Unicode Version
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁:၃ “ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း
ဖြစ်တော်မူ၏။ သခင်ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်
ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါ စေသော။”

အများစုသော လူတို့သည် လက်ခံမှုရရှိဖို့ရန် ကြိုးစားရင်း အသက်တာတစ်ခုလုံးကို ကုန်ဆုံးစေကြပါတယ်။
သင်ဝတ်ချင်သော
အဝတ် ၊ မောင်းနှင်ချင်သော ကားအမျိုးအစားကို မောင်းနှင်ကောင်း မောင်းနှင်ပါမည်။ ဘာကြောင့်လဲဆိုတော့သင်
လက်ခံမှုကို လိုချင်လို့ ဖြစ်ပါတယ်။ သင်စားသောအစာ ၊ သင်ရွေးချယ်သော မိတ်ဆွေနှင့် သင်
internet ပေါ်တွင် မကြာခဏဆိုသလဒ ပြောဆိုသောအရာတို့သည် လက်ခံမှုအတွက် လိုအပ်သော ကြီးမျာမှုကြောင့်ပင်
ဖြစ်ပါတယ်။
သို့သော်
မိတ်ဆွေ ဘုရားသခင်သင့်အား မဖန်ဆင်းခင်ကတည်းကပင် သင့်ကို လက်ခံခဲ့ပြီး ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁:၃ “ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း
ဖြစ်တော်မူ၏။ သခင်ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်
ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါ စေသော။”
ဘုရားသခင်၏
လက်ခံမှုကို သင်ရှာတွေ့လို့ရခဲ့တာ မဟုတ်ပါ။ ဘုရားက ၎င်းကို အခမဲ့ သင့်အား ပေးပါတယ်။
ဘုရားသခင် တစ်ပါးတည်းသာလျှင် သင့်အတွက် သခင်ခရစ်တော်၌ တည်ဖို့ရန်အတွက် ဖြစ်စေအောင်
ပြုထားခဲ့ပါတယ်။ ပြီးတော့ သခင်ခရစ်တော်သာလျှင် သင့်အား ဘုရား၏ လက်ခံမှု ဖြစ်စေရန် လုပ်ဆောင်ပေးခဲ့သူ
ဖြစ်ပါတယ်။ သခင်ခရစ်တော် မည်သို့ ကျွန်ုပ်အတွက် လုပ်ဆောင်ပေးခဲ့သနည်း။ ပထမဉီးစွာ အသက်အရွယ်၏
ပြသနာ ရှိပါတယ်။
ဘုရားသခင်က ပြီးပြည့်စုံပေမဲ့ လူက မပြည့်စုံပါ။ ဒါဆို ပြီးပြည့်စုံတဲ့
ဘုရားက မပြည့်စုံတဲ့ လူတွေကို ကောင်းကင်နိုင်ငံလို့ခေါ်တဲ့ ပြီးပြည့်စုံတဲ့နေရာကို
ဘယ်လိုဝင်ခွင့်ပေးနိုင်မှာလဲ။ တစ်ခုခုကတော့ ဖြစ်သင့်ပါတယ်။
ပြသနာကို ဘုရားသခင် တာဝန်ယူပါတယ်။ ကမ္ဘာမြေကြီးပေါ်သို့ သခင်ခရစ်တော်ပုံစံ
လူသားအဖြစ် ရောက်လာပြီး သင့်အပြစ်တွေအတွက် အသေခံခဲ့ပါတယ်။ ဤအရာကို ကျေးဇူးတော် ၊ ရွေးနုတ်ခြင်း
(သို့) ဘုရားသခင်၏ ကယ်တင်ခြင်း လို့ခေါ်ပါတယ်။ ဘာသာရေး လေ့လာမှုပညာအဖွဲ့ကနေ မှန်ကန်ကြောင်း
