ကြောက်ရွံ့ခြင်းထက် ယုံကြည်ခြင်းကို ရွေးချယ်ပါ။ | Choose faith over fear

 Unicode Version


ဟေဗြဲဩဝါဒစာ ၁၁:၂၇ “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။

 

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် (သို့) ကြောက်ရွံ့ခြင်းအားဖြင့် အသက်ရှင်နေထိုင်ကြပါတယ်။

သမ္မာကျမ်းစာက ဟေဗြဲဩဝါဒစာ တွင် မောရှေ အားဖြင့် ဖော်ပြထားပါတယ်။ ဘုရားသခင်၏ ဒေါသကို မကြောက်ဘဲ အဲဣတ္တုပြည်မှ ထွက်ခွာခဲ့ခြင်းသည်  ကြောက်ရွံ့ခြင်းထက် ယုံကြည်ခြင်းဖြင့် အသက်ရှင်မှုကို ရွေးချယ်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့အား မောရှေ၏ သာဓကအားဖြင့် သွန်သင်နေပါတယ်။

 

မောရှေသည် လောကတွင် တန်ခိုးအားဏာအကြီးမားဆုံးသောသူထံ သွားပြီး “မင်းရဲ့ ပိရမစ်တွေကို တည် ဆောက်ပေးနေတဲ့ ကျွန်တွေကို သိပါရဲ့လား။ ထိုသူတို့ကို ကျွန်ုပ်ခေါ်ဆောင်ပြီး ထွက်ခွာပါမည်။ သင်၌ ကျွန် အလုပ်သမား မရှိတော့ပါဘူး။ ကျွန်ုပ်၏ လူတို့ကို လွှတ်စေဟု” ပြောခဲ့ပါတယ်။

 

မောရှေ၌ စိုးရိမ်ကြောက်ရွံ့စရာ အကြောင်းတရား များစွာ ရှိပါတယ်။ မောရှေသည် ဖာရောဘုရင် ပြောသမျှတွေကို ဆန့်ကျင်ဖို့ရန် လုပ်ဆောင်ပါတယ်။ မောရှေကြေငြာသည်မျာ “သင်ပြောသမျှတွေကို ကျွန်ုပ်လုပ်ဆောင်ဖို့ မရှိပါ။ သင့်ကိုလည်း မကြောက်ပါ။ ဘာကြောင့်လဲဆိုတော့ ပိုပြီးကြီးမြတ်တဲ့ အာဏာရှိသူကို ကျွန်ုပ် အကြောင်းကြား ထားပါတယ်။” သင်၏ ကြောက်ရွံ့ခြင်းတွေကို ကျော်လွှားနိုင်ဖို့ရန် သင်၏ အသက်တာထဲတွင် ထိုကဲ့သို့ တူညီသောယုံကြည်ခြင်းမျိုးကို အလိုရှိပါသလား။ ဘုရားသခင်နှင့် သင်နီးကပ်လေ သင်သည် ယုံကြည်ခြင်းနှင့် ပိုမို ပြည့်ဝလာမှာ ဖြစ်ပါတယ်။ ဘုရားနှင့်ဝေးလျှင်တော့ ကြောက်ရွံ့ခြင်းတွေ ပိုများလာမည် ဖြစ်သည်။

 

ကျန်ရှိသော သင့်အသက်တာတစ်လျှောက်အတွက် ယုံကြည်ခြင်း၏ အရေးပါမှုကို ကျွန်ုပ်အလေးအနက် မထား နိုင်ပါဘူး။ သမ္မာကျမ်းစာက ယုံကြည်ခြင်းနှင့် မစပ်ဆိုင်သရွေ့ အပြစ်ဖြစ်သည်ဟု ဆိုထားပါသည်။ ဤတစ်ပတ် တွင် သင်မည်မျှ အပြစ်ပြုခဲ့ပါသနည်း။ ကျွန်ုပ်ပြုခဲ့သလို သင်လည်း အများကြီးပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ် လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးတို့သည် ယုံကြည်ခြင်းဖြင့် မဟုတ်ခဲ့လို့ ဖြစ်ပါတယ်။ သို့ပေမဲ့ သံသယဖြင့် လုပ် ဆောင်ခြင်းအတွက်လည်း အပြစ်ဖြစ်ပါတယ်။ ယုံကြည်ခြင်းမပါဘဲ ဘုရားသခင်ကို ကျေနပ်စေဖို့ မဖြစ်နိုင်ပါလို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ ဤတစ်ပတ်တွင် ဘုရားသခင်အား သင်ဘယ်နှကြိမ် ကျေနပ်စေခဲ့ပါသနည်း။

