Unicode Version
ဧဖက်ဩဝါဒစာ ၁:၁၁ “မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော
သူ၏ကြံ စည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည်
ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။”

သင်က မည်သူလဲ ၊သင့်အသက်တာ၏ ရည်ရွယ်ချက်က ဘာလဲ ဆိုတာတွေကို သိရှိဖို့ရန် တစ်ခုတည်းသော နည်းလမ်းမှာ သခင်ယေရှုအား မျှော်ကိုးခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက သင့်ကို ဖန်ဆင်းထားလို့ ဖြစ်ပါတယ်။
ကောလောသဲ ၁:၁၅-၁၆
“ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။
ဝေနေယျ သတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော
ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊
အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့
အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏”
“ခရစ်တော်၌” ဆိုသော စကားစုသည် သမ္မာကျမ်းစာတွင်
အရေးကြီးသော အရာတစ်ခု ဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်းတွင် ၎င်းကို ၈၉ ကြိမ်တိုင် အသုံးပြုထားပြီး
“ခရစ်တော်အားဖြင့်”ကို ၇၉ ကြိမ် အသုံးပြုထား ပါတယ်။
ကယ်တင်ခြင်းအတွက်
သခင်ယေရှုကို သင်ယုံကြည်ပါလျှင် သင့်ကိုယ်သင် ခရစ်ယာန်လို့ခေါ်ဝေါ်ဖို့ ရှိပေမဲ့ ခရစ်ယာန်ဆိုတဲ့
စကားလုံးကိုတော့ သမ္မာကျမ်းစာတွင် ၂ကြိမ်သာ ဖော်ပြထားပါတယ်။ သမ္မာကျမ်းစာခေတ်က သခင်ယေရှုနောက်လိုက်အတွက်
ကျမ်းပိုဒ်အများစုတွင် အသုံးပြုထားတာက “ခရစ်တော်အားဖြင့်” ဖြစ်ပါတယ်။
၎င်းသည်
သခင်ယေရှုနောက်လိုက်တစ်ဉီးအဖြစ် သင်မည်သူဖြစ်ဝါဖြစ်ကြောင်း အထောက်အထားကို ရှာဖွေသင့်
သည့် နေရာကို ညွှန်ပြပါတယ်။
ဧဖက်ဩဝါဒစာ ၁:၁၁ “မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော
သူ၏ကြံ စည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည်
ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။”
သခင်ယေရှုအားဖြင့်
သင်မည်သူမည်ဝါဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိပါမည်။ မည့်သည့်အတွက် အသက်ရှင်ခြင်း ဖြစ်ကြောင်းကိုလည်း
တွေ့ရှိရပါမည်။ ၎င်းသည် သင့်အသက်တာဖြစ်တည်ခြင်း၏ ရည်ရွယ်ချက် ဖြစ်ပါတယ်။
ဖန်ဆင်းရှင်ကို
သိရှိခြင်အားဖြင့်သာလျှင် သင်၏မူပိုင် လက္ခဏာနှင့် အသက်တာ ရှင်သန်ရခြင်း၏ ရည်ရွယ်ချက်
တို့ကို သိရှိဖို့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ သင့်ကိုယ်သင် ကောင်းကောင်းသိတယ်လို့
ဆိုပေမဲ့ သင်နဲ့ ပတ်သက်ပြီး ဘုရားသခင်က အရာအားလုံးကို သိထားပါတယ်။ သင့်အား ချစ်ဖို့ရန်
