သင်၏ ဒုက္ခခံစားရခြင်းသည် တစ်စုံတစ်ခုသော အလွန်တန်ဖိုးကြီးသောအရာကို ဖြစ်ပေါ်စေနိုင်သည်။ | Your Suffering Can Produce Something of Great Value

 Unicode Version

သင်၏ ဒုက္ခခံစားရခြင်းသည် တစ်စုံတစ်ခုသော အလွန်တန်ဖိုးကြီးသောအရာကို ဖြစ်ပေါ်စေနိုင်သည်။

ယောဘဝတ္တု ၂၃:၁၀ “သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်။”

လွန်ခဲ့နှစ်များစွာ ရင်သားကင်ဆာအတွက် ကျွန်မကုသမှု ခံယူချိန်တုန်းက ယောဘဝတ္တု ၂၃:၁၀ ကို တွေးတော ဆင်ခြင် ပါတယ်။ “သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်။”

ထိုကျမ်းပိုဒ်ကို ခန္ဓာပိုင်းဆိုင်ရာ အနာရောဂါငြိမ်းစရာ အာမခံချက်အဖြစ် မမှတ်ယူပါဘူး။ ဘုရားသခင်သည်လည်း ကျွန်ုပ်ကို ထိုသို့ပြုဖို့ အကြောင်းမရှိပါဘူး။ ကျွန်ုပ်အား ဘုရားသခင် အနာရောဂါ ပျောက်ကင်းစေပါလျှင် ၎င်းသည် အံ့ဩဖွယ်ကောင်းပါသည်။ သို့ပေမဲ့ ထိုကျမ်းပိုဒ်တွင် ရောဂါငြိမ်းစရာ အာမခံပေးခြင်းမျိုး မတွေ့ပါဘူး။

ကျွန်ုပ်မြင်ခဲ့တာက အသက်တာတွင် “ရွှေ” လို့ခေါ်တဲ့ အရာမျိုးထုတ်လုပ်ခြင်းအတွက် အလားအလာရှိခြင်း ဖြစ်ပါ တယ်။ ဘုရားသခင်ကို ချီးကျူးထောပနာ ပြုတဲ့ နည်းလမ်းဖြင့် အခက်အခဲကြားတွင် ဖြတ်သန်းသွား ရတဲ့အခါ တစ်စုံတစ်ခုသော လှပမှုကတော့ ထုတ်လုပ်နိုင်ဖို့ရှိပါတယ်။ ကျွန်မဖြတ်သန်းရတဲ့ နာကျင်မှုများကနေ ချစ်စရာ ကောင်းတဲ့အရာတစ်ခုခု ၊ ထာဝရ တန်ဖိုးရှိတဲ့အရာ တစ်ခုခု ၊ ရွှေလိုမျိုး အဖိုးထိုက်တဲ့ အရာတစ်ခုခုကို ဖော်ထုတ် ခြင်းဖြင့် ဖြတ်သန်းစေခဲ့ပါတယ်။

ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၁:၇ “သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။

ပြင်းထန်သော စုံစမ်းစစ်ဆေးမှုကို ခံပြီးတဲ့နောက် သင်၏ယုံကြည်ခြင်းသည် ခိုင်မြဲနေပါက ကမ္ဘာတစ်ဝှမ်း ယေရှုခရစ် ပေါ်လာသော နေ့ရက်တွင် သင့်အား များစွာသော ချီးမွမ်းခြင်းအသရေကို ထင်ရှားစေလိမ့်မည်။

