Can you make God stop loving you?

 Unicode Version

ရောမဩဝါဒစာ :၃၈-၃၉အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အရာဖြစ် စေ၊ အမြင့်ြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

 

ဧဖက် ၁တွင် သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးကိုမဖြစ်တည်စေခင်က တည်းကပင် သင့်အား ရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။ သို့ပေမဲ့ သင့်ကို ရွေးချယ်ရုံသာ မဟုတ်ခဲ့ပါ။ သူ၏ မေတ္တာတွေကို သင့်ဆီ ပို့ဆောင်ခဲ့ပါတယ်။ ဤလောကကို သူဖန်ဆင်းခြင်းသည် သင့်အား ချစ်ပြီး သူ၏ မိသားစုအတွက် နေရာကို အလိုရှိလို့ ဖြစ်ပါတယ်။

 

သင်ရွေးချယ်ခံရရုံသာ မဟုတ်ပါ။ ချစ်ခြင်းလည်း ခံရပါတယ်။ ကမ္ဘာမြေကြီးကို မဖန်ဆင်းခင်က ဘုရားသခင်သည် သင့်အား သူ၏ချစ်ခြင်းဗဟိုတိင်တွင် ထားရှိခဲ့ပြီ ဖြစ်ပါတယ်။ သင်ကတော့ ဘုရားသခင်ကို အာရုံရှိဖို့ ရှားပါးပါလိမ့်မည်။ သို့ပေမဲ့ ဘုရားသခင်ကတော့ သင့်ကို အချိန်တိုင်း အာရုံစိုက်နေပါတယ်။ တကယ်တော့ လူတိုင်းကို ဘုရားသခင် တစ်ချိန်တည်းမျာ အာရုံစိုက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘုရားသခင် ဖြစ်လို့ပါဘဲ။

သင့်အသက်တာ အခိုက်အတန့်တိုင်းတွင် ဘုရားသင့်အား အာရုံ စိုက်နေပါတယ်။ မြင့်သောအရာ ၊ နှိမ့်သောအရာ ။ ကောင်းသောအရာ ၊ ဆိုးသောအရာတိုင်း ၊ တောင်တန်း - ချိုင့်ဝှမ်းတိုင်း ၊ ဝမ်းမြောက်မှု နှင့် ဝမ်းနည်းမှုတိုင်းကို သူမြင်ပါတယ်။ သင့်အား ချစ်ဖို့ရန် ဘုရားဖန်ဆင်းထားပြီး ဘယ်တော့မှ သူ၏ချစ်ခြင်းအား ရပ်တန့်မည် မဟုတ်ပါ။

 

အကြောင်းရင်း (၂) ရပ်အတွက် ဘုရား၏ ချစ်ခြင်းက သင်နှင့် မကွာစေနိုင်ပါ။ ၎င်းသည် ထာဝရ ၊ အစဉ်အမြဲ ဖြစ်သည်။ သူက ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။

ဘုရားသခင်အား နည်းနည်းလျော့ချစ်အောင် သင်ဘာမှ မလုပ်ဆောင်နိုင်ပါ။ များများချစ်အောင်လည်း လုပ်လို့မရပါဘူး။ သင့်အား ဖန်ဆင်းဖို့နှင့် အာရုံစိုက်ဖို့အတွက် လုံလောက်စွာ အချစ်တွေ ပေးပါတယ်။ သင်၏ အပြစ်တွေကို သင်နှင့် ဝေးကွာစေခဲ့ပြီး သူနှင့်ထာဝရနေထိုင်ဖို့ရန် သင့်အား လုံလောက်စွာ ချစ်ပါတယ်။ သင်၏အပြစ်ကို ကယ်ချွတ်ဖို့ရန် သားတော်ကို စေလွှတ်သည့်တိုင် သင့်အား လုံလောက်စွာ ချစ်ပါတယ်။

ဤထက် ကြီးမြတ်တဲ့ချစ်ခြင်း သင်ဘယ်တော့မှ ရှာမတွေ့နိုင်ပါ။

 

ဆင်ခြင်ရန်

- ဘုရားသခင်အား အမြဲတမ်း အာရုံစိုက်နေသည် ၊ သူ၏ချစ်ခြင်းဗဟိုအဖြစ် သင့်ကို အမြဲတမ်းရှိနေစေခြင်းကို သိခြင်းဖြင့် သင်မည်သို့ခံစားရပါသနည်း။

- ဘုရား၏ အချစ်လျော့ကျစေနိုင်သော တစ်စုံတစ်ခုကို သင်လုပ်ဆောင်ခြင်းကြောင့် ကြောက်ခဲ့ဖူးပါသလား။ သူ၏ ချစ်ခြင်းကို သင်မည်သို့ စိတ်ချယုံကြည်မည်နည်း။

- ဘုရား၏ လက္ခဏာနှင့်ပတ်သက်ပြီး သူ၏ချစ်ခြင်း၌ သင်ကိုယ့်ကိုယ်ကို ယုံကြည်မှု ဖြစ်စေသည်ကို မည်သို့ သိရှိပါသနည်း။

------------------------------------------------------------------------------------------------------


Zawgyi Version

ရောမဩဝါဒစာ ၈:၃၈-၃၉ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အရာဖြစ် စေ၊ အမြင့်စ်ြစေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”











ဆင်ခြင်ရန်


