Unicode Version
သူတစ်ပါးတို့ကိုလည်း သင်ခွင့်လွှတ်ပေးနိုင်ပါတယ်။
ဧဖက်ဩဝါဒစာ ၄:၃၂ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည်
ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း
ရှိကြလော့။”
သူတစ်ပါးတို့ကို ခွင့်လွှတ်ပေးဖို့ရန် ကျွန်ုပ်တို့ကို ဘုရားသခင် ခေါ်နေပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့ မည်သို့ လုပ်ဆောင်ရမည်နည်း။ သင်၏ ဆင်းရဲဒုက္ခတွေ ၊ နာကျင်မှု ဝေဒနာတွေ နှင့် ခါးသီးခြင်းများမှ လက်လွှတ်ရဖို့ အကူအညီ ပေးနိုင်မည့် နည်းလမ်း (၄) မျိုးကို ကြည့်လိုက်ပါ။
(၁) မည်သူတစ်ဉီးမှ မပြည့်စုံဘူးဆိုတာကို အသိအမှန်ပြုပါ။
ကျွန်ုပ်တို့
နာကျင်ခဲ့ဖူးကြပါတယ်။ အဲဒီလို စိတ်အနှောင့်အယှက် ပြုခဲ့တဲ့သူနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏
အမြင်ကို ဆုံးရှုံးဖို့ရန် ဖြစ်လေ့ရှိပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့ အားလုံးသည် မပြီးပြည့်စုံကြဘူးဆိုတာကို
အမှတ်ရနေဖို့ လိုအပ်ပါတယ်။ ကောလောသဲ ၃:၁၃ “တယောက်၌တယောက်
အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်
သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။”
သင့်အား
နာကျင်စေသောသူကို ပြောင်းလဲပေးဖို့ရန် နှင့် သင့်အတွက် ဘုရား၏လုပ်ဆောင်
ခြင်းတွေပေါ် ဘုရားသခင်အား ယုံကြည်လိုက်ပါ။ လက်တုံ့ပြန်ခြင်းထက် သနားခြင်းဂရုဏာကို
ရွေးချယ်ပါ။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ရောမ
၁၂:၁၉ “ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။
အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက်
ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။”
(၃) အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ။
ရောမ ၁၂:၂၁ တွင် “အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို
နိုင်လော့။” ဆိုးသောလမ်းကို
လျှောက်လှမ်းခြင်းက တခြားသူတစ်ဉီး၏ အဆင့်ထက်စာလျှင် ကျဆင်း သွားစေပါသည်။ အဲဒီအစား မြင့်သော
လမ်းကို လျှောက်လှမ်းပါ။ သင်၏ ရန်သူကို သနားကြင်နာခြင်းဖြင့် ဆက်ဆံဖို့ရန် သမ္မာကျမ်းစာက
ဆိုပါတယ်။ ၎င်းကို သင်၏အကြံအစည်ဖြင့်လုပ်ဆောင်ဖို့ရန် မဖြစ်နိုင်ပါ။ ဒါကြောင့် သင့်အားဖြည့်ဆည်းပေးဖို့ရန်
သခင်ယေရှု၏ ချစ်ခြင်းမေတ္တာကို သင်လိုအပ်ရခြင်း ဖြစ်ပါတယ်။
(၄) သင့်အသက်တာအတွက် ဘုရား၏အကြံအစည်ကို ပြန်လည်အာရုံစိုက်ပါ။
သင့်အား နာကျင်စေသော သူတွေအပေါ် သင်အာရုံစိုက်နေတဲ့အခါမှာ သင်၏အသက်တာကို
သူတို့ အမှန်တကယ် ထိန်းချုပ်စေရန် ခွင့်ပြုခြင်း ဖြစ်ပါသည်။ သူတို့ကို သင်ခွင့်လွှတ်လိုက်တဲ့အချိန်မှာ
သင့်အသက်တာအတွက် ဘုရား ရည်ရွယ်ထားတဲ့အရာပေါ် သင်အားရုံစိုက်ဖို့ရန် လွှတ်လပ်ခြင်းမျိုးကို
သင်တွေ့ရှိပါမည်။ ဟေရှာယအနာဂတ္တိကျမ်း ၂၆:၃ “သစ္စာစောင့်၍
ဖြောင့် မတ်သော လူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊
ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။”
သင်၏ စိတ်နှလုံးထဲတွင် နားကြည်းခြင်း ၊ ခါးသီးခြင်း နှင့် ခွင့်မလွှတ်နိုင်ခြင်းများဖြင့် နောက်ရက်တွေမှာ ဆက်မသွားပါနှင့်။ အထက်ပါ ရွေးချယ်ခြင်း (၄) မျိုးကို စတင်လေ့ကျင့်ပြီး ဘုရားသခင် သင့်အသက်တာအတွက် ဖန်ဆင်းပေးခဲ့သော အသက်တာပေါ်တွင် လိုက်လျှောက်အသက်ရှင်နေထိုင်ပါ။
ဆင်ခြင်ရန်
-
သင်၏ ရပိုင်ခွင့်ကို စွန့်လွှတ်ခြင်းသည် ယုံကြည်ခြင်း၏ လုပ်ရပ်တစ်ခုတော့ လိုအပ်ပါသည်။
ဘာကြောင့်လဲ။
-
တစ်စုံတစ်ဉီးက သင့်ကို နာကျင်စေတဲ့အခါမှာ “ကျွန်ုပ်တို့အားလုံး မပြည့်စုံကြဘူး” ဆိုတာကို
သတိရဖို့ရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
-
တစ်စုံတစ်ယောက်ကို သင်နာကျင်စေပါလျှင် သူတို့ကို သင့်အားမည်သို့ချည်းကပ်ဖို့ရန် အလိုရှိပါသနည်း။
သင့်အား ခွင့်လွှတ်ပေးဖို့ရန် သင်ဘာကြောင့်မျှော်လင့်ပါသနည်း။
-
အမှားလုပ်နေခြင်းပေါ် အာရုံစိုက်နေခြင်းထက် ဘုရားသခင်၏ သင့်အသက်တာအတွက် ရှိသောအကြံအစည်ကို
အာရုံစိုက်ခြင်းက ဘာကြောင့်များ ပိုပြီး အရေးကြီးပါသနည်း။
---------------------------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
(၂) သင်၏ ရပိုင်ခွင့်ကိုပင် စွန့်လွှတ်ပါ။
ဆင်ခြင်ရန်