Unicode Version
ရှင်ယောဟန်သြဝါဒစာ ပဌမစောင် ၅း၁၁-၁၂ " သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။- သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။"
လူတွေထာဝရအသက်ရှင်ခြင်း ရဖို့အတွက်သခင်ယေရှုရောက်လာခဲ့ပါတယ်။ သခင်ယေရှု၌သာ ရှာတွေ့နိုင်သောတခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ အသက်သည်လည်း သားတော်ယေရှု၌သာ တွေ့ရသည်ကို သမ္မာကျမ်းစာကလည်း ဖော်ပြထားပါတယ်။
ထာဝရအသက်၏ အဓိကအရာ သုံးပါးတဆူတည်းသောဘုရားသခင်နှင့် ပုဂ္ဂိုလ်ရေးရာ ဆက်ဆံမှု၊ ရင်းနှီးကျွမ်းဝင်မှုရှိခြင်း ဖြစ်ပါတယ်။ ၎င်းသည် သခင်ရယေရှုပြုခဲ့ပြီးသော တူညီတဲ့အကြောင်းအရာဖြစ်ပါတယ်။
ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။-
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
အသက်ရှင်ခြင်းကို လူတော်တော်များများ ကိုယ့်အကြံစည်ဖြင့် ကြိုးစားရှာဖွေကြပါတယ်။ ကျန်းမာစွာ နေထိုင်ခြင်းဖြင့်လည်းကောင်း၊ တရားဆင်ခြင်အောက်မေ့ခြင်းဖြင့် လည်းကောင်း ကြိုးစားနေထိုင်ကြပါတယ်။ သို့ပေမဲ့ သမ္မာကျမ်းစာကဆိုထားသည်မှာ ဤသို့သောနည်းလမ်းဖြင့် အကူညီမရပါ။ ထာဝရအသက်ကိုရှာပေးဖို့ရန် သခင်ယေရှုသာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး ကျွန်ုပ်တို့ကို ဘုရားသခင် ရင်ကြားစေ့ပေးနိုင်သောသူ သာဖြစ်ပါတယ်။ ဤရင်ကြားစေ့ခြင်းမရှိပါရှင် ကျွန်ုပ်တို့၏အပြစ်တွေကြောင့် ဘုရားသခင်ရှေ့ကို ရောက်ရှိသွားဖို့မဖြစ်စေနိုင်ပါ။ ဘုရားသခင်၏ မျက်မှောက်တော်အပြင်ဘက်မှာဆိုရင်သေခြင်းတစ်မျိုးသာဖြစ်ပါတယ်။
ဒါကြောင့်သမ္မာကျမ်းစာ ရေးသားသူတွေက သခင်ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်ဖို့ရန် ဘယ်လောက်အရေးကြီး သလဲဆိုတာကို ထပ်ခါထပ်ခါ အလေးပေးနေခြင်းဖြစ်ပါတယ်။
"ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။-"
ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၂၀
သင် ဘုရားသခင်၏ သားတော်ကိုရရှိပြီးပြီလား။
----------------------------------------------------------------------------
Zawgyi Version