ဖော်ပြထားတာက သင်ဘာကိုဘဲ လုပ်ဆောင်ခဲ့ပါစေ ဘုရားသခင်၏ အမြင်တွင် သင့်ကို သန့်ရှင်းစေပြီး
ပြီးပြည့်စုံ စေခဲ့ပါတယ်။
ဘုရားသခင်သည်
သားတော်ယေရှုကို သင့်အတွက် အသေခံဖို့ရန် စေလွှတ်ခဲ့ခြင်းက ဘုရားသခင်၌ သင်လက်ခံမှု ရရှိစေဖို့ရန်
ဖြစ်ပါတယ်။ ဒါဆို ဘုရားသင့်ကို လက်ခံပါလျှင် တခြားသူတွေထံမှ လက်ခံမှု ဘာကြောင့် လိုအပ်နေမည်နည်း။
အသက်တာတွင် တစ်ခုတည်းသော လွှတ်မြောက်မှုသည် သူတစ်ပါး၏ လက်ခံမှုကို ရရှိဖို့ ထောက်ခံချက်ကို
သင်မလိုအပ်ဘဲ သင်ပျော်ရွှင်ဖို့ကို နောက်ဆုံး ယုံကြည်ဖို့ ဖြစ်ပါတယ်။
သင်ရွေးချယ်ခံရပြီ ၊ အချစ်ခံရပြီ၊ လက်ခံမှု ရရှိခဲ့ပြီ။ ဤအမှန်တရားက သင့်အား
ဝမ်းမြောက်ခြင်းနှင့် ရည်ရွယ်ချက်ပြည့်ဝသော အသက်တာသို့ ဉီးတည်စေလိုက်ပါ။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ လက်ခံမှုကို သင်ခံစားရပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့် မဟုတ်သလဲ။
-
ဘုရားသခင်၏ လက်ခံမှုကို သိခြင်းသည် သင်၏ ရည်ရွယ်ချက်တို့ကို ဖြည့်ဆည်းဖို့ရန် အကူအညီမည်သို့
ဖြစ်စေပါသနည်း။
-
ဘုရားသခင်၏ လက်ခံမှုကို သင်စတင်စဉ်းစားတဲ့အခါ မည်သည့် ကျမ်းပိုဒ်တစ်ချို့က သင့်အား
အားပေးတိုက်တွန်းနိုင်ပါသနည်း။
--------------------------------------------------------------------------------------
Zawgyi Version
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁:၃ “ထိုသခင္သည္ ငါတို႔၏သခင္သာမဟုတ္၊ သင္တို႔၏သခင္လည္း ျဖစ္ေတာ္မူ၏။ သခင္ေယရႈခရစ္ ႏွင့္ ငါတို႔အဘတည္းဟူေသာ ဘုရားသခင့္အထံေတာ္က ေက်းဇူးေတာ္ႏွင့္ ၿငိမ္သက္ျခင္းသည္ သင္တို႔၌ ရွိပါ ေစေသာ။”

အမ်ားစုေသာ လူတို႔သည္ လက္ခံမႈရရွိဖို႔ရန္ ႀကိဳးစားရင္း အသက္တာတစ္ခုလုံးကို ကုန္ဆုံးေစၾကပါတယ္။
သင္ဝတ္ခ်င္ေသာ အဝတ္ ၊ ေမာင္းႏွင္ခ်င္ေသာ ကားအမ်ိဳးအစားကို ေမာင္းႏွင္ေကာင္း ေမာင္းႏွင္ပါမည္။ ဘာေၾကာင့္လဲဆိုေတာ့သင္ လက္ခံမႈကို လိုခ်င္လို႔ ျဖစ္ပါတယ္။ သင္စားေသာအစာ ၊ သင္ေ႐ြးခ်ယ္ေသာ မိတ္ေဆြႏွင့္ သင္ internet ေပၚတြင္ မၾကာခဏဆိုသလဒ ေျပာဆိုေသာအရာတို႔သည္ လက္ခံမႈအတြက္ လိုအပ္ေသာ ႀကီးမ်ာမႈေၾကာင့္ပင္ ျဖစ္ပါတယ္။
သို႔ေသာ္ မိတ္ေဆြ ဘုရားသခင္သင့္အား မဖန္ဆင္းခင္ကတည္းကပင္ သင့္ကို လက္ခံခဲ့ၿပီး ျဖစ္ပါတယ္။
