Unicode Version

သင်၏ စိတ်နှလုံးကား မည်သို့ ဖော်ပြသနည်း။
ဆာလံ ၁၄၁:၃ “အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ။
အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ။”
ကျွန်ုပ်တို့၏ နှုတ်ကို စီမံထိန်းချုပ်ဖို့ရန် ဘုရားသခင် မည်သို့ ကူညီပါသနည်း။ စိတ်နှလုံးအရင်းအမြစ်သို့ တိုက်ရိုက်သွားခြင်းအားဖြင့် ကူညီပါသည်။
“ငါ ဘာဖြစ်နေသလဲ မသိပါဘူး… ငါက အဲဒီလို လူမျိုးမဟုတ်ပါဘူး” လို့ သင့်ကိုယ်သင် ပြောဖူးပါသလား။ ကောင်းပါပြီ..တကယ်တော့ အမှန်တရားက သင်၏ စိတ်နှလုံးက ဉီးစွာလာခြင်းမဟုတ်ပါလျှင် သင်၏နှုတ်က ထွက်လာနိုင်စရာ အကြောင်းမရှိပါ။
တနည်းအားဖြင့် သင်၏နှုတ်က သင့်ကို ပြသနာဖြစ်စေတာ မဟုတ်ပါဘူး။ သင်၏ စိတ်နှလုံးက စတင်ဖြစ်ပွားတာပါ။ သင့်အထဲမှာ ရှိတဲ့အရာက ထွက်လာခြင်းဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ မဿဲ ၁၂:၃၄ “အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။”
သင်၏ စိတ်နှလုံး အခြေအနေကို သင်၏စကားလုံးတွေ ဖော်ညွှန်းပေးပါတယ်။ ကြမ်းတမ်းသော လျှာ ရှိနေသော သူသည် ဆိုးသော စိတ်နှလုံးကို ဖော်ပြသည်ဟု ဆိုလိုပါသည်။ များစွာ လေလုံးထွားသောသူသည်လည်း မလုံခြုံသော စိတ်ကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။
အလွန်အမင်း ပြောဆိုသော သူသည် မငြိမ်သက်သော စိတ်နှလုံးရှိပါသည်။ ဝေဖန်သော စကားလုံးများသည် ခါးသီးသော နှလုံးကို ဖော်ပြပါသည်။ တနည်းအားဖြင့် တခြားသူတို့ကို အားပေးစကား ဝေငှတဲ့အခါမှာ ဝမ်းမြောက်သော စိတ်ကို ဖော်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဓါတ်ကျနေသောသူတို့ကို နူးညံ့သောစကားဖြင့် ပြောဆိုတဲ့အခါမှာ သင်၌ရှိသော ချစ်တတ်တဲ့ စိတ်နှလုံးကိုဖော်ပြပါသည်။
နှစ်သိမ့်သော ၊ ကြင်နာသော စကားလုံးတို့ကို ပြောဆိုတဲ့အခါမှာ သင်၏ငြိမ်သက်သော စိတ်ကို ဖော်ပြသလို သင်ပြောဆိုသောအရာတွေကို သင်၏အတွင်းထဲ၌ နှစ်သက်မှုဖြစ်ကြောင်းကို ဖော်ပြပါတယ်။
ညစ်ညမ်းမှုတွေကို
အရင်းကနေသာ ဖယ်ရှင်းနိုင်မှာ ဖြစ်ပါသည်။ သင်၏နှုတ်အား ထိန်းချုပ်ဖို့ရန် ဘုရားသခင်
ကူညီတဲ့အခါမှာ သင်၏အတွင်း၌ဖြစ်တည်မှုကိုပါ ပြောင်းလဲပေးပါသည်။
အတိတ်က မည်သို့သော အဖြစ်အပျက်ရှိစေကာမူ ဘုရားသခင်သည် သူ့ထံလာသမျှသောသူတို့ကို ပြောင်းလဲဖို့ရန် နှလုံးအစားထိုးကုသမှု ပြုပေးဖို့ အဆင်သင့်ရှိနေပါသည်။
-
သင်၏ စိတ်နှလုံးအခြေအနေနှင့် ပတ်သက်၍ သင်၏စကားများက မည်သည့်အရာကို ထင်ဟပ်ပြပါသနည်း။
-
တစ်စုံတစ်ယောက်က သင့်အား ကြင်နာပြီး နှစ်သိမ့်သောစကားများဖြင့် သင့်အား မည်သို့ အားပေးမှု
ဖြစ်စေပါသနည်း။
-
ဘုရားသခင် စိတ်နှလုံးပြောင်းလဲပေးသည့် လုပ်ဆောင်မှုကို အကူအညီဖြစ်စေရန် မည်သို့သော
အလေ့အထများဖြင့် သင်လေ့ကျင့်နိုင်ပါမည်နည်း။
--------------------------------------------------------------------------------
