ယုံကြည်စိတ်ချရခြင်းအတွက် ဘုရား၏ တန်ခိုးတော်ဆီ ချိတ်ဆက်ပါ။ For confidence, plug into God’s power

ယူနီကုတ်

ယုံကြည်စိတ်ချရခြင်းအတွက် ဘုရား၏ တန်ခိုးတော်ဆီ ချိတ်ဆက်ပါ။

ကောရိန္သုဒုတိယစောင် ၃: ၅-၆ “သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊  ပဋိညာဉ် တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆို သော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ် တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။”

 

ဘုရားသခင် ဖြစ်စေလိုသည်အတိုင်း သင်ဖြစ်နေခြင်းကို အောင်မြင်ခြင်း အဓိပ္ပါယ်ရှိပါတယ်။ ဤအရာကို သိရှိခြင်းက သင့်ကို ကြီးမားသော ယုံကြည်စိတ်ချရမှု ပေးသင့်ပါတယ်။ သို့ပေမဲ့လည်း အချိန်တိုင်း သင်စိတ်မချရနိုင်ဘူးလို့ ဝန်ခံကောင်း ဝန်ခံနေပါမည်။ မလုံခြုံခြင်းအတွက် ခြေကုန်လက်ပန်းကျနေပါမည်။ ယုံကြည်စိတ်ချမှုရှိသလိုမျိုး ပြုမူနိုင်ပေမဲ့ တစ်ချို့အရာတွေနဲ့ ပတ်သက်ပြီး သင်မကြိုက်တာတွေတောင် ရှိနေပါမည်။

 

ယုံကြည်စိတ်ချရခြင်းအရာမှာ ဘာကြောင့် သင်ချို့တဲ့နေရသနည်း။ အကြောင်းရင်း (၂) ရပ်ရှိပါတယ်။

ပထမဉီးစွာ ဘုရားသင့်ကို ပုံမဖော်ထားတဲ့ တခြားတစ်ယောက်ပုံစံမျိုး သင်ကြိုးစားဖြစ်တည်နေခြင်း ဖြစ်သည်။ ဤအရာက ကြောက်စရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တခြားတစ်ယောက်လို သင်မဖြစ်နိုင်လို့ပါ။

 

ကောရိန္သုဒုတိယစောင် ၃: ၅-၆ “သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊  ပဋိညာဉ် တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆို သော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ် တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။”

 

ဘုရားသင့်အား ပုံဖော်ထားတဲ့ သင်၏လုပ်ဆောင်နိုင်စွမ်းတွေကို သင်ရှာဖွေတွေ့ရှိတဲ့အခါမှသာလျှင် သင်၌ ယုံကြည်စိတ်ချရမှု ဖြစ်လာပါမည်။ ၎င်းတွင် သင်၏ဝိညာဉ်ရေးရာ ဆုကျေးဇူး ၊ စိတ်နှလုံး ၊ စွမ်းရည် နှင့် အတွေ့အကြုံတို့ ပါဝင်ပါသည်။

နောက်အကြောင်းရင်းတစ်ခုက ဘုရား၏ တန်ခိုးထက် သင်၏ လုပ်နိုင်စွမ်းခွန်အားကို မှီခိုတဲ့အတွက်ကြောင့် စိတ်ချယုံကြည်ရခြင်းတွေ ချို့တဲ့ရခြင်း ဖြစ်ပါတယ်။ ၎င်းသည် ကျရှုံးခြင်းအတွက် အာမခံချက်ဖြစ်ပါတယ်။

 

