Unicode Version
သုတ္တံကျမ်း ၁၆း၂၃ " ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။"
အဓိပ္ပါယ်ရှိတဲ့စကားကို တစ်စုံတစ်ယောက်နဲ့ ပြောဆိုချင်ပါသလား။ ဆုတောင်းဖို့လည်းလိုပါတယ်။ "အဖဘုရား ဘာကိုပြောရမည်၊ ဘယ်အချိန်မှာပြောရမည် ၊ ဘယ်ကဲ့လိုပြောရမည်ကို လမ်းပြသွန်သင်ပေးပါ" လို့ ဘုရားသခင်အား သင်ပြောဖို့လိုအပ်ပါတယ်။
သခင်ယေရှုတောင် ဤသို့ပြုခဲ့ပါတယ်။
ရှင်ယောဟန် ခရစ်ဝင် ၁၂း၄၉ တွင် သခင်ယေရှုဆိုထားသည်မှာ " အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သောခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။-"
သခင်ခရစ်တော်က သူ၏ကိုယ်ပိုင်အစွမ်းတန်ခိုးဖြင့် လှည့်လည်ပြောကြားတာမဟုတ်ပါ။ သူ၏အဖဘုရားနှင့် ပြောဆိုပြီး သူဘာကိုပြောသင့်တယ်၊ ဘယ်ချိန်တွင်ပြောဆိုသင့်ကြောင်းကို အဖဘုရားရှင်ကပြောပြပေးပါတယ်။
သင်၌လည်း ဘုရားသခင် ထိုသို့ ပြုပါလိမ့်မယ်။ ဘုရားမပြုဘူးဆိုလျှင် သင်မတောင်းလျှောက်လို့သာဖြစ်ပါတယ်။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် တန်ခိုးတော်ကို သင်မတီးခေါက်ရသေးလို့ဖြစ်ပါတယ်။ ဘုရားသခင်၏သားသမီးတွေကဲ့သို့ ထိုက်သောအရာဆိုတဲ့အကျိုးကျေးဇူးကို သင်မယူသေးခဲ့လို့ဖြစ်ပါတယ်။ သားသမီးတွေသည် သူတို့လိုအပ်သည်ဟုတွေးထင်တော့အရာကို ပေးကမ်းမှုရရန် ယုံကြည်ရပါမည်။ ဘုရားသခင်သည်လည်း သင်လိုအပ်နေတာကိုသိရှိပါတယ်။
အရေးကြီးသောဆွေးနွေးပွဲသို့ မပြင်မဆင်ဘဲ သင်ဘယ်တော့မှမလျှောက်လှမ်းရပါဘူး။ ထိုနည်း၎င်းပင် အပြစ်မြင်သောစကားတွေကို သင်၏သားသမီး၊ ဇနီး (သို့မဟုတ်) အိမ်နီးချင်းတွေဆီ မပြောဆိုခင်မှာ သင်ဆုတောင်းခြင်းနှင့် အစီအစဉ် ဆွဲဖို့လိုအပ်ပါတယ်။ ၎င်းသည် သင်၏စကားပြောဆိုခြင်းကို မည်သည့်နေရာတွင်မဆို ရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။
သုတ္တံကျမ်း ၁၆း၂၃ " ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။"
တစ်နည်းအားဖြင့် သင်စကားပြောကောင်းသောသူ တစ်ဦးဖြစ်ချင်ပါလျှင် သူ၏တွေးခေါ်မှုကို ပါးစပ်မလှုပ်ရှားချင်မှာ တန်ဆာပလာအဖြစ် ထားရှိရပါမည်။ သင်ပြောဆိုမည့်အရာကို ကြိုတင်အစီအစဉ်ဆွဲထားပါ။
လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ။
ကောလောသဲဩဝါဒစာ ၄:၆
အထက်ပါကျမ်းပိုဒ်ကိုသာ သင် ကျင့်သုံးရုံဖြင့်သာ စကားပြောခြင်းအရာမှာ ဆရာတစ်ဆူဖြစ်လာပါလိမ့်မည်။ သင်၏စကားလုံးတို့ကို စာနာခြင်းနှင့် ကောင်းစွာတွေးခေါ်တတ်ခြင်းကို သေချာစေသောတစ်ခုတည်းသောနည်းလမ်းက ကြိုတင်စီစဉ်ပြီးဆုတောင်းခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
- ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ အရေးကြီးစကားပြောဆိုဖို့ရန် သင်အလျင်လိုခဲ့ဖူးပါသလား။ ရလဒ်ကမည်သို့နည်းး။
- ဆုတောင်းတဲ့အခါမှာ ဘာကိုပြောဆိုသင့်သည်၊ ဘယ်အချိန်ဘယ်လိုပြုသင့်သည်လို့ ဘုရားသခင်သင့်ကိုဖော်ပြပါသနည်း။
- စကားစမြည် ပြောဆိုခြင်းကို သင်စတင်လုပ်ဆောင်တဲ့အခါမှာ ရှင်းလင်းသောအမြင်ရှိဖို့ရန် ဘာကြောင့်အရေးကြီးပါသနည်း။ ဆက်စပ်စဉ်းစားတွေးခေါ်ခြင်းအရာက ဘာကြောင့်အရေးပါသနည်း။
----------------------------------------------------------------------------------
Zawgyi Version
ကောလောသဲဩဝါဒစာ ၄:၆
ဆင်ခြင်ရန်