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁:၃ “ထိုသခင္သည္ ငါတို႔၏သခင္သာမဟုတ္၊ သင္တို႔၏သခင္လည္း ျဖစ္ေတာ္မူ၏။ သခင္ေယရႈခရစ္ ႏွင့္ ငါတို႔အဘတည္းဟူေသာ ဘုရားသခင့္အထံေတာ္က ေက်းဇူးေတာ္ႏွင့္ ၿငိမ္သက္ျခင္းသည္ သင္တို႔၌ ရွိပါ ေစေသာ။”
ဘုရားသခင္၏ လက္ခံမႈကို သင္ရွာေတြ႕လို႔ရခဲ့တာ မဟုတ္ပါ။ ဘုရားက ၎ကို အခမဲ့ သင့္အား ေပးပါတယ္။ ဘုရားသခင္ တစ္ပါးတည္းသာလွ်င္ သင့္အတြက္ သခင္ခရစ္ေတာ္၌ တည္ဖို႔ရန္အတြက္ ျဖစ္ေစေအာင္ ျပဳထားခဲ့ပါတယ္။ ၿပီးေတာ့ သခင္ခရစ္ေတာ္သာလွ်င္ သင့္အား ဘုရား၏ လက္ခံမႈ ျဖစ္ေစရန္ လုပ္ေဆာင္ေပးခဲ့သူ ျဖစ္ပါတယ္။ သခင္ခရစ္ေတာ္ မည္သို႔ ကြၽႏ္ုပ္အတြက္ လုပ္ေဆာင္ေပးခဲ့သနည္း။ ပထမဉီးစြာ အသက္အ႐ြယ္၏ ျပသနာ ရွိပါတယ္။
ဘုရားသခင္က ၿပီးျပည့္စုံေပမဲ့ လူက မျပည့္စုံပါ။ ဒါဆို ၿပီးျပည့္စုံတဲ့ ဘုရားက မျပည့္စုံတဲ့ လူေတြကို ေကာင္းကင္ႏိုင္ငံလို႔ေခၚတဲ့ ၿပီးျပည့္စုံတဲ့ေနရာကို ဘယ္လိုဝင္ခြင့္ေပးႏိုင္မွာလဲ။ တစ္ခုခုကေတာ့ ျဖစ္သင့္ပါတယ္။
ျပသနာကို ဘုရားသခင္ တာဝန္ယူပါတယ္။ ကမာၻေျမႀကီးေပၚသို႔ သခင္ခရစ္ေတာ္ပုံစံ လူသားအျဖစ္ ေရာက္လာၿပီး သင့္အျပစ္ေတြအတြက္ အေသခံခဲ့ပါတယ္။ ဤအရာကို ေက်းဇူးေတာ္ ၊ ေ႐ြးႏုတ္ျခင္း (သို႔) ဘုရားသခင္၏ ကယ္တင္ျခင္း လို႔ေခၚပါတယ္။ ဘာသာေရး ေလ့လာမႈပညာအဖြဲ႕ကေန မွန္ကန္ေၾကာင္း ေဖာ္ျပထားတာက သင္ဘာကိုဘဲ လုပ္ေဆာင္ခဲ့ပါေစ ဘုရားသခင္၏ အျမင္တြင္ သင့္ကို သန႔္ရွင္းေစၿပီး ၿပီးျပည့္စုံ ေစခဲ့ပါတယ္။
ဘုရားသခင္သည္ သားေတာ္ေယရႈကို သင့္အတြက္ အေသခံဖို႔ရန္ ေစလႊတ္ခဲ့ျခင္းက ဘုရားသခင္၌ သင္လက္ခံမႈ ရရွိေစဖို႔ရန္ ျဖစ္ပါတယ္။ ဒါဆို ဘုရားသင့္ကို လက္ခံပါလွ်င္ တျခားသူေတြထံမွ လက္ခံမႈ ဘာေၾကာင့္ လိုအပ္ေနမည္နည္း။ အသက္တာတြင္ တစ္ခုတည္းေသာ လႊတ္ေျမာက္မႈသည္ သူတစ္ပါး၏ လက္ခံမႈကို ရရွိဖို႔ ေထာက္ခံခ်က္ကို သင္မလိုအပ္ဘဲ သင္ေပ်ာ္႐ႊင္ဖို႔ကို ေနာက္ဆုံး ယုံၾကည္ဖို႔ ျဖစ္ပါတယ္။
သင္ေ႐ြးခ်ယ္ခံရၿပီ ၊ အခ်စ္ခံရၿပီ၊ လက္ခံမႈ ရရွိခဲ့ၿပီ။ ဤအမွန္တရားက သင့္အား ဝမ္းေျမာက္ျခင္းႏွင့္ ရည္႐ြယ္ခ်က္ျပည့္ဝေသာ အသက္တာသို႔ ဉီးတည္ေစလိုက္ပါ။
ဆင္ျခင္ရန္
- ဘုရားသခင္၏ လက္ခံမႈကို သင္ခံစားရပါသလား။ ဘာေၾကာင့္လဲ (သို႔) ဘာေၾကာင့္ မဟုတ္သလဲ။
- ဘုရားသခင္၏ လက္ခံမႈကို သိျခင္းသည္ သင္၏ ရည္႐ြယ္ခ်က္တို႔ကို ျဖည့္ဆည္းဖို႔ရန္ အကူအညီမည္သို႔ ျဖစ္ေစပါသနည္း။
- ဘုရားသခင္၏ လက္ခံမႈကို သင္စတင္စဥ္းစားတဲ့အခါ မည္သည့္ က်မ္းပိုဒ္တစ္ခ်ိဳ႕က သင့္အား အားေပးတိုက္တြန္းႏိုင္ပါသနည္း။