ကျွန်မအသက်တာ၌ ကင်ဆာရောဂါဖြင့် “ရွှေ”ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၎င်းသည် ကျွန်ုပ်၏သား Matthew သေဆုံးခြင်း၌ လွှမ်းမိုးတဲ့ ဆုံးရှုံးမှုများနှင့်  နာကျင်ခြင်းမီးထဲမှာ ဆက်လက်ထုတ်လုပ်လျက်ရှိပါတယ်။ ရင်သား ကင်ဆာ အားဖြင့် ရောဂါ၏ ခြိမ်းခြောက်မှုကို ခံစားရသူတွေပေါ် အသစ်သော ဆက်သွယ်နိုင်စွမ်းကို ရခဲ့ပါတယ်။ ကျွန်မ ရင်ဆိုင်ရတဲ့ သေခြင်းတရားကို ငေးစိုက်ကြည့်ခဲ့ပြီး လုံးဝကို မကြောက်ခဲ့ပါ။ တိုတောင်းတဲ့ အသက်တာ အတွက် အသစ်သောကျေးဇူးတင်စရာကို ရရှိခဲ့ပြီး နေ့စဉ်အသက်တာမှာ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက် ဖြင့် အရင်ကထက် အသက်ရှင်နေထိုင်ဖို့ရန် ကတိသစ္စာပြုခဲ့ပါတယ်။

သား Matthew ကို ဆုံးရှုံးခြင်းအတွက် ပျက်စီးခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းတွေ၌ သခင်ယေရှုနှင့် ပိုမိုရင်းနှီး ကျွမ်းဝင်စွာဖြင့် လမ်းလျှောက်ခွင့်ရရှိခဲ့ပြီး မှောင်မိုက်နေရာတွေမှာ သူ့အား မည်သို့ ယုံကြည်ကိုးစားရမည် ကိုလည်း လေ့လာမှု ရရှိခဲ့ပါတယ်။ ကျွန်မ ကောင်းကင်ဘုံကို ပိုမို တောင်းတလာပါတယ်။ သခင်ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းသည် ကျွန်မ၏ မျှော်လင့်ချက် ဖြစ်ပါတယ်။ ကျွန်ုပ်၏ ဝေဒနာခံစားရခြင်းကနေ ဘုရားပေးတဲ့ နှစ်သိမ့်မှုဖြင့် သူတစ်ပါးတို့၏ နာကျင်မှုတွေကိုလည်း မည်သို့ နှစ်သိမ့်ပေးရမည်ကို လေ့လာသင်ယူခဲ့ ရပါတယ်။

၎င်းသည် ကျွန်ုပ်အသက်တာတွင် ဘုရားထုတ်လုပ်ပေးသော “ရွှေ” ဖြစ်ပါတယ်။ သင်၏ နာကျင်မှုတွေကို ဘုရား၏ ဘုန်းအသရေအတွက် အသုံးပြုဖို့ရန် ခွင့်ပြုတဲ့အခါမှာ သင်၏အသက်တာတွင်လည်း တူညီစွာ လုပ်ဆောင်နိုင် ပါလိမ့်မည်။

ဆင်ခြင်ရန်

- သင့်အသက်တာတွင် ဆင်းရဲဒုက္ခ ခံစားရသော အချိန်ကို စဉ်းစားပါ။ ထိုအတွေ့အကြုံကနေ မည်သို့သော “ရွှေ”ကို ဘုရားထုတ်လုပ်ပါသနည်း။

- ကောင်းမွန်စွာ ခံစားခြင်းဆိုတာ ဘာကို ဆိုလိုပါသနည်း။

- ယောဘဝတ္တု ၂၃:၁၀ သည် ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ သင်၏ရှုမြင်ပုံကို မည်သို့ စိန်ခေါ်သနည်း။


-------------------------------------------------------------------------------

Zawgyi Version

သင္၏ ဒုကၡခံစားရျခင္းသည္ တစ္စုံတစ္ခုေသာ အလြန္တန္ဖိုးႀကီးေသာအရာကို ျဖစ္ေပၚေစႏိုင္သည္။

ေယာဘဝတၱဳ ၂၃:၁၀ “သို႔ေသာ္လည္းငါသြားေသာလမ္းကို သိေတာ္မူ၏။ စစ္ေတာ္မူျခင္းကို ခံၿပီးမွ၊ ေ႐ႊကဲ့သို႔ ငါေပၚလိမ့္မည္။”

