Unicode Version
ပဋိပက္ခများတွင် သင်၏ကဏ္ဍက မည်သို့နည်း။
ဆာလံ ၁၃၉:၂၃-၂၄ “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို
သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့
သွေးဆောင်တော်မူပါ။”
ပဋိပက္ခများကို ဖယ်ရှားရန်အတွက် အကောင်းဆုံးနည်းဗျူဟာများထဲမှ တစ်ခုက သင်လုပ်နိုင်သည့် ကြောက် အစရာအကောင်းဆုံးအရာထဲက တစ်ခုဖြစ်ပါတယ်။ သင့်အား ရှင်းလင်းသော အမြင် ၊ အခြေအနေပေးပါရန် ဘုရားသခင် အား တောင်းလျှောက်ပါ။
သင် ပဋိပက္ခဖြစ်နေသောအခါ စိတ်ခံစားမှုများစွာနှင့် အယူအဆအမှား အမျိုးမျိုးတို့ကို စားပွဲပေါ် ယူဆောင်လာ ပါသည်။ သင့်ခင်ပွန်း၏ အားနည်းချက် ၊ သင့်ကလေး၏ အားနည်းချက် ၊ သင်၏မိတ်ဆွေ (သို့) သင်၏ အိမ်နီးချင်း တို့၏ အားနည်းချက်တွေကို ညွှန်ပြဖို့မဟုတ် သင်၏တာဝန်မှာ သင်၏အားနည်းချက်တို့ကို ညွှန်ပြပေးဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက်ဖို့ ဖြစ်ပါတယ်။ သင်၌ မကောင်းသောအရာဟူသမျှကို သင့်အား ရှင်းလင်းစေရန် နှင့် မှန်ကန်သင့်လျော်သော လမ်းကြောင်းပေါ်သို့ ဉီးတည်ပေးဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက်ပါ။
ဆာလံ ၁၃၉ မှ ဤအခန်းငယ်များကို သင်အမှန်တကယ် ဆုတောင်းသောအခါ ဘုရားသခင်သည် သင့်အား မှန်ကန်သော လမ်းကို ပြသလိမ့်မည်။ ဘုရားသခင်သည် သင်၌ရှိသော ပဋိပက္ခရှိ ပြသနာတို့ကို ညွှန်ပြပေးသည့် တိုင် သင့်အား အမြဲတမ်းခွင့်လွှတ်ပေးနေပါတယ်။
သင့်အသက်တာရှိ အပြစ်တို့ကို ဘုရားသခင် ဖော်ပြပေးသည်နှင့်အမျှ သင်သည် ထိုအပြစ်တို့အတွက် တာဝန်ယူ ရပါမည်။ ထိုအကြောင်းကို သင်တစ်ဉီးဉီးနှင့် စကားပြောဖို့ လိုအပ်ကြောင်း ဆိုလိုခြင်းဖြစ်ပြီး ဘုရားသခင်နှင့် အမြဲ တမ်း မှန်ကန်စွာ ဖြစ်နေခြင်းကို ဆိုလိုပါသည်။ သင်၏ ဘက်လိုက်မှု ၊ အာရုံမခံစားနိုင်မှု ၊ ရင့်ကျက်မှု (သို့) ပေါ့ဆမှု တို့ကြောင့် ဖြစ်စေ ၊ တခြားသော အကြောင်းရင်းများကြောင့် ဖြစ်စေ ဖြစ်ပွားသည် ပဋိပက္ခ ကဏ္ဍတို့ကို ဝန်ခံခြင်း က သင်၏တာဝန်ဖြစ်ပါတယ်။
တောင်ပေါ် ဒေသနာဟောကြားစဉ်တွင် ထိုအကြောင်းကို သခင်ယေရှု ညွှန်းဆိုထားပါတယ်။ မဿဲ ၇:၃-၅ တွင် ဆိုထားသည်မှာ “ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့် ငယ် ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦး စွာ ထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာ မြင်လိမ့်မည်။ ”
လက်ညှိုးထိုးခြင်းသည် ပဋိပက္ခတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ပထမဉီးစွာ သင့်ကိုယ်သင် ရှုမြင်သင့်ပြီး သင်၏အပြစ်တွေကို သိရှိဖို့ရန် နှင့် တာဝန်ယူတတ်ဖို့ရန် ဘုရားသခင်ထံ ဉာဏ်ပညာ တောင်းခံပါ။ မလွယ်ကူပေမဲ့လည်း ၎င်းသည် အမြဲတမ်း မှန်ကန်သော ရွေးချယ်မှု ဖြစ်ပါသည်။