သင့်အထဲ၌ ဘုရားသခင် လုပ်ဆောင်နိုင်စွမ်းတွေ ထည့်ထားသည့်တိုင် အရာအားလုံးကို သင်၏ အကြံအစည်ဖြင့် လုပ်ဆောင်ဖို့ သင့်အား ဖန်ဆင်းထားခြင်းမဟုတ်ပါ။ သင်၏ ကိုယ်ပိုင်စွမ်းရည်ပေါ်မူတည်ပြီး သင်၏အသက်တာ ကို ဖြတ်သန်းစေဖို့ ဘုရားမရည်ရွယ်ပါ။ သူ့အား မှီခိုအားကိုးဖို့ရန်သာ ရည်ရွယ်ထားပါတယ်။

 

ကြိတ်စက်ဆိုတာ အရာတစ်ခုကို ကြိတ်ဖို့ရန် ဖန်တီးထားပေမဲ့ လျှပ်စစ်နှင့် မဆက်သွယ်သရွေ့တော့ တန်ဖိုးမဲ့နေမှာ ဖြစ်ပါတယ်။ အသုံးမဝင်တော့ပါ။ ၎င်း၏ ဖြစ်တည်မှုကိုလည်း မဖြည့်ဆည်းနိုင်တော့ပါ။

ဘုရားသခင် သင့်အား လုပ်ဆောင်နိုင်စွမ်းတွေ ပေးထားပါတယ်။ သို့ပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တန်ခိုးတော်ဆီ ချိတ်ဆက်မှု မပြုသရွေ့ ၎င်းလုပ်ဆောင်နိုင်စွမ်းသည် တန်ဖိုးမဲ့နေပါမည်။

 

သခင်ခရစ်တော်၌ စိတ်ချယုံကြည်မှုနှင့်အတူ အသက်ရှင်ဖို့ရန် လိုအပ်သော အရာတွေကို သင်ရရှိပြီဖြစ်သည်။

သမ္မာကျမ်းစာက ဖိလိပ္ပိ ၄:၁၃ တွင် ဖော်ပြထားသည်မှာ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။

 

ဆင်ခြင်ရန်

- သင့်အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကို မည်ကဲ့သို့ တွေ့ကြုံခဲ့ဖူးပါသနည်း။

- ဘုရားသခင်၏ တန်ခိုးတော်နှင့် မည်သို့သော လက်တွေ့ကျသော နည်းလမ်းများဖြင့် သင်ချိတ်ဆက်နိုင်မည်နည်း။

- သင်၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့ရန် မည်သို့တိကျသော နည်းဖြင့် ဘုရားသခင်အား လုပ်ဆောင်နိုင်စွမ်းတွေ ပေးထားပါသနည်း။


------------------------------------------------------------------------------------------------

ဇော်ဂျီ

ယုံၾကည္စိတ္ခ်ရျခင္းအတြက္ ဘုရား၏ တန္ခိုးေတာ္ဆီ ခ်ိတ္ဆက္ပါ။

ေကာရိႏ္သဳဒုတိယေစာင္ ၃: ၅-၆ “သို႔ရာတြင္ ငါတို႔သည္ကိုယ္တန္ခိုးကိုအမွီျပဳ၍၊ ကိုယ္အလိုအေလ်ာက္ တစုံတခုကိုႀကံစည္ျခင္းငွါ တတ္ႏိုင္သည္မဟုတ္။ ဘုရားသခင္ကိုအမွီျပဳ၍သာ တတ္ႏိုင္သည္ႏွင့္အညီ၊  ပဋိညာဥ္ တရားသစ္၏ ဆရာျဖစ္ႏိုင္ေသာ အစြမ္းသတၱိကို ဘုရားသခင္သည္ ငါတို႔အားေပးေတာ္ မူ၏။ ထိုသို႔ဆို ေသာ္ က်မ္းေဟာင္းတရားကိုမဆိုလို၊ ဝိညာဥ္ေတာ္တရားကိုဆိုလို၏။ က်မ္းေဟာင္းတရားသည္ အသက္ကိုသတ္ တတ္၏။ ဝိညာဥ္ေတာ္တရားမူကား ရွင္ေစတတ္၏။”



