Unicode Version

ခံစားမှုကို ရှာဖွေခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း မဟုတ်ပါ။
ယောဘဝတ္တု ၂၃:၈-၁၀ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင်
ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။
လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော် မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊
ရွှေကဲ့သို့ငါပေါ်လိမ့်မည်။”
ဘုရားသခင်၏ သိသာစွာ မထင်ရှားခြင်းကို တစ်ခါတစ်ရံ ဒါဝိလ်မင်းကြီး ညည်းညူခဲ့ကြောင်းကို ကျွန်ုပ်တို့ မနေ့က Daily Devotional မှာ ကြည့်ရှုခဲ့ရပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ အမှန်တရားက ဒါဝိလ်ကို ဘုရားသခင် မပစ်ပယ်ခဲ့ပါ။ သင့်ကိုလည်း ဘယ်တော့မှ မပစ်ပယ်ပါ။ ကြိမ်ဖန်များစွာ ဘုရားသခင် ကတိပေးထားပါတယ်။ ဟေဗြဲ ၁၃:၅ “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။”
ဘုရားသခင်၏ မထင်ရှားခြင်းတွေကို သင်အမြဲတမ်း ခံစားရလိမ့်မည်ဖြစ်ကြောင်းကို ဘုရားကတိမပေးထားပါဘူး။ တကယ်တော့ ဘုရားသခင်သည် သူ၏မျက်နှာတော်ကို ကျွန်ုပ်တို့ထံမှ တစ်ခါတစ်ရံ ကွယ်ဝှက်ထားသည်ဟု အသိပေးပါတယ်။ ဟေရှာယအနာဂတ္တိကျမ်း ၄၅:၁၅ “အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင်တော်မူ သောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။”
သင်၏အသက်တာတွင် ပျောက်ဆုံးနေသော လုပ်ဆောင်ချက်များအဖြစ် ထင်ရတဲ့အချိန်ကာလ ရှိပါသည်။
၎င်းသည် ဘုရားသခင်နှင့်သင်၏ ရင်းနှီးကျွမ်းဝင်မှုကို စမ်းသပ်ခြင်းနှင့်
ရင့်ကျက်စေခြင်း၏ ပုံမှန်အစိတ်အပိုင်း ဖြစ်ပါတယ်။ ယုံကြည်သူ ခရစ်ယာန်တိုင်း အနည်းဆုံတော့
တစ်ကြိမ် နှင့် အများအားဖြင့် ကြိမ်ဖန်များစွာ ဖြတ်သန်းသွားကြရပါသည်။ ၎င်းသည် နာကျင်ပြီး
စိတ်ရှုပ်ထွေးစေသည်။ သို့သော် သင်၏ယုံကြည်ခြင်းတိုးတက် စေရန်အတွက် လုံးဝကို အရေးကြီးပါသည်။
မိမိအသက်တာ၌ ဘုရားသခင်တည်ရှိမှုကို မခံစားနိုင်သည့်အခါ ၎င်းကို သိခြင်းက ယောဘအား မျှော်လင့်ချက် ပေးခဲ့ပါသည်။ ယောဘ ပြောထားသည်မှာ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။” ယောဘဝတ္တု ၂၃:၈-၁၀
