Unicode Version
ဧဖက်ဩဝါဒစာ ၅:၁၅-၁၆
"ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။- ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။"
သင်၏အလွန်အဖိုးထိုက်တန်သော အရာမှာ အချိန်ဖြစ်ပါတယ်။ ထိုအရာကိုကန့်သတ်ထားသော ပမာဏတခုသာ သင်၌ရှိပါတယ်။
ခန့်မှန်းကြည့်အနေဖြင့်လူသားတွေသည် ယေဘုယျ ၇၂ နှစ် (သို့) ရက်ပေါင်း ၂၆၀၀၀ နေထိုင်အသက်ရှင်ပါတယ်။ သင်၌ ရက်ပေါင်းများစွာ ကျန်နေသေးမည်ဟု သင်ထင်ကောင်းထင်မြင်ပေမယ့် သင်၏အသက် ၂ရ နှစ်ကျော်လျှင် သင်သည်ရက်ပေါင်း တစ်သောင်းကိုကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ထိုနေ့ရက်တွေကို သင်ပြန်လည်မရရှိနိုင်ဖို့ပါ။ ဒါကြောင့် အချိန်သည်သင်၏တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်ပါတယ်။
ပိုက်ဆံပိုရရှိဖို့ရန် သင်အမြဲတမ်းရယူနိုင်ပါတယ်။ ကာယဉာဏစွမ်းအားအတွက် သင်အမြဲတမ်းရယူနိုင်ပေမယ့် နောက်ထပ်အချိန်တွေကိုတော့ သင်မဖန်တီးနိုင်ပါဘူး။
သင့်အသက်တာမှာ တိကျသေချာတဲ့ နေ့ရက်ကိန်းဂဏန်းရှိပါတယ်။ ထိုနေ့ရက်အချိန်တွေကို သင်ဖြုန်းတီးလိုက်ပါလျှင် ပျောက်ဆုံးသွားမည်ဖြစ်ပါတယ်။ ဒါကြောင့် အသက်တာ၏စီမံခန့်ခွဲမှုတွေသည် အချိန်ကိုစီမံမှုတွေဖြစ်ပါတယ်။ သင်၏အချိန်ကို စီမံဖို့ရန် လေ့လာပါလျှင် သင်၏အသက်တာကို စီမံဖို့ရန် လေ့လာခြင်းပင်ဖြစ်ပါတယ်။
ဧဖက်ဩဝါဒစာ ၅:၁၅-၁၆
"ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။- ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။"
သတိရှိသောအရာ၏ဆန့်ကျင်ဘက်သည် သတိမရှိခြင်းဖြစ်ပါတယ်။ အသက်တာကိုသတိမမူမိစေဖို့နဲ့ သတိရှိသောသူဖြစ်ဖို့ရန် သမ္မာကျမ်းစာကသင့်ကိုပြောနေပါတယ်။ ၎င်းသည် သင်၏အချိန်ဖြင့် မရွေ့လျော့သင့်သောသူ၊ ရည်ရွယ်ချက်ရှိရှိ အသက်ရှင်သောသူ ဖြစ်ဖို့ရန်ဆိုလိုပါသည်။ ထိုအရာကို အရာရောက်သော အသက်တာမောင်းနှင်မှုဖြစ်ခြင်းလို့ ကျွန်ုပ်ပြောချင်ပါတယ်။
အချိန်ကိုသတိမမူဘဲ နေထိုင်အသက်ရှင်ခြင်းကို ဘာနဲ့တူသလဲဆိုတာသင်သိပါသလား ရေဘုယျအားဖြင့် လူတွေသည်အချိန် ၃ နာရီနှင့် ၁၅ မိနစ်ကို သူတို့၏ဖုန်းဆီ တစ်ရက်တာတွင် အသုံးပြု ကြ ပါတယ်။ အမေရိကန်နိုင်ငံသားတွေက တစ်ရက်ကိုယေဘုယျအားဖြင့် ၅၈ ကြိမ် ဖုန်းကိုစစ်ဆေးကြပြီး နာရီပေါင်း 5 နာရီအသုံးပြုကြပါတယ်။
တပတ်ကို 35 နာရီဖြင့် ကျွန်တော်တို့သည် မြင်ကွင်းသေးသေးလေး ငေးကြည့်ပြီးအချိန်တွေကို ပေးအပ်မြှုပ်နှံကြပါတယ်။ တီဗီကြည့်ခြင်း၊ ကွန်ပြူတာ ကြည့်ခြင်းတွေ မပါဝင်ပါ။ အဲဒီအချိန်တွေအားလုံးက အချည်းနှီးမဟုတ်ပါ။ သို့ပေမယ့် သင်၏အချိန်တွေဖြင့် သတိမူခြင်း ၊ ဂရုစိုက်ခြင်းသည် သင်မည်မျှသုံးစွဲကြောင်းနဲ့ အမှန်တကယ်အရေးပါသောအရာများပေါ် သင်သုံးစွဲခြင်းရှိမရှိကို သတိပြုခြင်းဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာပထမစောင် ၁၀: ၂၃
"ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက်တတ်သည်မဟုတ်။"
Youtube တွင် ချစ်စရာ ကြောင်လေးတွေကြည့်ခြင်းအားဖြင့် အချိန် 5 နာရီကုန်ဆုံးခြင်းသည် သင့်အတွက်အပြစ်မဖြစ်ပါ။ သို့သော် အချိန်ကိုအကောင်းဆုံး သင်အသုံးမပြုပါ။ တချို့အရာတွေက သေချာပေါက် အမှားမရှိကြပေ။ ထိုအရာတွေက မလိုအပ်ပါဘူး။ မမှားနိုင်ပေမယ့်လည်း သင်၏ဘဝအချိန်တွေကို ပေးဖို့ထိုက်တန်ပါရဲ့လား။
သင်၏နေ့ရက်တွေကို သတိထားလိုက်ပါ။ လုပ်စရာများစွာရှိပါတယ်။
ဆင်ခြင်ရန်
- သင်၏ဖုန်းဖြင့် တပတ်ကို 35 နာရီကုန်ဆုံးစေတဲ့အချိန်ထဲက တချို့အချိန်ကိုပြန်လည်အသုံးချချင်ပါလျှင် သင်၏မည့်သည့် ရည်မှန်းချက်ကိုပြီးမြောက်အောင်မြင်နိုင်မည်နည်း။
- ကျမ်းစာဖတ်ခြင်း (သို့) ဖုန်းပွတ်ခြင်းအတွက် သင်၏ကလေးတွေကို သင့်အားပိုမိုအမှတ်ရစေလိုပါသလား။ အဆုံးသတ်ရောက်အောင် မည်သို့လုပ်ဆောင်နေသနည်း။
- မကောင်းတာမဟုတ်ပေမယ့်လည်း အသုံးမဝင်၊ အကူအညီမဖြစ်ဘူးဆိုတဲ့ မည်သို့သောအရာတွေကို သင်လုပ်ဆောင်နေပါသနည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ဧဖက္ဩဝါဒစာ ၅:၁၅-၁၆
ဧဖက်ဩဝါဒစာ ၅:၁၅-၁၆
ကောရိန်သုဩဝါဒစာပထမစောင် ၁၀: ၂၃
ဆင်ခြင်ရန်