ဆင်ခြင်ရန်
-
သင်၏ တာဝန်ဝတ္တရားကို ရှင်းလင်းစွာ မြင်နိုင်ဖို့ရန် ဘုရားသခင်အား မည်သို့သော သင်၏
ပုဂ္ဂိုလ်ရေးရာ ပဋိပက္ခများတွင် သင်လိုအပ်ပါသနည်း။
-
ဆာလံ ၁၃၉:၂၄ တွင်ဖော်ပြထားသော “ထာဝရလမ်း” ကို သင်မည်သို့ ထင်မြင်ပါသနည်း။
-
ဆာလံ ၁၃၉:၂၃-၂၄ ကဲ့သို့ ဆုတောင်းဖို့ရန် ဘာကြောင့် အရေးကြီးပါသနည်း။
ဝိညာဉ်တော်သည် လူတို့ကို သခင်ယေရှုထံသို့ လာဖို့ရန် ဖိတ်ခေါ်ပါသည်။
(Grietje Commelin)
ဗျာဒိတ်ကျမ်း ၂၂:၁၇ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးက လာခဲ့ပါဟု
ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါ ဟုဆိုပါစေ ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိ သော သူသည်
အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။”
![]() |
| Add caption |
သခင်ခရစ်တော်သည် လူတွေအတွက် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေမည့်”လမ်းကို ဖွင့်ပေးဖို့ရန် နာကျင်ခံစားမှုတွေကို ခံပြီး သေဆုံးခဲ့ပါတယ်။ ယခု လူတွေမှာ ရွေးချယ်စရာ (၂) ခုရှိပါတယ်။ သူတို့၏ စိတ်နှလုံးအပြစ်တို့ကို ရှင်းလင်းပေးခြင်းနှင့် ခွင့်လွှတ်ခြင်းအတွက် သခင်ခရစ်တော်ထံ သူတို့ လာနိုင်ပါတယ်။
၎င်းသည် သူတို့အား ဘုရားသခင်၏နိုင်ငံတော်ကို ဝင်ရသော အခွင့်ကို ပေးပါလိမ့်မည်။ (သို့) သခင်ခရစ်တော် ပေးကမ်းသောအရာကို ငြင်းပယ်နိုင်ပြီး အပြင်ဘက်တွင် နေထိုင်နိုင်ပါသည်။ မည်သည့်ရွေးချယ်မှုကို ရွေးသင့်သည်ကို သမ္မာကျမ်းစာက ရှင်းလင်းစွာ ပြုထားပါတယ်။ “လာကြ” ဆိုတဲ့ စကားလုံးကိုပေါ့။
မြေကြီးပေါ်တွင် သခင်ခရစ်တော် သာသနာပြုစဉ်ကာလတွင် သူ့ထံသို့ လူတွေလာကြဖို့ရန် သူဖိတ်ခေါ်ခဲ့ပါတယ်။ မဿဲ ၁၁:၂၈ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။” ။ ရှင်ယောဟန် ၇:၃၇-၃၈ “ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော် မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည် အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။”
ယနေ့ ဒေသနာတရားတွင် အသင်းတော် (သခင်ယေရှု၏ သတို့သမီး) နှင့် ဝိညာဉ်တော် အားဖြင့် ထပ်ခါထပ်ခါ ခေါ်ခြင်း အကြောင်းကို ဖတ်ရှုရပါတယ်။ ဆက်လက်ပြီး ဖော်ပြသည်မှာ “ကြားသောသူကလည်း၊ လာခဲ့ပါ ဟုဆိုပါစေ”။ သင်သည် သခင်ယေရှုထံ လာခြင်း၏ ကောင်းချီးမင်္ဂလာတို့ကို တွေ့ကြုံရရှိပြီး ဝိညာဉ်တော်နှင့် ပြည့်ဝပါလျှင် တခြားသူတွေကိုလည်း သင်ဖိတ်ခေါ်ပါလိမ့်မည်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၅:၂၀ “ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော် မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။”
----------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်