Unfairness prints us toward Jesus
 Unicode Version
ဆာလံကျမ်း ၃၄:၁၇ “ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။
 လူတွေက အခြေခံအရာတော့ ကောင်းကြပြီး တကိုယ်ကောင်းမဆန်ကြပါဘူး။ သူတို့ရဲ့ ပတ်ဝန်းကျင်ကြောင့်သာ သူတို့ရဲ့ နှလုံးသားကို ဆိုးယုတ်သွားစေခဲ့တာဖြစ်တယ်” လို့ မတူညီတဲ့ နေရာဒေသတွေကနေ ယနေ့တွင် သင်ကြားရပါလိမ့်မည်။
 ဝမ်းနည်းစရာက - ထိုအယူအဆက လူ့သဘာဝမှာ ကျွန်ုပ်တို့ တွေ့မြင်ရတဲ့ အရာနဲ့ မကိုက်ညီပါဘူး။ ကလေး ငယ်တွေအနား သင်ရှိနေခဲ့ပါလျှင် ထိုအရာကို သင်နားလည်ပါမည်။ ကလေးငယ်တွေက တစ်ကိုယ်ကောင်း ဆန်သော သဘာဝတွေဖြင့် မွေးဖွားလာကြပါတယ်။ “ငါကို့အစာကျွေးပါ ၊ ငါ့ကို ဂရုစိုက်ပါ၊ ငါက ဂရုစိုက်စရာ ဖြစ်တယ် ၊”လို့ ဆိုနေကြတဲ့ စကားတွေကို မျှော်လင့်တာထက်ကို အမိန့်လို ဖြစ်နေပါတယ်။
 ကမ္ဘာတစ်ဝှမ်း လူတွေရဲ့ မတရားမှုတွေနှင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းရှိ မမျှတမှုတွေမှာတောင် “လူတွေက အခြေခံသဘော ကောင်းကြပါတယ်” ဆိုတဲ့ နားလည်မှုလွှဲခြင်းမျိုးတွေ ကြေကွဲစရာ ကောင်းပါတယ်။ ကျွန်ုပ်တို့ အစာတွေကို သိုလှောင်ကြတယ် ၊ သူတစ်ပါးကို ဖိနှိပ်ချုပ်ချယ်တယ်။ မိမိအကြံအစည်ကိုသာ ဖြစ်စေချင်ကြတယ်။ တခြားသောအရာတွေထက် မိမိအတွက်သာ ပိုပြီး တွေးထင်ကြပါတယ်။
 ကလေးသူငယ်များနှင့် လူ့အဖွဲ့အစည်းတွေမှာ ယေဘုယျအားဖြင့် မှန်ကန်သောအရာတွေသည် ကျွန်ုပ်တို့၏ ယနေ့အသက်တာ၌လည်း မှန်ကန်နေပါတယ်။ တစ်ချိန်တည်းမှာ သင်နှင့် ကျွန်ုပ်သည်လည်း မတရား ဆက်ဆံခံ ကြရပါတယ်။ သို့ပေမဲ့ ဤအရာတွင် သင်မတွေးထင်ခဲ့သော လျှို့ဝှက်ချက်ရှိပါတယ်။ သင်သည်လည်း သူတစ်ပါးကို မတရား ဆက်ဆံမှုတွေ ရှိနေပါတယ်။ ကျွန်ုပ်၌လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။
တစ်ယောက်နှင့် တစ်ယောက် မတရားဆက်ဆံတာကို ဘုရားသခင် မအံ့ဩပါဘူး။ အမှန်က ကျွန်ုပ်တို့ သခင်ယေရှုကို ဘာကြောင့် လိုအပ်သလဲဆိုတာကို ဖော်ပြနေပါတယ်။
 ဘုရားသခင်မရှိဘဲ လူတို့သည် တစ်ဉီးကို တစ်ဉီး လူမဆန်စွာ ဆက်ဆံခြင်းနှင့် ကျွန်ုပ်တို့ ကမ္ဘာကြီး မတရားမှု၏ ဗဟိုချက် ဖြစ်နေပါတယ်။ အာဏာရှင်စနစ်မှသည် ဆင်းရဲနွမ်းပါးခြင်း ၊ ပြိုကွဲခြင်းအထိ ဖြစ်လာပြီး လူမှုအသိုင်းအဝိုင်းအတွင် လူမျိုးရေး တင်းမာမှုတွေ ဖြစ်လာပါတယ်။
 တစ်နေ့တွင် ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို သူတစ်ပါးပေါ် ကျူးလွန်သော မတရားမှုများကို စီရင်လိမ့်မည်။ ဘုရားသခင်သည် တရားမျှတသောကြောင့် တခြားသူများကို ကျွန်ုပ်တို့ ဆက်ဆံပုံအတွက် အကျိုးဆက်များ ရှိပါသည်။
 ဆိုလိုသည်မှာ ကျွန်ုပ်တို့၌ သနားခြင်းဂရုဏာ လိုအပ်ပါတယ်။ ကျွန်ုပ်တို့အားလုံး တစ်ယောက်ကို တစ်ယောက် မတရားသဖြင့် အချိန်တိုင်း လိုလိုရှိခဲ့ဖူးကြပါတယ်။ မတရားမှု၏ သားကောင်းမကပါဘူး ကျုးလွန်သောသူတွေ ဖြစ်ကြပါတယ်။
ဤမတရားမှုတွေကနေ ကျွန်ုပ်တို့ သခင်ယေရှုကို လိုအပ်ကြောင်းဖော်ပြနေပါတယ်။ လူတွေအားလုံး အခြေခံအရ ကောင်းမွန်တယ်ဆိုရင် ဘုရားသခင်သည်လည်း သူ၏ သားတော်ကို ကားတိုင်ထက် အသေခံဖို့ရာ စေလွှတ်မည် မဟုတ်ပါ။ လူသားတို့သည် ကိုယ်ကျင့်တရားဆိုင်ရာတို့ဖြင့် မရှင်သန်နိုင်ကြောင်းကို ကမ္ဘာပေါ်ရှိ တရားမမျှတမ တွေက ထင်ရှားစေပါတယ်။
 နောက်တစ်ကြိမ် မတရားခံရပါလျှင် ဤအရာကို သတိရပါ။ “ဤကမ္ဘာပေါ်ရှိ လူတိုင်း (သင်နှင့် ကျွန်ုပ်အပါအဝင်) သခင်ယေရှုကို လိုအပ်ပါသည်”။
 ဆင်ခြင်ရန်
- မတရားဆက်ဆံခံရတဲ့ပေါ် သင်၏တုံ့ပြန်မှုက မည်သို့ဖြစ်သည်ကို သုံးသပ်ကြည့်ပါ။
- “နောက်တစ်ကြိမ် သင် သူတစ်ပါးပေါ် မတရားပြုတဲ့အခါ သင် ယေရှုကို လိုအပ်နေကြောင်းဖော်ပြတယ်” ဆိုတဲ့ ဝါကျ‌ပေါ် သင်၏တုံ့ပြန်မှုကို စဉ်းစားကြည့်ပါ။
- “ကောင်းတဲ့သူတွေပေါ် ဘုရားသခင်သည် ဘာကြောင့် မကောင်းမှုတွေကို ခွင့်ပြုရသနည်း” ဆိုတဲ့ မေးခွန်းပေါ် ယနေ့ Daily Devotional ကမည်သို့ သင့်အား ပြောကြားရန် အကူအညီ ပေးပါသနည်း။
---------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်