ဘုရားသခင်နှင့် သင်ဝေးကွာသည်ဟု သင်ထင်ပါလျှင် ဘုရားက သင့်ကို စိတ်ဆိုးနေသလား (သို့) သင်၏အပြစ် တစ်ချို့အတွက် သင့်ကို ဆုံးမနေသည်ဟု ခံစားရပေသည်။ စင်စစ်အားဖြင့် အပြစ်သည် ဘုရားသခင်နှင့် ရင်းနှီး သော မိတ်သဟာယ ဖွဲ့ခြင်းမှ ကျွန်ုပ်တို့ကို မဆက်သွယ်ပေးနိုင်ပါ။ တခြားသော အပြစ်တွေ၊ ကမ္ဘာကြီး နှင့် ရင်းနှီးကျွမ်းဝင်မှုတွေ ၊ အလုပ်များခြင်း ၊ တခြားသူတွေနှင့် ပဋိပက္ခဖြစ်ခြင်း နှင့် နာခံမှုမရှိခြင်းတွေသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ဝမ်းနည်းစေပြီး ကျွန်ုပ်တို့နှင့် ရင်းနှီးကျွမ်းဝင်မှုကို ငြိမ်းသတ်စေပါတယ်။
(ဆာလံ
၅၁ ၊ ဧဖက်ဩဝါဒစာ ၄: ၂၉-၃၀ ၊ သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၁၉ ၊ ယေရမိအနာဂတ္တိကျမ်း
၂:၃၂ ၊ ကောရိန္သုဩဝါဒစာ ပဌမစောင် ၈:၁၂ ၊ ရှင်ယာကုပ်ဩဝါဒစာ ၄:၄ ကို ကြည့်ပါ။)
ဧဖက်ဩဝါဒစာ ၄: ၂၉-၃၀ “ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော် ကို စိတ်မနာစေကြနှင့်။”
သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၁၉ “ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့်။”
ယေရမိအနာဂတ္တိကျမ်း ၂:၃၂ “အပျိုမသည် မိမိ၌ဆင်သောတန်ဆာကို၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို၎င်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသော ကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ။”
ကောရိန္သုဩဝါဒစာ ပဌမစောင် ၈:၁၂ “သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။”
ရှင်ယာကုပ်ဩဝါဒစာ ၄:၄ “မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။”
သို့သော်လည်း များသောအားဖြင့် ဘုရားသခင်မှ စွန့်ခွါခြင်း (သို့) ခပ်ခွါခွါနေခြင်း ခံစားမှုတွေသည် အပြစ်နှင့် မသက်ဆိုင်ပါ။ ၎င်းသည် ယုံကြည်ခြင်းကို စမ်းသပ်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရမည့်အရာ တစ်ခုဖြစ်ပါတယ်။ သင့်အသက်တာတွင် ဘုရားသခင်၏ လုပ်ဆောင်မှုတွေ (သို့) မထင်ရှားခြင်းတွေကို ခံစားရချိန် တွေမှာ သူ့အား ဆက်လက်ချစ်နိုင်မည်လား၊ယုံကြည်နိုင်မည်လား ၊ နာခံနိုင်မည်လား ၊ ကိုးကွယ်နိုင် မည်လား။
ယနေ့ ခရစ်ယာန်တွေ ဝတ်ပြုကိုးကွယ်ခြင်းတွင်
လုပ်လေ့လုပ်ထရှိတဲ့ အမှားတစ်ခုက ဘုရားသခင်ကို ရှာဖွေခြင်း ထက် အတွေ့အကြုံရှာဖွေခြင်း
ဖြစ်ပါတယ်။ ခံစားချက်တွေကို ကြည့်ကြတယ်။ အကယ်၍ ဖြစ်ပျက်မှုရှိလာမယ် ဆိုလျှင် သူတို့
ကိုးကွယ်ခဲ့သည်ဟု ကောက်ချက်ချကြပါတယ်။
သို့ပေမဲ့ ကျွန်ုပ်တို့၏ ခံစားချက်တွေကို မကြာခဏဆိုသလို ဘုရားသခင် ဖယ်ရှားပေးတဲ့အတွက်ကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့အပေါ် မူတည်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူနှင့်ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးသို့ ဆွဲခေါ်ရန် အလိုတော်ရှိပါသည်။