ဖန်ဆင်းထားပြီး သင်သာလျှင် ဖြည့်ဆည်းနိုင်မည့် သင်၏ ရည်ရွယ်ချက်ကို ပေးထားပါတယ်။
သင်၏ ရည်ရွယ်ချက်တို့ကို သိချင်ပါတယ်။ လိုက်လျှောက်ချင်တယ်ဆိုလျှင်
သခင်ခရစ်တော်ကို သိဖို့ လိုအပ်ပါတယ်။ ပြီးတော့ သူ့အား ဉာဏ်ပညာနှင့် လမ်းညွှန်မှုတို့ကို
တောင်းလျှောက်ပါ။
သင်၏ ဖြစ်တည်မှုကို သူတစ်ပါးတို့ထံ ရှာဖွေတဲ့အခါမှာ တွေ့ရှိမှာ မဟုတ်ပါဘူး။
သင်၏ အလုပ် (သို့) သင်၏ ဝါသနာ (သို့) အကြောင်းတရား (သို့) ပြီးမြောက်အောင်မြင်ခြင်းတေွမှာ
ရှာဖွေပါလျှင် သင်၌ စိတ်ပျက်ခြင်း တွေကိုသာ ဖြစ်ပေါ်စေပါမည်။
သင်၏ ဖြစ်တည်မှုကို သခင်ခရစ်တော်ဆီ ရှာဖွေပါလျှင် သင်၏ ရည်ရွယ်ရာနှင့်
၎င်းပေါ် လုပ်ဆောင်ဖို့ရန် လှုံ့ဆော်ခြင်းတွေကို တွေ့ရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-
သခင်ခရစ်တော်မှ လွှဲပြီး တခြားမည်သို့သော အရာတွေပေါ် သင်၏ ဖြစ်တည်ခြင်းကို ကြိုးစားရှာ
ဖွေခဲ့ပါသနည်း။ ရလဒ်ကား မည်သို့နည်း။
-
သခင်ခရစ်တော်ကို သိကျွမ်းခြင်း ၊သူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိခြင်းက သင်၏ ရည်ရွယ်ချက်ကို
အောင်မြင်ရန် ဘာကြောင့်လှုံ့ဆော်ပေးသည် ဟုထင်ပါသနည်း။
-------------------------------------------------------------------------------------------------------
Zawgyi Version
ဧဖက္ဩဝါဒစာ ၁:၁၁ “မိမိေစတနာ၏အလိုေတာ္သို႔လိုက္၍ အလုံးစုံတို႔ကို စီရင္ျပဳျပင္ေတာ္မူတတ္ေသာ သူ၏ႀကံ စည္ျခင္း ရွိသည္အတိုင္း၊ ေရွးမဆြက ခြဲခန္႔မွတ္သားေတာ္မူသည္ႏွင့္အညီ၊ ငါတို႔သည္ ထိုခရစ္ေတာ္အားျဖင့္ အေမြခံျဖစ္ၾက၏။”

သင္က မည္သူလဲ ၊သင့္အသက္တာ၏ ရည္႐ြယ္ခ်က္က ဘာလဲ ဆိုတာေတြကို သိရွိဖို႔ရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ သခင္ေယရႈအား ေမွ်ာ္ကိုးျခင္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက သင့္ကို ဖန္ဆင္းထားလို႔ ျဖစ္ပါတယ္။
ေကာေလာသဲ ၁:၁၅-၁၆ “ထိုသားေတာ္သည္ မ်က္ျမင္မရေသာ ဘုရားသခင္၏ ပုံသ႑ာန္ေတာ္ျဖစ္၏။ ေဝေနယ် သတၱဝါ အေပါင္းတို႔တြင္လည္း သားဦးျဖစ္ေတာ္မူ၏။ အေၾကာင္းမူကား၊ ထိုသားေတာ္သည္ ေကာင္းကင္ေပၚ၊ ေျမႀကီးေပၚမွာရွိသမွ်ေသာ ႐ူပအရာ၊ အ႐ူပ အရာ၊ ရာဇပလႅင္ျဖစ္ေစ၊ အစိုးရျခင္းတန္ခိုးျဖစ္ေစ၊ အထြဋ္အျမတ္ ျဖစ္ေစ၊ အာဏာစက္ျဖစ္ေစ၊ ခပ္သိမ္း ေသာအရာတို႔ကို ဖန္ဆင္းေတာ္မူ၏။ ထိုသခင္အားျဖင့္၎၊ ထိုသခင္အဘို႔ အလိုငွါ၎၊ ခပ္သိမ္းေသာအရာတို႔ သည္ ဖန္ဆင္းလ်က္ျဖစ္ၾက၏”
“ခရစ္ေတာ္၌” ဆိုေသာ စကားစုသည္ သမၼာက်မ္းစာတြင္ အေရးႀကီးေသာ အရာတစ္ခု ျဖစ္ပါတယ္။ ဓမၼသစ္က်မ္းတြင္ ၎ကို ၈၉ ႀကိမ္တိုင္ အသုံးျပဳထားၿပီး “ခရစ္ေတာ္အားျဖင့္”ကို ၇၉ ႀကိမ္ အသုံးျပဳထား ပါတယ္။