Zawgyi Version
သင္၏ စိတ္ႏွလုံးကား မည္သို႔ ေဖာ္ျပသနည္း။
ဆာလံ ၁၄၁:၃ “အိုထာဝရဘုရား၊ အကြၽႏ္ုပ္၏ႏႈတ္ေရွ႕မွာ ကင္း ကို ထားေတာ္မူပါ။ အကြၽႏ္ုပ္၏ႏႈတ္ခမ္းတံခါးကို ေစာင့္ ေတာ္မူပါ။”
![]() |
| Add caption |
ကြၽႏ္ုပ္တို႔၏ ႏႈတ္ကို စီမံထိန္းခ်ဳပ္ဖို႔ရန္ ဘုရားသခင္ မည္သို႔ ကူညီပါသနည္း။ စိတ္ႏွလုံးအရင္းအျမစ္သို႔ တိုက္႐ိုက္သြားျခင္းအားျဖင့္ ကူညီပါသည္။
“ငါ ဘာျဖစ္ေနသလဲ မသိပါဘူး… ငါက အဲဒီလို လူမ်ိဳးမဟုတ္ပါဘူး” လို႔ သင့္ကိုယ္သင္ ေျပာဖူးပါသလား။ ေကာင္းပါၿပီ..တကယ္ေတာ့ အမွန္တရားက သင္၏ စိတ္ႏွလုံးက ဉီးစြာလာျခင္းမဟုတ္ပါလွ်င္ သင္၏ႏႈတ္က ထြက္လာႏိုင္စရာ အေၾကာင္းမရွိပါ။
တနည္းအားျဖင့္ သင္၏ႏႈတ္က သင့္ကို ျပသနာျဖစ္ေစတာ မဟုတ္ပါဘူး။ သင္၏ စိတ္ႏွလုံးက စတင္ျဖစ္ပြားတာပါ။ သင့္အထဲမွာ ရွိတဲ့အရာက ထြက္လာျခင္းျဖစ္ပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ မႆဲ ၁၂:၃၄ “အခ်င္းေႁမြဆိုးအမ်ိဳးတို႔၊ အဆိုးျဖစ္လ်က္ ေကာင္းေသာစကားကို အဘယ္သို႔ေျပာႏိုင္မည္နည္း။ စိတ္ ႏွလုံးအျပည့္ရွိသည္အတိုင္း ႏႈတ္ႁမြက္တတ္၏။”
သင္၏ စိတ္ႏွလုံး အေျခအေနကို သင္၏စကားလုံးေတြ ေဖာ္ၫႊန္းေပးပါတယ္။ ၾကမ္းတမ္းေသာ လွ်ာ ရွိေနေသာ သူသည္ ဆိုးေသာ စိတ္ႏွလုံးကို ေဖာ္ျပသည္ဟု ဆိုလိုပါသည္။ မ်ားစြာ ေလလုံးထြားေသာသူသည္လည္း မလုံၿခဳံေသာ စိတ္ကို ေဖာ္ျပေနျခင္း ျဖစ္ပါတယ္။
အလြန္အမင္း ေျပာဆိုေသာ သူသည္ မၿငိမ္သက္ေသာ စိတ္ႏွလုံးရွိပါသည္။ ေဝဖန္ေသာ စကားလုံးမ်ားသည္ ခါးသီးေသာ ႏွလုံးကို ေဖာ္ျပပါသည္။ တနည္းအားျဖင့္ တျခားသူတို႔ကို အားေပးစကား ေဝငွတဲ့အခါမွာ ဝမ္းေျမာက္ေသာ စိတ္ကို ေဖာ္ျပျခင္း ျဖစ္ပါတယ္။ စိတ္ဓါတ္က်ေနေသာသူတို႔ကို ႏူးညံ့ေသာစကားျဖင့္ ေျပာဆိုတဲ့အခါမွာ သင္၌ရွိေသာ ခ်စ္တတ္တဲ့ စိတ္ႏွလုံးကိုေဖာ္ျပပါသည္။
ႏွစ္သိမ့္ေသာ ၊ ၾကင္နာေသာ စကားလုံးတို႔ကို ေျပာဆိုတဲ့အခါမွာ သင္၏ၿငိမ္သက္ေသာ စိတ္ကို ေဖာ္ျပသလို သင္ေျပာဆိုေသာအရာေတြကို သင္၏အတြင္းထဲ၌ ႏွစ္သက္မႈျဖစ္ေၾကာင္းကို ေဖာ္ျပပါတယ္။
ညစ္ညမ္းမႈေတြကို အရင္းကေနသာ ဖယ္ရွင္းႏိုင္မွာ ျဖစ္ပါသည္။ သင္၏ႏႈတ္အား ထိန္းခ်ဳပ္ဖို႔ရန္ ဘုရားသခင္ ကူညီတဲ့အခါမွာ သင္၏အတြင္း၌ျဖစ္တည္မႈကိုပါ ေျပာင္းလဲေပးပါသည္။
အတိတ္က မည္သို႔ေသာ အျဖစ္အပ်က္ရွိေစကာမူ ဘုရားသခင္သည္ သူ႔ထံလာသမွ်ေသာသူတို႔ကို ေျပာင္းလဲဖို႔ရန္ ႏွလုံးအစားထိုးကုသမႈ ျပဳေပးဖို႔ အဆင္သင့္ရွိေနပါသည္။
ဆင္ျခင္ရန္
- သင္၏ စိတ္ႏွလုံးအေျခအေနႏွင့္ ပတ္သက္၍ သင္၏စကားမ်ားက မည္သည့္အရာကို ထင္ဟပ္ျပပါသနည္း။
- တစ္စုံတစ္ေယာက္က သင့္အား ၾကင္နာၿပီး ႏွစ္သိမ့္ေသာစကားမ်ားျဖင့္ သင့္အား မည္သို႔ အားေပးမႈ ျဖစ္ေစပါသနည္း။
- ဘုရားသခင္ စိတ္ႏွလုံးေျပာင္းလဲေပးသည့္ လုပ္ေဆာင္မႈကို အကူအညီျဖစ္ေစရန္ မည္သို႔ေသာ အေလ့အထမ်ားျဖင့္ သင္ေလ့က်င့္ႏိုင္ပါမည္နည္း။