Unicode Version
သူတစ်ပါးပေါ် စစ်ကြောစီရင်ခြင်းအား ရပ်တန့်ပစ်လိုက်ပါ။
ရှင်ယာကုပ်ဩဝါဒစာ ၂:၁၂-၁၃ “လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။ ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။”
သခင်ယေရှု နောက်လိုက်ဖြစ်သည့်အလျှောက် အတောမသတ်တဲ့ တင်းမာမှုထဲမှာ ကျွန်ုပ်တို့ နေထိုင်ကြပါတယ်။တဖက်မှာတော့ ဘုရားသခင်ကို ကျွန်ုပ်တို့ချီးမွမ်းထောပနာပြုလိုကြပြီး အလိုတော်ကို လုပ်ဆောင်ချင်ကြပါတယ်။ တခြားတစ်ဖက်မှာတော့ ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးတို့သည် ဘုရားသခင်နှင့် တိုက်ရိုက် ဆန့်ကျင်နေခဲ့ပါသည်။
ဘုရားသခင်၏ နိုင်ငံတော်၌တည်သော အသက်တာသည် ကမ္ဘာပေါ်ရှိ နည်းလမ်းများတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပါ တယ်။ သင်၏ ထိုက်တန်မှုများနှင့် မကိုက်ညီသောအရာများ ၊ဘုရားသခင်နှင့်ထိုက်တန်ခြင်းတွေက ပိုပြီးအရေး ကြီးတယ်ဆိုတာကို သင်မြင်ရပါမည်။
သင်မည်သို့ တုံ့ပြန်မည်နည်း။
ကံမကောင်းစွာဖြင့် ခရစ်ယာန်တော်တော်များများတို့သည် သူတစ်ပါးအား စစ်ကြောစီရင်ခြင်းဖြင့်
တုံ့ပြန်တတ် ကြပြီး အသက်တာကို ဖြတ်သန်းကြပါတယ်။
ရှင်ယာကုပ်က ကျွန်ုပ်တို့ကို ဆိုထားသည်မှာ သူတစ်ပါးကို သနားဂရုဏာပြခြင်းမရှိဘဲ
စစ်ကြောစီရင်တဲ့အခါမှာ ကျွန်ုပ်တို့ကိုလည်း ဘုရားသခင် ဂရုဏာပြလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်သည်
စစ်ကြောစီရင်ခြင်းထက် သနားကြင်နာခြင်း ၊ ဂရုဏာပြုခြင်းကို ဆန္ဒရှိပါသည်။
နူးညံ့သိမ်မွေ့ခြင်းဖြင့် သမ္မာတရားကိုပြောဆိုခြင်းအားဖြင့် သူတစ်ပါးတို့အား စီရင်ခြင်းတို့ကို သင်ရှောင်ရှားနိုင် ပါသည်။ ဘုရားသခင်အား နာမခံခြင်းတွေသည် မကောင်းသော အကျိုးဆက်ကို ဖြစ်ပေါ်စေလိမ့်မည်ဟု တစ်စုံ တစ်ယောက်အား သင်ပြောနိုင်ခြင်းသည် သူတစ်ပါးအပေါ်မှာ စီရင်ခြင်းမပြုနိုင်သည့် နည်းလမ်းဖြစ်ပါတယ်။
သင့်ကိုယ်သင်
သာလွန်ကောင်းမွန်သူအဖြစ် သမ္မာတရားတို့ဖြင့် သူတစ်ပါးခေါင်းကို လှုပ်ကိုင်လိုက်တဲ့အခါမှာ
သင်ကိုယ်တိုင် အကဲဖြတ်စီရင်သူ ဖြစ်လာပါသည်။ လူတို့အား အကူအညီဖြစ်စေရန် သမ္မာတရားကို
ပြောဆိုဖို့ရန် ကျွန်ုပ်တို့အား ဘုရားက ဆင့်ခေါ်ပါတယ်။ သူတစ်ပါးကို ထိခိုက်ဖို့မဟုတ်၊
နှစ်နာစေဖို့အတွက် မဟုတ်ပါ။
သဘောထား မတိုက်ဆိုင်ခြင်းတွေ မရှိဘဲလျက် တစ်စုံတစ်ယောက်နှင့် သင်သဘောတူညီမှုတွေ ရှိနိုင်ပါတယ်။ တစ်စုံတစ်ခုအပေါ်မှာ သင်မှန်နေသည့်တိုင် ၎င်းနှင့် ပတ်သက်ပြီး သင်ရိုင်းစိုင်ခဲ့ပါလျှင် သင်သည် မှားယွင်းခြင်းသို့ ရောက်ရှိသွားပေမည်။
ယုံကြည်သူတစ်ဉီးအဖြစ် ပြုမူဖို့ရန် မယုံကြည်သောသူကို သုံးသပ်စီရင်ခြင်းသည် အဓိပ္ပါယ်မရှိပါ။ သမ္မာကျမ်းစာ တွင် ဆိုထားသည်မှာ သခင်ယေရှုကို အသက်တာတွင် လက်ခံပြီး တန်ခိုးတော်၏ လမ်းပြခြင်းတို့ကို မဖိတ် ခေါ်သည့်တိုင် မည်သူမှ ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင်သော နည်းလမ်းတွေကို မလုပ်ဆောင် နိုင်ပါ။
တစ်ယောက်ချင်းစီတိုင်း မိမိတို့၏စာရင်းတို့ကို
ဘုရားသခင်ရှေ့တွင် ရှင်းရမည်ကို သင်သတိရသောအခါမှာ သူတစ်ပါးပေါ် စီရင်ခြင်းအား ရပ်တန့်စေနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ
သူတို့သည် သင့်အား တာဝန်ယူမှုမရှိပါ။ သူတစ်ပါးပေါ် စီရင်ခြင်းကို ရပ်တန့်ဖို့က သင်၏တာဝန်သာဖြစ်ပါသည်။
သခင်ယေရှုဆိုထားသည်မှာ လုကာ ၆:၃၇ “သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင် တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည်။ သူအပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင် တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ် လိမ့်မည်။”
-
“ယုံကြည်သူတစ်ဉီးအဖြစ် ပြုမူဖို့ရန် မယုံကြည်သောသူကို သုံးသပ်စီရင်ခြင်းသည် အဓိပ္ပါယ်မရှိပါ။”
ဆိုတဲ့ ဝါကျအပေါ် သင်၏ တုံ့ပြန်မှုကို စဉ်းစားပါ။
-
ရောမ ၁၄: ၁၂-၁၃
“သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
၁၃ထိုကြောင့်၊
ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း
သာ၍ စီရင်ကြကုန်အံ့။” ဤကျမ်းပိုဒ်ကား ယနေ့
Daily Devotional နှင့် မည်ကဲ့သို့ သက်ဆိုင်ပါသနည်း။
-
တစ်စုံတစ်ယောက်နှင့် သဘောတူစရာ မလိုဘဲ သင်သဘောမတူညီနိုင်တဲ့ နည်းလမ်းကား အဘယ်နည်း။
Zawgyi Version
![]() |
| Add caption |
ဆင်ခြင်ရန်