Unicode Version
ရောမဩဝါဒစာ ၁၄:၁၂-၁၃ “သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။ ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။”
ခရစ်ယာန် အပါအဝင် လူတော်တော်များများက သူတို့နှင့် သဘောထားတူသော သူတို့ကိုသာ ရိုသေလေးစားမှု ပြုဖို့ လိုအပ်တယ်လို့ တွေးထင်ကြပါတယ်။ ဘယ်အရာကမှ သမ္မာတရားကနေ မကင်းလွှတ်ကြပါဘူး။ ယနေ့ကမ္ဘာတွင် ရွံ့မှုန်းစရာနှင့် တစ်ချို့အပြုအမူတွေကို ယုံကြည်သူ ကျွန်ုပ်ကိုယ်တိုင် သဘောမတူ နိုင်ခြင်းတွေသည် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းတွေမှာ များစွာသော အမှုကိစ္စ ၊ ဖြစ်စဉ်တွေ ရှိနေပါတယ်။
သို့ပေမဲ့
သူတို့၏ အမူအကျင့်တေါ မှားယွင်းနေတယ်ဆိုတာကို ကျွန်ုပ်သိနေသည့်တိုင် ကျွန်ုပ်၏ လေးစားမှုကို သူတို့အား ဖော်ပြနေစဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲ။
ပထမဉီးစွာ လူတစ်ဉီးချင်းစီ တိုင်း နောက်ဆုံးသောနေ့ရက်မှာ မိမိတို့၏
စရိုက် ၊ လုပ်ဆောင်မှုနှင့် အမူအကျင့်တို့ အတွက် ဘုရားသခင်နှင့် စာရင်းရှင်းရပါလိမ့်မည်။
တစ်နေ့တွင် ဘုရားသခင် အမှတ်တွေကို စာရင်းပြုစုပါ တော့မည်။ ကျွန်ုပ်တို့ အယောက်စီတိုင်း
မိမိတို့၏ အမူအကျင့်တို့အတွက် စာရင်းပေးရပါမည်။
ဒုတိယအနေဖြင့်
ကျွန်ုပ်နှင့် သဘောထား မတိုက်ဆိုင်သော သူတို့သည် ကျွန်ုပ်ထံ စရင်းကို မပေးရပါ။ ဘုရားသခင်ထံသို့
သာပေးရပါမည်။ ယုံကြည်သူကဲ့သို့ ပြုမူနေကြတဲ့ မယုံကြည်သော သူတွေဆီကို ကြိုးစားပြီး ပြုပြင်ဖို့ရန်
ရဲမှူးတစ်ယောက်လို့ ကျွန်ုပ်မှာ တာဝန်မရှိပါ။ တကယ်တော့ သမ္မာကျမ်းစာက ဆိုထားသည်မှာ
ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသရွေ့ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်ဖို့
မလုပ်ဆောင်နိုင်ပါလို့ ဆိုပါတယ်။
ရောမဩဝါဒစာ ၁၄:၁၂-၁၃ “သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။ ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။”
လူတွေကို သမ္မာတရား ပြောဆိုခြင်းသည် စီရင်ဝေဖန်မှုပြုခြင်း မဟုတ်ပါ။ သမ္မာကျမ်းက မှားယွင်းသည်ဟု ဆိုတဲ့အရာကို တစ်စုံတစ်ယောက်က လုပ်ဆောင်ပါလျှင် အဲဒီလူကို မှားနေတယ်လို့ ပြောပြဖို့ကလည်း စီရင်ဝေဖန်ခြင်း မဟုတ်ပါ။ လူတွေကို သမ္မာတရား ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ စီရင်ဝေဖန်တယ်ဆိုတာက မိမိကိုယ်ကို ကိုယ်ကျင့်တရား သာလွန်သည်ဟု ခံစားပြီး သူတစ်ပါးအပေါ် သမ္မာတရားပြပြီး ဖိနှိပ်ခြင်းမျိုး ဖြစ်ပါတယ်။
သဘောထား မတိုက်ဆိုင်ခြင်းအကြောင်းမရှိဘဲလျက် တစ်စုံတစ်ယောက်နှင့် သဘောမတူခြင်းတွေ ဖြစ်နိုင်ပါ တယ်။ ရိုးသားစွာ ပြောရလျှင် ခရစ်ယာန်သဘောထား ထက်သန်ကြတဲ့ အလွန်တရာ ရိုင်းစိုင်းတဲ့ လူတစ်ချို့ကို တွေ့ဆုံဖူးပါတယ်။ သမ္မာတရားအပေါ်မှာ အလွန် လက်ခံ ယုံကြည်ကြပေမဲ့ လူတွေနှင့် ပတ်သက်ပြီး လစ်လျူရှု တတ်ကြပါတယ်။
ဤအကြောင်းကိစ္စနှင့်
ပတ်သက်ပြီး တရားနည်းလမ်းကျနိုင်ပါတယ်။ သို့ပေမဲ့ လူတွေကို ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရား
မပြာတဲ့အခါမှာ သမ္မာတရားက ဆိုထားတဲ့အရာတွေနောက် သင်လိုက်လျှောက်နေတာ မဟုတ်ပါဘူး။ အခက်အခဲ
ဖြစ်တဲ့အခါပင်လျှင် သူတစ်ပါးတို့အား ကျွန်ုပ်တို့၏ ရိုသေလေးစားမှု ( ခရစ်တော် အလိုတော်ရှိသော လေးစားမှုမျိုး) ကို
ဖော်ပြဖို့ရန် ရွေးချယ်ကြရအောင်။
ဆင်ခြင်ရန်
-
သူတစ်ပါနှင့် သဘောထား မတိုက်ဆိုင်တဲ့ အခါမှာ ထိုသူတို့ကို
လေးစားမှုဖြင့် ဆက်ဆံဖို့ရန် ဘာကြောင့် ခက်ခဲပါသနည်း။
-
သင်နှင့် သဘောထား မတိုက်ဆိုင်သူတွေအတွက် သခင်ခရစ်တော် အသေခံခဲ့တယ်ဆိုတာကို သဘောပေါက်
နားလည်ခြင်းက ထိုသူတို့နှင့် တုံ့ပြန်သည့်နည်းလမ်းကို မည်ကဲ့သို့ ပြောင်းလဲစေခဲ့ပါသနည်း။
- လူတစ်ယောက်အပေါ် သင်၏ သဘောထားမတိုက်ဆိုင်သလို ဆက်ဆံခဲ့ခြင်းအတွက် တောင်းပန်ဖို့ လိုအပ်ပါသလား။ ယနေ့တွင် ၎င်းလမ်းညွှန်မှုကို မည်ကဲ့သို့ သင်ခြေလှမ်း စတင်နိုင်မည်နည်း။
-------------------------------------------------------------------------------------------------------------
Zawgyi Verison
ဘာကြောင့်လဲ။
ဆင်ခြင်ရန်