 

သင့်အသက်တာတွင် တစ်ခုခုပြောင်းလဲဖို့ရန် အလိုရှိပါသလား။ ညည်းညူနေမည့်အစား စတင်ယုံကြည်လိုက်ပါ။ ညည်းညူခြင်းကြောင့် ဘုရားသခင်ကို မလှုံ့ဆော်နိုင်ပါ။ ယုံကြည်ခြင်းကြောင့်သာလျှင် လှုံ့ဆော်နိုင်ပါသည်။ သခင်ခရစ်တော်၏ စကားလုံး (၃) လုံးဖြင့် တွေ့မြင်နိုင်ပါတယ်။

 

ရှင်မဿဲဩဝါဒစာ ၉:၂၉ “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊ ၃၀သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။ 

 

သင်၏ အသက်တာ သခင်ခရစ်တော် လုပ်ဆောင်ခဲ့မှုကို သင်ရွေးချယ်ရလိမ့်မည်။

အဓိက သော့ချက်မျာ - သင်၏ ယုံကြည်ခြင်း အတိမ်အနက်က အရေးမကြီးဘဲ သင်ကိုးစားသော ဘုရားသခင် အား သင်မည်မျှ ကိုးစားခြင်းက အရေးကြီးပါတယ်။ ကြီးမြတ်သော ဘုရားသခင်၌ရှိသော သင်၏ သေးငယ်သော ယုံကြည်ခြင်းက ကြီးမားသော ရလဒ်ကို ဖြစ်စေပါသည်။

 

ဆင်ခြင်ရန်

- ယုံကြည်ခြင်း ပြည့်ဝဖို့ နှင့် ဘုရားသခင်နှင့် နီးစေဖို့ရန် မည်သည့်အရာကို လုပ်ဆောင်ဖို့ လိုပါသနည်း။

- သင့်အတွက် ဘုရားသခင်၏ အကောင်းဆုံးသောအရာကို ရယူခြင်းမှ ကင်းဝေးစေဖို့ရန် ကြောက်ရွံ့ခြင်းက မည်သို့ ဖြစ်စေသနည်း။

- တစ်စုံတစ်ယောက်၌ ယုံကြည်ခြင်းပြည့်ဝကြောင်း ဖော်ပြပေးသည့် ပြင်ပ အထောက်အထားက ဘာဖြစ်မည်နည်း။


--------------------------------------------------------------------------------------------------------


Zawgyi Version

ေဟၿဗဲဩဝါဒစာ ၁၁:၂၇ “ယုံၾကည္ျခင္းအားျဖင့္ ရွင္ဘုရင္အမ်က္ကို မေၾကာက္ဘဲ၊ အဲဂုတၱဳျပည္ကိုစြန္႔သြား၏။ အေၾကာင္းမူ ကား၊ မ်က္ျမင္မရေသာ ဘုရားသခင္ကို ျမင္ရဘိသကဲ့သို႔ တည္ၾကည္ျခင္းရွိ၏။”



ကြၽႏ္ုပ္တို႔သည္ ယုံၾကည္ျခင္းအားျဖင့္ (သို႔) ေၾကာက္႐ြံ႕ျခင္းအားျဖင့္ အသက္ရွင္ေနထိုင္ၾကပါတယ္။ 