Add caption

လြန္ခဲ့ႏွစ္မ်ားစြာ ရင္သားကင္ဆာအတြက္ ကြၽန္မကုသမႈ ခံယူခ်ိန္တုန္းက ေယာဘဝတၱဳ ၂၃:၁၀ ကို ေတြးေတာ ဆင္ျခင္ ပါတယ္။ “သို႔ေသာ္လည္းငါသြားေသာလမ္းကို သိေတာ္မူ၏။ စစ္ေတာ္မူျခင္းကို ခံၿပီးမွ၊ ေ႐ႊကဲ့သို႔ ငါေပၚလိမ့္မည္။”

ထိုက်မ္းပိုဒ္ကို ခႏၶာပိုင္းဆိုင္ရာ အနာေရာဂါၿငိမ္းစရာ အာမခံခ်က္အျဖစ္ မမွတ္ယူပါဘူး။ ဘုရားသခင္သည္လည္း ကြၽႏ္ုပ္ကို ထိုသို႔ျပဳဖို႔ အေၾကာင္းမရွိပါဘူး။ ကြၽႏ္ုပ္အား ဘုရားသခင္ အနာေရာဂါ ေပ်ာက္ကင္းေစပါလွ်င္ ၎သည္ အံ့ဩဖြယ္ေကာင္းပါသည္။ သို႔ေပမဲ့ ထိုက်မ္းပိုဒ္တြင္ ေရာဂါၿငိမ္းစရာ အာမခံေပးျခင္းမ်ိဳး မေတြ႕ပါဘူး။

ကြၽႏ္ုပ္ျမင္ခဲ့တာက အသက္တာတြင္ “ေ႐ႊ” လို႔ေခၚတဲ့ အရာမ်ိဳးထုတ္လုပ္ျခင္းအတြက္ အလားအလာရွိျခင္း ျဖစ္ပါ တယ္။ ဘုရားသခင္ကို ခ်ီးက်ဴးေထာပနာ ျပဳတဲ့ နည္းလမ္းျဖင့္ အခက္အခဲၾကားတြင္ ျဖတ္သန္းသြား ရတဲ့အခါ တစ္စုံတစ္ခုေသာ လွပမႈကေတာ့ ထုတ္လုပ္ႏိုင္ဖို႔ရွိပါတယ္။ ကြၽန္မျဖတ္သန္းရတဲ့ နာက်င္မႈမ်ားကေန ခ်စ္စရာ ေကာင္းတဲ့အရာတစ္ခုခု ၊ ထာဝရ တန္ဖိုးရွိတဲ့အရာ တစ္ခုခု ၊ ေ႐ႊလိုမ်ိဳး အဖိုးထိုက္တဲ့ အရာတစ္ခုခုကို ေဖာ္ထုတ္ ျခင္းျဖင့္ ျဖတ္သန္းေစခဲ့ပါတယ္။

ရွင္ေပတ႐ု ဩဝါဒစာ ပဌမေစာင္ ၁:၇ “သင္တို႔သည္ ယခုခဏခံရ၍ ဝမ္းနည္းေသာ္လည္း၊ အထက္ဆိုခဲ့ၿပီးေသာ ေက်းဇူးေတာ္ကိုေထာက္၍ ႐ႊင္လန္းေသာစိတ္ရွိၾက၏။”

ျပင္းထန္ေသာ စုံစမ္းစစ္ေဆးမႈကို ခံၿပီးတဲ့ေနာက္ သင္၏ယုံၾကည္ျခင္းသည္ ခိုင္ၿမဲေနပါက ကမာၻတစ္ဝွမ္း ေယရႈခရစ္ ေပၚလာေသာ ေန႔ရက္တြင္ သင့္အား မ်ားစြာေသာ ခ်ီးမြမ္းျခင္းအသေရကို ထင္ရွားေစလိမ့္မည္။