ဆင်ခြင်ရန်
-
ကိုးကွယ်ခြင်းနှင့် ပတ်သက်သော သမ္မာတရားကို နားလည်ခြင်းသည် သင်၏ ဘုရားကျောင်းတွင်း
ဝတ်ပြုကိုးကွယ်ချိန်နှင့် ပတ်သက်ပြီး သင်၏သဘောထားကို မည်သို့ ပြောင်းလဲစေပါသနည်း။
-
ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို ဘာကြောင့် စမ်းသပ်သည်ဟု ထင်ပါသနည်း။ ထိုသို့လုပ်ဆောင်ခြင်း
အားဖြင့် သင်၏အသက်တာတွင် ဘုရားဘာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ချင်ပါသနည်း။
-
သင်၏အသက်တာ၌ ဘုရားသခင်ရှိခြင်းကို သင်မခံစားရတဲ့အခါ သင်မည်သို့သော တုံ့ပြန်မှုတွေကို
ရွေးချယ် မည်နည်း။
------------------------------------------------------------------------------
Zawgyi Version
ခံစားမႈကို ရွာေဖြျခင္းသည္ ဝတ္ျပဳကိုးကြယ္ျခင္း မဟုတ္ပါ။
ေယာဘဝတၱဳ ၂၃:၈-၁၀ “ယခုမူကား၊ ငါတက္လွ်င္ ဘုရားသခင္ရွိေတာ္မမူ။ ဆုတ္လွ်င္ ကိုယ္ေတာ္ကို မရိပ္မိ၊ လုပ္ေတာ္မူရာ လက္ဝဲဘက္သို႔သြားလွ်င္ ကိုယ္ေတာ္ကို မဖူးမေတြ႕ရ။ လက္်ာဘက္၌ ပုန္းေရွာင္လ်က္ ေနေတာ္ မူေသာေၾကာင့္၊ ကိုယ္ေတာ္ကိုမျမင္ရ။ သို႔ေသာ္လည္းငါသြားေသာလမ္းကို သိေတာ္မူ၏။ စစ္ေတာ္မူျခင္းကို ခံၿပီးမွ၊ ေ႐ႊကဲ့သို႔ငါေပၚလိမ့္မည္။”
![]() |
ဘုရားသခင္၏ သိသာစြာ မထင္ရွားျခင္းကို တစ္ခါတစ္ရံ ဒါဝိလ္မင္းႀကီး ညည္းညဴခဲ့ေၾကာင္းကို ကြၽႏ္ုပ္တို႔ မေန႔က Daily Devotional မွာ ၾကည့္ရႈခဲ့ရၿပီး ျဖစ္ပါတယ္။ သို႔ေပမဲ့ အမွန္တရားက ဒါဝိလ္ကို ဘုရားသခင္ မပစ္ပယ္ခဲ့ပါ။ သင့္ကိုလည္း ဘယ္ေတာ့မွ မပစ္ပယ္ပါ။ ႀကိမ္ဖန္မ်ားစြာ ဘုရားသခင္ ကတိေပးထားပါတယ္။ ေဟၿဗဲ ၁၃:၅ “သင္တို႔၏က်င့္ႀကံျပဳမူျခင္းသည္ ေငြကိုတပ္မက္ျခင္းႏွင့္ ကင္းလြတ္၍၊ ကိုယ္၌ရွိေသာဥစၥာႏွင့္ ေရာင့္ရဲ ျခင္းရွိၾကေလာ့။ အေၾကာင္းမူကား၊ ငါသည္ သင့္ကိုမစြန္႔၊ သင့္ကိုအလွ်င္းပစ္၍မထားဟု ဂတိေတာ္ရွိ၏။”
ဘုရားသခင္၏ မထင္ရွားျခင္းေတြကို သင္အၿမဲတမ္း ခံစားရလိမ့္မည္ျဖစ္ေၾကာင္းကို ဘုရားကတိမေပးထားပါဘူး။ တကယ္ေတာ့ ဘုရားသခင္သည္ သူ၏မ်က္ႏွာေတာ္ကို ကြၽႏ္ုပ္တို႔ထံမွ တစ္ခါတစ္ရံ ကြယ္ဝွက္ထားသည္ဟု အသိေပးပါတယ္။ ေဟရွာယအနာဂတၱိက်မ္း ၄၅:၁၅ “အိုဣသေရလ အမ်ိဳး၏ဘုရားသခင္၊ ကယ္တင္ေတာ္မူ ေသာဘုရား၊ အကယ္စင္စစ္ ကိုယ္ေတာ္သည္ ကိုယ္ကို ထင္ရွားစြာျပေတာ္မမူေသာ ဘုရားသခင္ ျဖစ္ေတာ္မူ၏။”