သမၼာက်မ္းစာက ေဟၿဗဲဩဝါဒစာ တြင္ ေမာေရွ အားျဖင့္ ေဖာ္ျပထားပါတယ္။ ဘုရားသခင္၏ ေဒါသကို မေၾကာက္ဘဲ အဲဣတၱဳျပည္မွ ထြက္ခြာခဲ့ျခင္းသည္  ေၾကာက္႐ြံ႕ျခင္းထက္ ယုံၾကည္ျခင္းျဖင့္ အသက္ရွင္မႈကို ေ႐ြးခ်ယ္ျခင္းျဖစ္တယ္ဆိုတာကို ကြၽႏ္ုပ္တို႔အား ေမာေရွ၏ သာဓကအားျဖင့္ သြန္သင္ေနပါတယ္။


ေမာေရွသည္ ေလာကတြင္ တန္ခိုးအားဏာအႀကီးမားဆုံးေသာသူထံ သြားၿပီး “မင္းရဲ႕ ပိရမစ္ေတြကို တည္ ေဆာက္ေပးေနတဲ့ ကြၽန္ေတြကို သိပါရဲ႕လား။ ထိုသူတို႔ကို ကြၽႏ္ုပ္ေခၚေဆာင္ၿပီး ထြက္ခြာပါမည္။ သင္၌ ကြၽန္ အလုပ္သမား မရွိေတာ့ပါဘူး။ ကြၽႏ္ုပ္၏ လူတို႔ကို လႊတ္ေစဟု” ေျပာခဲ့ပါတယ္။


ေမာေရွ၌ စိုးရိမ္ေၾကာက္႐ြံ႕စရာ အေၾကာင္းတရား မ်ားစြာ ရွိပါတယ္။ ေမာေရွသည္ ဖာေရာဘုရင္ ေျပာသမွ်ေတြကို ဆန႔္က်င္ဖို႔ရန္ လုပ္ေဆာင္ပါတယ္။ ေမာေရွေၾကျငာသည္မ်ာ “သင္ေျပာသမွ်ေတြကို ကြၽႏ္ုပ္လုပ္ေဆာင္ဖို႔ မရွိပါ။ သင့္ကိုလည္း မေၾကာက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ပိုၿပီးႀကီးျမတ္တဲ့ အာဏာရွိသူကို ကြၽႏ္ုပ္ အေၾကာင္းၾကား ထားပါတယ္။” သင္၏ ေၾကာက္႐ြံ႕ျခင္းေတြကို ေက်ာ္လႊားႏိုင္ဖို႔ရန္ သင္၏ အသက္တာထဲတြင္ ထိုကဲ့သို႔ တူညီေသာယုံၾကည္ျခင္းမ်ိဳးကို အလိုရွိပါသလား။ ဘုရားသခင္ႏွင့္ သင္နီးကပ္ေလ သင္သည္ ယုံၾကည္ျခင္းႏွင့္ ပိုမို ျပည့္ဝလာမွာ ျဖစ္ပါတယ္။ ဘုရားႏွင့္ေဝးလွ်င္ေတာ့ ေၾကာက္႐ြံ႕ျခင္းေတြ ပိုမ်ားလာမည္ ျဖစ္သည္။


က်န္ရွိေသာ သင့္အသက္တာတစ္ေလွ်ာက္အတြက္ ယုံၾကည္ျခင္း၏ အေရးပါမႈကို ကြၽႏ္ုပ္အေလးအနက္ မထား ႏိုင္ပါဘူး။ သမၼာက်မ္းစာက ယုံၾကည္ျခင္းႏွင့္ မစပ္ဆိုင္သေ႐ြ႕ အျပစ္ျဖစ္သည္ဟု ဆိုထားပါသည္။ ဤတစ္ပတ္ တြင္ သင္မည္မွ် အျပစ္ျပဳခဲ့ပါသနည္း။ ကြၽႏ္ုပ္ျပဳခဲ့သလို သင္လည္း အမ်ားႀကီးေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽႏ္ုပ္ လုပ္ေဆာင္ခဲ့တဲ့ အရာအားလုံးတို႔သည္ ယုံၾကည္ျခင္းျဖင့္ မဟုတ္ခဲ့လို႔ ျဖစ္ပါတယ္။ သို႔ေပမဲ့ သံသယျဖင့္ လုပ္ ေဆာင္ျခင္းအတြက္လည္း အျပစ္ျဖစ္ပါတယ္။ ယုံၾကည္ျခင္းမပါဘဲ ဘုရားသခင္ကို ေက်နပ္ေစဖို႔ မျဖစ္ႏိုင္ပါလို႔ သမၼာက်မ္းစာက ဆိုထားပါတယ္။ ဤတစ္ပတ္တြင္ ဘုရားသခင္အား သင္ဘယ္ႏွႀကိမ္ ေက်နပ္ေစခဲ့ပါသနည္း။


