင်
သင့်အသက်တာ ရည်ရွယ်ရာတစ်ခုလုံးကို သင်ဆုံးရှုံးရပါမည်။
ဘုရားသခင်
သင့်အား ဤလောကသို့ ပို့ဆောင်ခြင်းသည် သင်အသက်ရှူရုံလေး ၊ နေရာရရေးနှင့် သေသွားဖို့
အတွက်သာ မဟုတ်ပါ။ သင်ဤလောက၌ ရှိနေခြင်းသည် သင်ပြုနိုင်သော အထောက်အမ တစ်ခုခု ရှိနေလို့
ဖြစ် ပါတယ်။
ဧဖက်ဩဝါဒစာ ၂:၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို
ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌
ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။”
သင်သည်
ဘုရားသခင်၏ လက်ရာတော်ဖြစ်ပါတယ်။ သင် မမွေးဖွားခြင်ကတည်းက သင့်အသက်တာအားဖြင့် ကောင်းသောအရာတွေကို
လုပ်ဆောင်စေလိုသော အကြံအစည်တွေ ဘုရားသခင်မှာ ရှိပါတယ်။ တစ်နည်းအားဖြင့် သင့်ကို သာသနာအမှု
တစ်ခု ပေးလိုက်တာဖြစ်ပါတယ်။
လူတိုင်း သာသာနာအမှု တွေရှိကြပါတယ်။
ဘုရားသခင်အား မည်သို့ ပုံဖော်သည်ကို သင်ကြည့်ခြင်းအားဖြင့် သင်၏ သာသနာအမှုကို ရှာဖွေနိုင်ပါတယ်။
သူတစ်ပါးတို့အား အကူအညီဖြစ်စေဖို့ရန် သင့်အား ထူးခြားတဲ့ ဝိညာဉ်ရေးရာ ဆုကျေးဇူးတွေ ၊ စွမ်းရည်နှင့် အတွေ့အကြုံတွေ ပေးထားပါတယ်။
သင်၏
ပုံသဏ္ဍာန်ကို တွေ့မြင်ပြီး သူတစ်ပါးတို့အား အကျိုးပြုစေဖို့ရန် အသုံးပြုခဲ့တဲ့အခါမှာသင်၏
သာသာနာ အမှုတော်ကို သင်ရှာတွေ့ပါမည်။ ပြီးတော့ သင်၏ ရည်ရွယ်ချက်တို့ကို တွေ့မြင်ပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင်၏ ရည်ရွယ်ချက်ကို သင်မဖြည့်ဆည်းတဲ့အခါမှာ ဘာတွေ ဖြစ်မည်လို့ သင်ထင်ပါသနည်း။
-
သင်၏ သာသနာနှင့် ရည်ရွယ်ချက်တို့ကို ဖြည့်ဆည်းခြင်းက အသင်းတော်ကို မည်သို့ သက်ရောက်မှု
ရှိစေပါသနည်း။
-
ဘုရားသခင်က တမူထူးခြားစွာ ဖန်ဆင်းထားသည်ကို စဉ်းစားကြည့်ပါ။ သင်၏ ဆုကျေးဇူး ၊ နှလုံး
၊ စွမ်းရည် နှင့် အတွေ့အကြုံတို့ကို ပြုစုပါ။ ၎င်းတို့ကို သာသာနာအတွက် ဘုရားမည်ကဲ့သို့
အသုံးပြုဖို့ရန် အလိုရှိမည်နည်း။
---------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်