သင္၏အသက္တာတြင္ ေပ်ာက္ဆုံးေနေသာ လုပ္ေဆာင္ခ်က္မ်ားအျဖစ္ ထင္ရတဲ့အခ်ိန္ကာလ ရွိပါသည္။ ၎သည္ ဘုရားသခင္ႏွင့္သင္၏ ရင္းႏွီးကြၽမ္းဝင္မႈကို စမ္းသပ္ျခင္းႏွင့္ ရင့္က်က္ေစျခင္း၏ ပုံမွန္အစိတ္အပိုင္း ျဖစ္ပါတယ္။ ယုံၾကည္သူ ခရစ္ယာန္တိုင္း အနည္းဆုံေတာ့ တစ္ႀကိမ္ ႏွင့္ အမ်ားအားျဖင့္ ႀကိမ္ဖန္မ်ားစြာ ျဖတ္သန္းသြားၾကရပါသည္။ ၎သည္ နာက်င္ၿပီး စိတ္ရႈပ္ေထြးေစသည္။ သို႔ေသာ္ သင္၏ယုံၾကည္ျခင္းတိုးတက္ ေစရန္အတြက္ လုံးဝကို အေရးႀကီးပါသည္။
မိမိအသက္တာ၌ ဘုရားသခင္တည္ရွိမႈကို မခံစားႏိုင္သည့္အခါ ၎ကို သိျခင္းက ေယာဘအား ေမွ်ာ္လင့္ခ်က္ ေပးခဲ့ပါသည္။ ေယာဘ ေျပာထားသည္မွာ “ယခုမူကား၊ ငါတက္လွ်င္ ဘုရားသခင္ရွိေတာ္မမူ။ ဆုတ္လွ်င္ ကိုယ္ေတာ္ကို မရိပ္မိ၊ လုပ္ေတာ္မူရာ လက္ဝဲဘက္သို႔သြားလွ်င္ ကိုယ္ေတာ္ကို မဖူးမေတြ႕ရ။ လက္်ာဘက္၌ ပုန္းေရွာင္လ်က္ ေနေတာ္မူေသာေၾကာင့္၊ ကိုယ္ေတာ္ကိုမျမင္ရ။ သို႔ေသာ္လည္းငါသြားေသာလမ္းကို သိေတာ္မူ ၏။ စစ္ေတာ္မူျခင္းကို ခံၿပီးမွ၊ ေ႐ႊကဲ့သို႔ငါေပၚလိမ့္မည္။” ေယာဘဝတၱဳ ၂၃:၈-၁၀
ဘုရားသခင္ႏွင့္ သင္ေဝးကြာသည္ဟု သင္ထင္ပါလွ်င္ ဘုရားက သင့္ကို စိတ္ဆိုးေနသလား (သို႔) သင္၏အျပစ္ တစ္ခ်ိဳ႕အတြက္ သင့္ကို ဆုံးမေနသည္ဟု ခံစားရေပသည္။ စင္စစ္အားျဖင့္ အျပစ္သည္ ဘုရားသခင္ႏွင့္ ရင္းႏွီး ေသာ မိတ္သဟာယ ဖြဲ႕ျခင္းမွ ကြၽႏ္ုပ္တို႔ကို မဆက္သြယ္ေပးႏိုင္ပါ။ တျခားေသာ အျပစ္ေတြ၊ ကမာၻႀကီး ႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈေတြ ၊ အလုပ္မ်ားျခင္း ၊ တျခားသူေတြႏွင့္ ပဋိပကၡျဖစ္ျခင္း ႏွင့္ နာခံမႈမရွိျခင္းေတြသည္ ဘုရားသခင္၏ ဝိညာဥ္ေတာ္ကို ဝမ္းနည္းေစၿပီး ကြၽႏ္ုပ္တို႔ႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈကို ၿငိမ္းသတ္ေစပါတယ္။
(ဆာလံ ၅၁ ၊ ဧဖက္ဩဝါဒစာ ၄: ၂၉-၃၀ ၊ သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၁၉ ၊ ေယရမိအနာဂတၱိက်မ္း ၂:၃၂ ၊ ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၈:၁၂ ၊ ရွင္ယာကုပ္ဩဝါဒစာ ၄:၄ ကို ၾကည့္ပါ။)
ဧဖက္ဩဝါဒစာ ၄: ၂၉-၃၀ “ညစ္ညဴးေသာစကားတခြန္းကိုမွ် သင္တို႔ႏႈတ္ထဲက မထြက္ေစႏွင့္။ ၾကားနာေသာ သူတို႔၏အက်ိဳးကို ျပဳစုေစျခင္းငွါ၊ တည္ေဆာက္စရာဘို႔ ေကာင္းေသာ စကားကိုသာ သုံးေဆာင္ၾကေလာ့။ ေ႐ြးႏႈတ္ျခင္း ေန႔ရက္တိုင္ေအာင္ သင္တို႔ကို တံဆိပ္ခတ္ေတာ္မူေသာ ဘုရားသခင္၏သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ ကို စိတ္မနာေစၾကႏွင့္။”
သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၁၉ “ဝိညာဥ္ေတာ္၏အရွိန္ကို အၿငိမ္းေစၾကႏွင့္။”