ကယ္တင္ျခင္းအတြက္ သခင္ေယရႈကို သင္ယုံၾကည္ပါလွ်င္ သင့္ကိုယ္သင္ ခရစ္ယာန္လို႔ေခၚေဝၚဖို႔ ရွိေပမဲ့ ခရစ္ယာန္ဆိုတဲ့ စကားလုံးကိုေတာ့ သမၼာက်မ္းစာတြင္ ၂ႀကိမ္သာ ေဖာ္ျပထားပါတယ္။ သမၼာက်မ္းစာေခတ္က သခင္ေယရႈေနာက္လိုက္အတြက္ က်မ္းပိုဒ္အမ်ားစုတြင္ အသုံးျပဳထားတာက “ခရစ္ေတာ္အားျဖင့္” ျဖစ္ပါတယ္။
၎သည္ သခင္ေယရႈေနာက္လိုက္တစ္ဉီးအျဖစ္ သင္မည္သူျဖစ္ဝါျဖစ္ေၾကာင္း အေထာက္အထားကို ရွာေဖြသင့္ သည့္ ေနရာကို ၫႊန္ျပပါတယ္။
ဧဖက္ဩဝါဒစာ ၁:၁၁ “မိမိေစတနာ၏အလိုေတာ္သို႔လိုက္၍ အလုံးစုံတို႔ကို စီရင္ျပဳျပင္ေတာ္မူတတ္ေသာ သူ၏ႀကံ စည္ျခင္း ရွိသည္အတိုင္း၊ ေရွးမဆြက ခြဲခန္႔မွတ္သားေတာ္မူသည္ႏွင့္အညီ၊ ငါတို႔သည္ ထိုခရစ္ေတာ္အားျဖင့္ အေမြခံျဖစ္ၾက၏။”
သခင္ေယရႈအားျဖင့္ သင္မည္သူမည္ဝါျဖစ္ေၾကာင္းကို ရွာေဖြေတြ႕ရွိပါမည္။ မည့္သည့္အတြက္ အသက္ရွင္ျခင္း ျဖစ္ေၾကာင္းကိုလည္း ေတြ႕ရွိရပါမည္။ ၎သည္ သင့္အသက္တာျဖစ္တည္ျခင္း၏ ရည္႐ြယ္ခ်က္ ျဖစ္ပါတယ္။
ဖန္ဆင္းရွင္ကို သိရွိျခင္အားျဖင့္သာလွ်င္ သင္၏မူပိုင္ လကၡဏာႏွင့္ အသက္တာ ရွင္သန္ရျခင္း၏ ရည္႐ြယ္ခ်က္ တို႔ကို သိရွိဖို႔ရန္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ပါတယ္။ သင့္ကိုယ္သင္ ေကာင္းေကာင္းသိတယ္လို႔ ဆိုေပမဲ့ သင္နဲ႔ ပတ္သက္ၿပီး ဘုရားသခင္က အရာအားလုံးကို သိထားပါတယ္။ သင့္အား ခ်စ္ဖို႔ရန္ ဖန္ဆင္းထားၿပီး သင္သာလွ်င္ ျဖည့္ဆည္းႏိုင္မည့္ သင္၏ ရည္႐ြယ္ခ်က္ကို ေပးထားပါတယ္။
သင္၏ ရည္႐ြယ္ခ်က္တို႔ကို သိခ်င္ပါတယ္။ လိုက္ေလွ်ာက္ခ်င္တယ္ဆိုလွ်င္ သခင္ခရစ္ေတာ္ကို သိဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ သူ႔အား ဉာဏ္ပညာႏွင့္ လမ္းၫႊန္မႈတို႔ကို ေတာင္းေလွ်ာက္ပါ။
သင္၏ ျဖစ္တည္မႈကို သူတစ္ပါးတို႔ထံ ရွာေဖြတဲ့အခါမွာ ေတြ႕ရွိမွာ မဟုတ္ပါဘူး။ သင္၏ အလုပ္ (သို႔) သင္၏ ဝါသနာ (သို႔) အေၾကာင္းတရား (သို႔) ၿပီးေျမာက္ေအာင္ျမင္ျခင္းေတြမွာ ရွာေဖြပါလွ်င္ သင္၌ စိတ္ပ်က္ျခင္း ေတြကိုသာ ျဖစ္ေပၚေစပါမည္။
သင္၏ ျဖစ္တည္မႈကို သခင္ခရစ္ေတာ္ဆီ ရွာေဖြပါလွ်င္ သင္၏ ရည္႐ြယ္ရာႏွင့္ ၎ေပၚ လုပ္ေဆာင္ဖို႔ရန္ လႈံ႕ေဆာ္ျခင္းေတြကို ေတြ႕ရွိပါလိမ့္မည္။
ဆင္ျခင္ရန္
- သခင္ခရစ္ေတာ္မွ လႊဲၿပီး တျခားမည္သို႔ေသာ အရာေတြေပၚ သင္၏ ျဖစ္တည္ျခင္းကို ႀကိဳးစားရွာ ေဖြခဲ့ပါသနည္း။ ရလဒ္ကား မည္သို႔နည္း။
- သခင္ခရစ္ေတာ္ကို သိကြၽမ္းျခင္း ၊သူႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈရွိျခင္းက သင္၏ ရည္႐ြယ္ခ်က္ကို ေအာင္ျမင္ရန္ ဘာေၾကာင့္လႈံ႕ေဆာ္ေပးသည္ ဟုထင္ပါသနည္း။