ကြၽန္မအသက္တာ၌ ကင္ဆာေရာဂါျဖင့္ “ေ႐ႊ”ကို ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ၎သည္ ကြၽႏ္ုပ္၏သား Matthew ေသဆုံးျခင္း၌ လႊမ္းမိုးတဲ့ ဆုံးရႈံးမႈမ်ားႏွင့္  နာက်င္ျခင္းမီးထဲမွာ ဆက္လက္ထုတ္လုပ္လ်က္ရွိပါတယ္။ ရင္သား ကင္ဆာ အားျဖင့္ ေရာဂါ၏ ၿခိမ္းေျခာက္မႈကို ခံစားရသူေတြေပၚ အသစ္ေသာ ဆက္သြယ္ႏိုင္စြမ္းကို ရခဲ့ပါတယ္။ ကြၽန္မ ရင္ဆိုင္ရတဲ့ ေသျခင္းတရားကို ေငးစိုက္ၾကည့္ခဲ့ၿပီး လုံးဝကို မေၾကာက္ခဲ့ပါ။ တိုေတာင္းတဲ့ အသက္တာ အတြက္ အသစ္ေသာေက်းဇူးတင္စရာကို ရရွိခဲ့ၿပီး ေန႔စဥ္အသက္တာမွာ စိတ္အားထက္သန္မႈႏွင့္ ရည္႐ြယ္ခ်က္ ျဖင့္ အရင္ကထက္ အသက္ရွင္ေနထိုင္ဖို႔ရန္ ကတိသစၥာျပဳခဲ့ပါတယ္။ 

သား Matthew ကို ဆုံးရႈံးျခင္းအတြက္ ပ်က္စီးျခင္းႏွင့္ ဝမ္းနည္းပူေဆြးျခင္းေတြ၌ သခင္ေယရႈႏွင့္ ပိုမိုရင္းႏွီး ကြၽမ္းဝင္စြာျဖင့္ လမ္းေလွ်ာက္ခြင့္ရရွိခဲ့ၿပီး ေမွာင္မိုက္ေနရာေတြမွာ သူ႔အား မည္သို႔ ယုံၾကည္ကိုးစားရမည္ ကိုလည္း ေလ့လာမႈ ရရွိခဲ့ပါတယ္။ ကြၽန္မ ေကာင္းကင္ဘုံကို ပိုမို ေတာင္းတလာပါတယ္။ သခင္ခရစ္ေတာ္၏ ရွင္ျပန္ ထေျမာက္ျခင္းသည္ ကြၽန္မ၏ ေမွ်ာ္လင့္ခ်က္ ျဖစ္ပါတယ္။ ကြၽႏ္ုပ္၏ ေဝဒနာခံစားရျခင္းကေန ဘုရားေပးတဲ့ ႏွစ္သိမ့္မႈျဖင့္ သူတစ္ပါးတို႔၏ နာက်င္မႈေတြကိုလည္း မည္သို႔ ႏွစ္သိမ့္ေပးရမည္ကို ေလ့လာသင္ယူခဲ့ ရပါတယ္။ 

၎သည္ ကြၽႏ္ုပ္အသက္တာတြင္ ဘုရားထုတ္လုပ္ေပးေသာ “ေ႐ႊ” ျဖစ္ပါတယ္။ သင္၏ နာက်င္မႈေတြကို ဘုရား၏ ဘုန္းအသေရအတြက္ အသုံးျပဳဖို႔ရန္ ခြင့္ျပဳတဲ့အခါမွာ သင္၏အသက္တာတြင္လည္း တူညီစြာ လုပ္ေဆာင္ႏိုင္ ပါလိမ့္မည္။

ဆင္ျခင္ရန္

- သင့္အသက္တာတြင္ ဆင္းရဲဒုကၡ ခံစားရေသာ အခ်ိန္ကို စဥ္းစားပါ။ ထိုအေတြ႕အႀကဳံကေန မည္သို႔ေသာ “ေ႐ႊ”ကို ဘုရားထုတ္လုပ္ပါသနည္း။

- ေကာင္းမြန္စြာ ခံစားျခင္းဆိုတာ ဘာကို ဆိုလိုပါသနည္း။

- ေယာဘဝတၱဳ ၂၃:၁၀ သည္ ဆင္းရဲဒုကၡႏွင့္ ပတ္သက္၍ သင္၏ရႈျမင္ပုံကို မည္သို႔ စိန္ေခၚသနည္း။