ဘုရားသခင္ ျဖစ္ေစလိုသည္အတိုင္း သင္ျဖစ္ေနျခင္းကို ေအာင္ျမင္ျခင္း အဓိပၸါယ္ရွိပါတယ္။ ဤအရာကို သိရွိျခင္းက သင့္ကို ႀကီးမားေသာ ယုံၾကည္စိတ္ခ်ရမႈ ေပးသင့္ပါတယ္။ သို႔ေပမဲ့လည္း အခ်ိန္တိုင္း သင္စိတ္မခ်ရႏိုင္ဘူးလို႔ ဝန္ခံေကာင္း ဝန္ခံေနပါမည္။ မလုံၿခဳံျခင္းအတြက္ ေျခကုန္လက္ပန္းက်ေနပါမည္။ ယုံၾကည္စိတ္ခ်မႈရွိသလိုမ်ိဳး ျပဳမူႏိုင္ေပမဲ့ တစ္ခ်ိဳ႕အရာေတြနဲ႔ ပတ္သက္ၿပီး သင္မႀကိဳက္တာေတြေတာင္ ရွိေနပါမည္။


ယုံၾကည္စိတ္ခ်ရျခင္းအရာမွာ ဘာေၾကာင့္ သင္ခ်ိဳ႕တဲ့ေနရသနည္း။ အေၾကာင္းရင္း (၂) ရပ္ရွိပါတယ္။

ပထမဉီးစြာ ဘုရားသင့္ကို ပုံမေဖာ္ထားတဲ့ တျခားတစ္ေယာက္ပုံစံမ်ိဳး သင္ႀကိဳးစားျဖစ္တည္ေနျခင္း ျဖစ္သည္။ ဤအရာက ေၾကာက္စရာ ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ တျခားတစ္ေယာက္လို သင္မျဖစ္ႏိုင္လို႔ပါ။


ေကာရိႏ္သဳဒုတိယေစာင္ ၃: ၅-၆ “သို႔ရာတြင္ ငါတို႔သည္ကိုယ္တန္ခိုးကိုအမွီျပဳ၍၊ ကိုယ္အလိုအေလ်ာက္ တစုံတခုကိုႀကံစည္ျခင္းငွါ တတ္ႏိုင္သည္မဟုတ္။ ဘုရားသခင္ကိုအမွီျပဳ၍သာ တတ္ႏိုင္သည္ႏွင့္အညီ၊  ပဋိညာဥ္ တရားသစ္၏ ဆရာျဖစ္ႏိုင္ေသာ အစြမ္းသတၱိကို ဘုရားသခင္သည္ ငါတို႔အားေပးေတာ္ မူ၏။ ထိုသို႔ဆို ေသာ္ က်မ္းေဟာင္းတရားကိုမဆိုလို၊ ဝိညာဥ္ေတာ္တရားကိုဆိုလို၏။ က်မ္းေဟာင္းတရားသည္ အသက္ကိုသတ္ တတ္၏။ ဝိညာဥ္ေတာ္တရားမူကား ရွင္ေစတတ္၏။”


ဘုရားသင့္အား ပုံေဖာ္ထားတဲ့ သင္၏လုပ္ေဆာင္ႏိုင္စြမ္းေတြကို သင္ရွာေဖြေတြ႕ရွိတဲ့အခါမွသာလွ်င္ သင္၌ ယုံၾကည္စိတ္ခ်ရမႈ ျဖစ္လာပါမည္။ ၎တြင္ သင္၏ဝိညာဥ္ေရးရာ ဆုေက်းဇူး ၊ စိတ္ႏွလုံး ၊ စြမ္းရည္ ႏွင့္ အေတြ႕အႀကဳံတို႔ ပါဝင္ပါသည္။

