Unicode Version
ရှင်မဿဲခရစ်ဝင် ၆:၁
"လူများတို့ မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။"
ဖုန်းကလေးတွေကိုယ်စီ ကိုင်ထားတဲ့ လူငယ်အုပ်စုထဲမှ အသက်ကြီးသော မိန်းမကြီးတဦးပါဝင်တဲ့ဓာတ်ပုံကို သင်အမှတ်ရ ပါသလား။ အဖွဲ့ထဲမှလူငယ်တွေက ရှေ့ကစိတ်ဝင်စားစရာတွေကို ရိုက်ကူးဖို့ကြိုးစားနေကြပေမယ့် မိန်းမကြီး တဦးတည်းသာ ရိုက်ကူးဖို့မကြိုးစားပါဘူး။ ရှေ့ကစိတ်ဝင်စားစရာကိုသာ သဘောတွေ့သည့်အသွင်ကို သူမ၏မျက်နှာမှာ ထင်ဟပ်နေပါတယ်။
ကျွန်ုပ်တိတ်ဆိတ်နေချိန်မှာ သင်ဘယ်တော့မှကျွန်ုပ်၏ ဓာတ်ပုံတွေကို မှာတွေ့ရမည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ Instagram အတွက်ဓာတ်ပုံကောင်းကောင်းတပုံကို အာရုံစိုက်နေမယ်ဆိုလျှင် ဘုရားနှင့်ကျွန်ုပ်၏ဆက်ဆံရေးက မစစ်မှန်တော့ပါဘူး။
ဓါတ်ပုံရိုက်ကူးဖို့ကိုသာ သင်ကြိုးစားလျှင် တဒင်္ဂကအခိုက်အတန့်စိတ်ဝင်စားမှုမှာ သင်မရှိနေနိုင်ပါ။
Quiet time ပြုခြင်းအတွက် (သို့)လူမှုကွန်ယက်မှာတင်ပြခြင်းတွေ့မှာ ကျွန်ုပ်၌ မှန်ကန်သော စိတ်ဓာတ်လှုံ့ဆော် မှုမရှိပါ။ နေ့စဉ် ဘုရားနှင့်အတူ Quiet time ရှိဖို့ သင်လိုအပ်ပါတယ်။ သင်နှင့် ဘုရားသာဖြစ်သင့်ပါတယ်။
တောင်ပေါ်ဒေသနာဟောကြားစဉ် ယေရှု ဆိုခဲ့သည်မှာ
ရှင်မဿဲခရစ်ဝင် ၆:၁
"လူများတို့ မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။"
တနည်းအားဖြင့် ကောင်းသောပုံတစ်ခုကို ရယူပြီး online ပေါ်တင်ခြင်းအရာတွင် တခြားလူတွေ၏ အသိအမှတ်ပြုပေးမှုသာ သင်ရရှိပါလိမ့်မည်။ ၎င်းကသင့်ရရှိမည့် အားလုံးသောအကျိုး ဖြစ်ပါတယ်။
ကြွားဖို့ရန်ကြီးမားတဲ့ စုံစမ်းခြင်းကို လူမှုကွန်ယက် မီဒီယာတွေက ပံ့ပိုးပါတယ်။ သို့ပေမဲ့ သင်ကြွားလိုက်တဲ့အခါမှာ အတားဆီးတွေ၊ ဆူးငြောင့်ခလုတ်တွေကို တည်ဆောက်ပါတယ်။ ၎င်းသည် ပေါင်းသင်း ဆက်ဆံရေးကို မတည်ဆောက်စေသည့်ပြင် မည်သူနှင့်မျှလည်း မနှီးကပ်စေပါ။ လူတွေနဲ့နီးကပ်မှုရှိချင်ပါလျှင် ဆန့်ကျင်ဘက်ကို လုပ်ဆောင်ပါ။ သခင် ယေရှုကူညီပေးခဲ့သော ပြဿနာတွေကို ဝေဌပါ။ စစ်မှန်စေပါ။ ၎င်းသည်လူတွေကို သူတို့၏ပြဿနာများကိုလည်း ဘုရားသခင်ထံ အကူညီတောင်းရန် အားပေးလှုံ့ ဆော်စေပါသည်။
ရှင်ပေတရုသြဝါဒစာပထမစောင် ၅:၆
"ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။"
တခြားသောသူတွေ သူတို့ကိုယ်သူတို့ ထောက်ခံပို့ရန် Social media ကိုအသုံးသည့်အခါ သင်မစိုးရိမ်ပါနှင့်။ သင်ကဘုရား၏ သားသမီးဖြစ်လျှင် အချိန်တန်လျှင်သင့်အား ဘုရားထောက်ခံပါလိမ့်မည်။ သင်အဆင်သင့်ဖြစ်ချိန်ကို ဘုရားသိပါသည်။
တခြားသူတစ်ဦး၏အသွင် ဟန်ဆောင်ခြင်းကို သင်ရပ်တန့်ပစ်လိုက်သည့်အခါ ဘုရားသခင် အလိုတော်ရှိသောသူတစ်ဦးအဖြစ် ရည်ရွယ်သည့်အတိုင်း ထားသည့်နေရာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါလိမ့်မည်။ ပြီးနောက် စစ်မှန်သော ဝမ်းမြောက်ပျော်ရွှင်မှုအခါသမယကို သင်ရရှိနိုင်ပါသည်။
ဆင်ခြင်ရန်
- လူတွေ၏ချီးမွမ်းခြင်းအစား ဘုရား၏ချီးမွမ်းခြင်းပေါ်သာ သင်ရောင့်ရဲဖို့အတွက် ခက်ခဲပါသလား။.ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။
- ကြွားဝါခြင်းက လေးနက်သောဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မှန်သော ပေါင်းသင်းဆက်ဆံရေးကနေ ဘာကြောင့် ကင်းဝေးစေပါသနည်း။
- Social media ပေါ်မှာတခြားသူတွေ၏ မီးမောင်း ထိုးပြထားခြင်းက သင့်အသက်တာကို မကျေမနပ်မှုအဖြစ် မည်ကဲ့သို့ဖြစ်ပေါ်စေပါသနည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ရှင်မဿဲခရစ်ဝင် ၆:၁
ရှင်မဿဲခရစ်ဝင် ၆:၁
ဆင်ခြင်ရန်