ရွင္ေယာဟန္ၾသဝါဒစာ ပဌမေစာင္ ၅း၁၁-၁၂ " သက္ေသခံေတာ္မူခ်က္ ဟူမူကား၊ ဘုရားသခင္သည္ ငါတို႔အား ထာဝရအသက္ကို ေပးေတာ္မူ၍၊ ထိုအသက္သည္လည္း သားေတာ္၌ပါ၏။- သားေတာ္ကိုရေသာသူသည္ အသက္ကိုရ၏။ ဘုရားသခင္၏သားေတာ္ကို မရေသာသူမူကား အသက္ကိုမရ။"
လူေတြထာဝရအသက္ရွင္ျခင္း ရဖို႔အတြက္သခင္ေယရႈေရာက္လာခဲ့ပါတယ္။ သခင္ေယရႈ၌သာ ရွာေတြ႕ႏိုင္ေသာတခုတည္းေသာနည္းလမ္းျဖစ္ပါတယ္။ အသက္သည္လည္း သားေတာ္ေယရႈ၌သာ ေတြ႕ရသည္ကို သမၼာက်မ္းစာကလည္း ေဖာ္ျပထားပါတယ္။
ထာဝရအသက္၏ အဓိကအရာ သုံးပါးတဆူတည္းေသာဘုရားသခင္ႏွင့္ ပုဂၢိဳလ္ေရးရာ ဆက္ဆံမႈ၊ ရင္းႏွီးကြၽမ္းဝင္မႈရွိျခင္း ျဖစ္ပါတယ္။ ၎သည္ သခင္ရေယရႈျပဳခဲ့ၿပီးေသာ တူညီတဲ့အေၾကာင္းအရာျဖစ္ပါတယ္။
ေယရႈက၊ ငါသည္ လမ္းခရီးျဖစ္၏။ သမၼာတရားလည္းျဖစ္၏။ အသက္လည္းျဖစ္၏။ ငါ့ကို အမွီမျပဳလွ်င္ အဘယ္သူမွ် ခမည္းေတာ္ထံသို႔မေရာက္ရ။-
ရွင္ေယာဟန္ခရစ္ဝင္ ၁၄:၆
အသက္ရွင္ျခင္းကို လူေတာ္ေတာ္မ်ားမ်ား ကိုယ့္အႀကံစည္ျဖင့္ ႀကိဳးစားရွာေဖြၾကပါတယ္။ က်န္းမာစြာ ေနထိုင္ျခင္းျဖင့္လည္းေကာင္း၊ တရားဆင္ျခင္ေအာက္ေမ့ျခင္းျဖင့္ လည္းေကာင္း ႀကိဳးစားေနထိုင္ၾကပါတယ္။ သို႔ေပမဲ့ သမၼာက်မ္းစာကဆိုထားသည္မွာ ဤသို႔ေသာနည္းလမ္းျဖင့္ အကူညီမရပါ။ ထာဝရအသက္ကိုရွာေပးဖို႔ရန္ သခင္ေယရႈသာ တစ္ခုတည္းေသာနည္းလမ္းျဖစ္ၿပီး ကြၽႏ္ုပ္တို႔ကို ဘုရားသခင္ ရင္ၾကားေစ့ေပးႏိုင္ေသာသူ သာျဖစ္ပါတယ္။ ဤရင္ၾကားေစ့ျခင္းမရွိပါရွင္ ကြၽႏ္ုပ္တို႔၏အျပစ္ေတြေၾကာင့္ ဘုရားသခင္ေရွ႕ကို ေရာက္ရွိသြားဖို႔မျဖစ္ေစႏိုင္ပါ။ ဘုရားသခင္၏ မ်က္ေမွာက္ေတာ္အျပင္ဘက္မွာဆိုရင္ေသျခင္းတစ္မ်ိဳးသာျဖစ္ပါတယ္။
ဒါေၾကာင့္သမၼာက်မ္းစာ ေရးသားသူေတြက သခင္ခရစ္ေတာ္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ဖို႔ရန္ ဘယ္ေလာက္အေရးႀကီး သလဲဆိုတာကို ထပ္ခါထပ္ခါ အေလးေပးေနျခင္းျဖစ္ပါတယ္။
"ထိုေၾကာင့္ ငါတို႔သည္ခရစ္ေတာ္၏ သံတမန္ျဖစ္ၾက၏။ သင္တို႔သည္ရန္ၿငိမ္း၍ ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႕ၾကေလာ့ဟု ဘုရားသခင္သည္ ငါတို႔အားျဖင့္ ႏႈိးေဆာ္ ေသြးေဆာင္ေတာ္မူသကဲ့သို႔၊ ငါတို႔သည္ ခရစ္ေတာ္၏ ကိုယ္စားျဖစ္၍ သင္တို႔ကို ေတာင္းပန္ ေသြးေဆာင္ၾက၏။-"
ေကာရိႏ္သဳဩဝါဒစာဒုတိယေစာင္ ၅:၂၀
သင္ ဘုရားသခင္၏ သားေတာ္ကိုရရွိၿပီးၿပီလား။