ေယရမိအနာဂတၱိက်မ္း ၂:၃၂ “အပ်ိဳမသည္ မိမိ၌ဆင္ေသာတန္ဆာကို၎၊ မဂၤလာေဆာင္ သတို႔သမီးသည္ မိမိခါးပန္းကို၎ ေမ့ေလ်ာ့ႏိုင္သေလာ။ သို႔ေသာ္လည္း၊ ငါ၏လူတို႔သည္ မေရတြက္ႏိုင္ေအာင္ မ်ားစြာေသာ ကာလပတ္လုံး ငါ့ကို ေမ့ေလ်ာ့ၾကၿပီ။”
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၈:၁၂ “သင္တို႔သည္၊ ညီအစ္ကိုတို႔ကို ထိုသို႔ျပစ္မွား၍ သူတို႔၌ ကိုယ္ကို ကိုယ္သိေသာ အားနည္းေသာစိတ္ကို ထိခိုက္ေသာအခါ၊ ခရစ္ေတာ္ကိုလည္း ျပစ္မွားရာသို႔ ေရာက္၏။”
ရွင္ယာကုပ္ဩဝါဒစာ ၄:၄ “မတရားေသာေမထုန္၌မွီဝဲေသာ ေယာက္်ားမိန္းမတို႔၊ ေလာကီမိႆဟာယသည္ ဘုရားသခင္ႏွင့္ ဆန္႔က်င္ဘက္ျဖစ္သည္ကို မသိၾကသေလာ။ ဤေလာကႏွင့္ မိႆဟာယဖြဲ႕လိုေသာသူသည္ ဘုရားသခင္၏ ရန္သူျဖစ္၏။”
သို႔ေသာ္လည္း မ်ားေသာအားျဖင့္ ဘုရားသခင္မွ စြန႔္ခြါျခင္း (သို႔) ခပ္ခြါခြါေနျခင္း ခံစားမႈေတြသည္ အျပစ္ႏွင့္ မသက္ဆိုင္ပါ။ ၎သည္ ယုံၾကည္ျခင္းကို စမ္းသပ္ျခင္းျဖစ္ၿပီး ကြၽႏ္ုပ္တို႔အားလုံး ရင္ဆိုင္ၾကရမည့္အရာ တစ္ခုျဖစ္ပါတယ္။ သင့္အသက္တာတြင္ ဘုရားသခင္၏ လုပ္ေဆာင္မႈေတြ (သို႔) မထင္ရွားျခင္းေတြကို ခံစားရခ်ိန္ ေတြမွာ သူ႔အား ဆက္လက္ခ်စ္ႏိုင္မည္လား၊ယုံၾကည္ႏိုင္မည္လား ၊ နာခံႏိုင္မည္လား ၊ ကိုးကြယ္ႏိုင္ မည္လား။
ယေန႔ ခရစ္ယာန္ေတြ ဝတ္ျပဳကိုးကြယ္ျခင္းတြင္ လုပ္ေလ့လုပ္ထရွိတဲ့ အမွားတစ္ခုက ဘုရားသခင္ကို ရွာေဖြျခင္း ထက္ အေတြ႕အႀကဳံရွာေဖြျခင္း ျဖစ္ပါတယ္။ ခံစားခ်က္ေတြကို ၾကည့္ၾကတယ္။ အကယ္၍ ျဖစ္ပ်က္မႈရွိလာမယ္ ဆိုလွ်င္ သူတို႔ ကိုးကြယ္ခဲ့သည္ဟု ေကာက္ခ်က္ခ်ၾကပါတယ္။
သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ ခံစားခ်က္ေတြကို မၾကာခဏဆိုသလို ဘုရားသခင္ ဖယ္ရွားေပးတဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္တို႔သည္ ၎တို႔အေပၚ မူတည္လိမ့္မည္ မဟုတ္ပါ။ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ကို သူႏွင့္ပိုမိုနက္ရႈိင္းေသာ ဆက္ဆံေရးသို႔ ဆြဲေခၚရန္ အလိုေတာ္ရွိပါသည္။
ဆင္ျခင္ရန္
- ကိုးကြယ္ျခင္းႏွင့္ ပတ္သက္ေသာ သမၼာတရားကို နားလည္ျခင္းသည္ သင္၏ ဘုရားေက်ာင္းတြင္း ဝတ္ျပဳကိုးကြယ္ခ်ိန္ႏွင့္ ပတ္သက္ၿပီး သင္၏သေဘာထားကို မည္သို႔ ေျပာင္းလဲေစပါသနည္း။
- ဘုရားသခင္သည္ သင္၏ယုံၾကည္ျခင္းကို ဘာေၾကာင့္ စမ္းသပ္သည္ဟု ထင္ပါသနည္း။ ထိုသို႔လုပ္ေဆာင္ျခင္း အားျဖင့္ သင္၏အသက္တာတြင္ ဘုရားဘာေတြကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ခ်င္ပါသနည္း။
- သင္၏အသက္တာ၌ ဘုရားသခင္ရွိျခင္းကို သင္မခံစားရတဲ့အခါ သင္မည္သို႔ေသာ တုံ႔ျပန္မႈေတြကို ေ႐ြးခ်ယ္ မည္နည္း။