Unicode Version
မှောင်မိုက်ထဲမှ ရင်ဆိုင်နိုင်မည့်နည်းလမ်း
ဟေရှာယအနာဂတ္တိကျမ်း ၄၅:၃ “မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။”
ပထမဉီးဆုံး ကျွန်ုပ်တို့၏ အမည်အားဖြင့် “စတင်သိရှိခြင်း” နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ သိဖို့ဖြစ်ပါတယ်။ ဘုရားသခင် ဆိုထားသည်မှာ “မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။” ဘုရားသခင်သည် ပုဂ္ဂိုလ်ရေဖြစ်ပြီး သင့်ကို နာမည်အားဖြင့် ခေါ်ပါသည်။
ပြည့်စုံစွာ သိရှိခြင်းထက် ပိုပြီး ရင်းနှီးကျွမ်းဝင်သော အရာမရှိပါ။ သင်၏ ထူးဆန်းအံ့ဩဖွယ်ရာများနှင့် အားနည်း ချက်များ ၊ သင့်အား ရယ်မောစေနိုင်မည့်အရာ ၊ ကြောက်ရွံ့မှုများ ၊ မျှော်လင့်ချက်များနှင့် အိမ်မက်များအ ပါအဝင်ပေါ့။ ဤကမ္ဘာပေါ်မှာ အရာအားလုံးကို မည်သူမျှ မသိပါ။ သို့ပေမဲ့ ဘုရားသခင် သိပါတယ်။ ဘုရားသခင် သည် သင်၏ ကိုယ်ရည်ကိုယ်သွေး အဆင့်တွေမှာတစ်ဆင့် သင်၏ ဖြစ်တည်မှု များကို မြင်တွေ့နိုင်သူ တစ်ပါး တည်းသာ ဖြစ်ပါတယ်။
သင်၏ ဆင်းရဲခြင်းနှင့် မှောင်မိုက်များထဲမှ စည်းစိမ်ဘဏ္ဍာကို သိုထားခြင်ဖြင့် ဘုရားသခင်သည် သင်၏အမည်ကို ခေါ်သူဖြစ်ပြီး ထိုမှောင်မိုက်ထဲမှ သင်၏အနားကို ရောက်လာပါလိမ့်မည်။ ၎င်းသည် သူ့အား ချီးမွမ်းခြင်းသို့ ဉီးတည်ပါသည်။ ကျွန်ုပ်တို့ သိရှိထားတဲ့ ဝတ်ပြုကိုးကွယ်ခြင်းဆီ ဉီးတည်မှုဖြစ်ပါတယ်။
ယောဘသည် သူ၏ပိုင်ဆိုင်မှုအားလုံးတို့ကို ဆုံးရှုံးရတဲ့အခါမှာ ဘုရားသခင်နှင့် ပတ်သက်ပြီး မှန်ကန်ကြောင်း သူသိတဲ့ အတွက်ကြောင်း သူဝတ်ပြုကိုးကွယ်ခဲ့ပါတယ်။ ယောဘဝတ္တု ၁:၂၀-၂၁ “ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရ ဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။”
ယောဘသည် အရာအားလုံးကို ဆုံးရှုံးသည့်တိုင် သူ၏ ရင်ဆိုင်ရမှုတို့တွင် ဘုရားသခင်သူ့အားလဲ ကျစေခဲ့ကြောင်းကို သူသိခဲ့ပြီး “အဖဘုရားသခင်… ဘာတွေဖြစ်ပျက်သည်ကို ကျွန်ုပ်မသိပါ။ သို့ပေမဲ့ ဘုရားပေးခဲ့သောအရာကို ဘုရားပြန်ရုတ်သိမ်းသွားပါတယ်။ ဘုရား၏နာမတော် ချီးမွမ်းပါ၏” လို့ ဆိုခဲ့ပါတယ်။
ဝတ်ပြုကိုးကွယ်ခြင်းသည်
မှောင်မိုက်ထဲတွင် ရှိသည့် ဘဏ္ဍာတစ်ခုဖြစ်ပါတယ်။ သင်၏ နာကျင်ခြင်းများထဲ၌ပင် လျှင် ဘုရားသခင် ကောင်းမြတ်ကြောင်း ၊ ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို
သင်သိနိုင်သည်။ သင်၏ နာမည်အားဖြင့်သော်လည်းကောင်း ၊ သင့်အသက်တာ၏ အသေးစိတ်အချက်များအားလုံးအားဖြင့်
သော်လည်း ကောင်း သင့်အား ဘုရားသခင် သိပါသည်။ သူ ထိန်းချုပ်နေပါသည်။ သင်၏အသက်တာအတွက်
အစီအစဉ်တွေ ဘုရားသခင်ဆီမှာ ရှိပါသည်။
သင်၌ ဘုရားသခင် သိုမှီးထားသော ရွှေ၊ စိန်များနှင့် သင့်အားဖော်ပြသော ထိုဘဏ္ဍာတို့ကို လက်ခံဖို့ရန် အဆင်သင့် ဖြစ်အောင် သင်၏အခွင့်အလမ်းများကို ဘုရားသခင်အား ဖွင့်ပြဖို့ဖြစ်ပါတယ်။ ဘုရားသခင် ကြားဝင်ဖျန်ဖြေ သည်ဖြစ်စေ ၊ မဖျန်ဖြေသည်ဖြစ်စေ မှောင်မိုက်ထဲလျှောက်သွားသောအခါ သူသည် ရင်းနှီးသော ပုဂ္ဂိုလ်ရေး ဘုရားသခင်ဖြစ်သည်ကို သင်သိနိုင်ပါသည်။
ဤအရာသည် အမှောင်ကို မည်ကဲ့သို့ သင်ရင်ဆိုင်ဖို့ရန် နှင့် မျှော်လင့်ချက်ကို မည်သို့ရှာဖွေဖို့ရန် အကြောင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင့်ဆီကနေ မည်သည့်အရာကို ယူဆောင်သွားဖို့ ဘုရား ခွင့်ပြုထားသနည်း။ သင်ကော မည်သို့ တုံ့ပြန်ခဲ့ပါသနည်း။
-
အခွင့်အရေးတွေကို ရှာဖွေဖို့ရန် ဘုရားသခင်ကို ဘဏ္ဍာအဖြစ် သင်ကိုးကွယ်ပါသလား။ ဘာကြောင့်နည်း
(သို့) ဘာကြောင့်မဟုတ်သနည်း။
-
နာကျင်ဝေဒနာ ခံစားရသည့်တိုင်း မည်သို့သော တစ်ချို့ အမှန်တရားတွေက ဘုရားသခင်ကို ကိုးကွယ်ဖို့ရန်
အကြောင်း ဖြစ်စေပါသနည်း။
Zawgyi Version
![]() |
| Add caption |
ဆင်ခြင်ရန်