ေနာက္အေၾကာင္းရင္းတစ္ခုက ဘုရား၏ တန္ခိုးထက္ သင္၏ လုပ္ႏိုင္စြမ္းခြန္အားကို မွီခိုတဲ့အတြက္ေၾကာင့္ စိတ္ခ်ယုံၾကည္ရျခင္းေတြ ခ်ိဳ႕တဲ့ရျခင္း ျဖစ္ပါတယ္။ ၎သည္ က်ရႈံးျခင္းအတြက္ အာမခံခ်က္ျဖစ္ပါတယ္။


သင့္အထဲ၌ ဘုရားသခင္ လုပ္ေဆာင္ႏိုင္စြမ္းေတြ ထည့္ထားသည့္တိုင္ အရာအားလုံးကို သင္၏ အႀကံအစည္ျဖင့္ လုပ္ေဆာင္ဖို႔ သင့္အား ဖန္ဆင္းထားျခင္းမဟုတ္ပါ။ သင္၏ ကိုယ္ပိုင္စြမ္းရည္ေပၚမူတည္ၿပီး သင္၏အသက္တာ ကို ျဖတ္သန္းေစဖို႔ ဘုရားမရည္႐ြယ္ပါ။ သူ႔အား မွီခိုအားကိုးဖို႔ရန္သာ ရည္႐ြယ္ထားပါတယ္။


ႀကိတ္စက္ဆိုတာ အရာတစ္ခုကို ႀကိတ္ဖို႔ရန္ ဖန္တီးထားေပမဲ့ လွ်ပ္စစ္ႏွင့္ မဆက္သြယ္သေ႐ြ႕ေတာ့ တန္ဖိုးမဲ့ေနမွာ ျဖစ္ပါတယ္။ အသုံးမဝင္ေတာ့ပါ။ ၎၏ ျဖစ္တည္မႈကိုလည္း မျဖည့္ဆည္းႏိုင္ေတာ့ပါ။

ဘုရားသခင္ သင့္အား လုပ္ေဆာင္ႏိုင္စြမ္းေတြ ေပးထားပါတယ္။ သို႔ေပမဲ့ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္အားျဖင့္ တန္ခိုးေတာ္ဆီ ခ်ိတ္ဆက္မႈ မျပဳသေ႐ြ႕ ၎လုပ္ေဆာင္ႏိုင္စြမ္းသည္ တန္ဖိုးမဲ့ေနပါမည္။


သခင္ခရစ္ေတာ္၌ စိတ္ခ်ယုံၾကည္မႈႏွင့္အတူ အသက္ရွင္ဖို႔ရန္ လိုအပ္ေသာ အရာေတြကို သင္ရရွိၿပီျဖစ္သည္။

သမၼာက်မ္းစာက ဖိလိပၸိ ၄:၁၃ တြင္ ေဖာ္ျပထားသည္မွာ “ငါ့ကို ခြန္အားႏွင့္ျပည့္စုံေစေတာ္မူေသာ ခရစ္ေတာ္အားျဖင့္ ခပ္သိမ္းေသာအမႈတို႔ကို ငါတတ္စြမ္း ႏိုင္၏။”


ဆင္ျခင္ရန္

- သင့္အသက္တာတြင္ သန႔္ရွင္းေသာဝိညာဥ္ေတာ္၏ တန္ခိုးကို မည္ကဲ့သို႔ ေတြ႕ႀကဳံခဲ့ဖူးပါသနည္း။

- ဘုရားသခင္၏ တန္ခိုးေတာ္ႏွင့္ မည္သို႔ေသာ လက္ေတြ႕က်ေသာ နည္းလမ္းမ်ားျဖင့္ သင္ခ်ိတ္ဆက္ႏိုင္မည္နည္း။

- သင္၏ရည္႐ြယ္ခ်က္ကို ျဖည့္ဆည္းဖို႔ရန္ မည္သို႔တိက်ေသာ နည္းျဖင့္ ဘုရားသခင္အား လုပ္ေဆာင္ႏိုင္စြမ္းေတြ ေပးထားပါသနည္း။