သင့္အသက္တာတြင္ တစ္ခုခုေျပာင္းလဲဖို႔ရန္ အလိုရွိပါသလား။ ညည္းညဴေနမည့္အစား စတင္ယုံၾကည္လိုက္ပါ။ ညည္းညဴျခင္းေၾကာင့္ ဘုရားသခင္ကို မလႈံ႕ေဆာ္ႏိုင္ပါ။ ယုံၾကည္ျခင္းေၾကာင့္သာလွ်င္ လႈံ႕ေဆာ္ႏိုင္ပါသည္။ သခင္ခရစ္ေတာ္၏ စကားလုံး (၃) လုံးျဖင့္ ေတြ႕ျမင္ႏိုင္ပါတယ္။


ရွင္မႆဲဩဝါဒစာ ၉:၂၉ “ထိုအခါ သူတို႔၏ မ်က္စိကို တို႔ေတာ္မူ၍၊ သင္တို႔ ယုံျခင္းရွိသည္အတိုင္း သင္တို႔၌ျဖစ္ေစဟု မိန္႔ေတာ္ မူလွ်င္၊ ၃၀သူတို႔သည္ မ်က္စိပြင့္လင္းေလ၏။ ေယရႈကလည္း၊ အဘယ္သူမွ် မသိေစျခင္းငွါ သတိျပဳၾကေလာ့ဟု ျမစ္တားေတာ္မူ၏။ ”


သင္၏ အသက္တာ သခင္ခရစ္ေတာ္ လုပ္ေဆာင္ခဲ့မႈကို သင္ေ႐ြးခ်ယ္ရလိမ့္မည္။

အဓိက ေသာ့ခ်က္မ်ာ - သင္၏ ယုံၾကည္ျခင္း အတိမ္အနက္က အေရးမႀကီးဘဲ သင္ကိုးစားေသာ ဘုရားသခင္ အား သင္မည္မွ် ကိုးစားျခင္းက အေရးႀကီးပါတယ္။ ႀကီးျမတ္ေသာ ဘုရားသခင္၌ရွိေသာ သင္၏ ေသးငယ္ေသာ ယုံၾကည္ျခင္းက ႀကီးမားေသာ ရလဒ္ကို ျဖစ္ေစပါသည္။


ဆင္ျခင္ရန္

- ယုံၾကည္ျခင္း ျပည့္ဝဖို႔ ႏွင့္ ဘုရားသခင္ႏွင့္ နီးေစဖို႔ရန္ မည္သည့္အရာကို လုပ္ေဆာင္ဖို႔ လိုပါသနည္း။

- သင့္အတြက္ ဘုရားသခင္၏ အေကာင္းဆုံးေသာအရာကို ရယူျခင္းမွ ကင္းေဝးေစဖို႔ရန္ ေၾကာက္႐ြံ႕ျခင္းက မည္သို႔ ျဖစ္ေစသနည္း။

- တစ္စုံတစ္ေယာက္၌ ယုံၾကည္ျခင္းျပည့္ဝေၾကာင္း ေဖာ္ျပေပးသည့္ ျပင္ပ အေထာက္အထားက ဘာျဖစ္မည္နည္း။