နားလည်မှုဖြစ်ခြင်း မတိုင်ခင်မှာ နားလည်ဖို့ရန် ရှာဖွေပါ။ | Seek to Understand Before Being Understood

 Unicode Version

နားလည်မှုဖြစ်ခြင်း မတိုင်ခင်မှာ နားလည်ဖို့ရန် ရှာဖွေပါ။

ဖိလိပ္ပိ ၂:၄-၅ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။ ယေရှုခရစ်၌ရှိ သော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။”

သင်စိတ်ရှုပ်ထွေးနေတဲ့အခါ ၊ ပဋိပက္ခ ဖြစ်နေတဲ့အခါတွေမှာ တင်းမာမှုတွေကို လျော့ချဖို့ရန် ချစ်ခြင်းမေတ္တာနှင့် သခင်ခရစ်တော်၏ နည်းလမ်းအတိုင်း နားလည်မှုကို မရခင်မှာ နားလည်ဖို့ရန် ရှာဖွေခြင်း ဖြစ်ပါတယ်။ သင်ဘက် ကနေ တခြားသူတွေကို စည်းရုံးသိမ်းသွင်းရန် စတင် မကြိုးစားမှီ တခြားသူက ဘာတွေ တွေးနေသလဲ ၊ ဘာတွေ ပြောနေသလဲဆိုတာကို ကြိုးစားရှာဖွေပါ။ တခြားသူတွေအတွက် တူညီသောအရာကို သင်လုပ်ဆောင်ဖို့ ဆန္ဒမပြု သရွေ့ သင်နားလည်မှုကို မျှော်လင့်နိုင်မည် မဟုတ်ပါ။

သမ္မာကျမ်းစာက ဆိုထားသည်မှာ - သုတ္တံ ၁၈:၁၃ “အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည် မိုက် သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။

ကျွန်ုပ်တို့၏ လမ်းစဉ်ကို သူတစ်ပါးတို့ တွေ့မြင်နိုင်အောင် မအားမလပ် ကြိုးစားနေရတဲ့အတွက်ကြောင့် သူတစ်ပါး ပြောဆိုသောအရာတို့ကို နားမထောင်နိုင်တော့ပါ။

ဒါကြောင့် ကျွန်ုပ်တို့ သူတစ်ပါးကို ပြောဖို့ လိုအပ်တာက “သင်အရင်သွားပါ”။ ပြီးနောက် သူတို့တွေ ဝေငှတဲ့အခါမှာ သင်က“ ကျွန်ုပ်နားလည်မလား ကြည့်ပါရစေ” လို့ပြောပါ။ သင်ပြောနေတာက သူတို့ပြောတဲ့ အရာတွေကို သင်နားလည်သည့်အတိုင်း ထပ်ပြီးပြောဆိုခြင်း ဖြစ်ပါတယ်။ “ကျွန်ုပ်ဆိုလိုတာ ဟုတ်ပါသလား”။ ၎င်းသည် သူတို့အား ပြင်ဆင်ဖို့ရန် အခွင့်အရေး ပေးပြီး နားလည်ရုံမျှမက နားလည်ခြင်းကိုပါ ခံစားရစေပါတယ်။

ပထမဉီးဆုံး နားလည်သဘောပေါက်ရန် ကြိုးစားခြင်းသည် တခြားသူတစ်ဉီး၏ ရှုထောင့်ကို ကြည့်ရန် သင့်အား ခွင့်ပြုခြင်း ဖြစ်စေပါတယ်။  ဖိလိပ္ပိ ၂:၄-၅ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ် ကြလော့။ ယေရှုခရစ်၌ရှိ သော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။”

ကျွန်ုပ်တို့ရှေ့ဆက်ရမည့် အကောင်းဆုံးသော နည်းလမ်းတွင် များစွာသော ခေါင်းကိုက်စရာ ဆွေးနွေးမှုတွေမှာ ကပ်ဘေးဆိုင်ရာ အကြောင်းများစွာ ရှိနေပါတယ်။ လူတိုင်းတွင် အမြင်ကိုယ်စီရှိကြပေမဲ့ တဉီးစီတိုင်း၏ အမြင်ကိုတော့ သိချင်တဲ့စိတ်ဆန္ဒတွေ မရှိကြပါဘူး။ ကျွန်ုပ်တို့ မြင်နိုင်သည်မှာ ကျွန်ုပ်တို့ ကိုယ်ပိုင်အရာ တွေကိုသာ ဖြစ်ပါတယ်။

သူတစ်ပါး၏ ရှုထောင့်အမြင်ကို သင်ကို နားလည်ပေးဖို့နှင့် အသိအမှတ်ပေးဖို့ရန် ဆန္ဒမရှိပါလျှင် တခြားသူတွေ၏ နာကျင်ခံစားချက်တွေကို သင်ဘယ်တော့မှ မြင်ရဖို့မရှိပါ။ သူတို့ရင်ဆိုင်ရတဲ့ ကြောက်ရွံ့ခြင်းတွေ ၊ နာကျင်မှုတွေ (သို့) မတရားမှုတွေကို သင်မမြင်နိုင်တော့ပါ။

၎င်းသည် သခင်ခရစ်တော်၏ လမ်းစဉ်မဟုတ်ပါ။ သခင်ခရစ်တော်သည် သူ့ကိုယ်သူထက် သူတစ်ပါးတို့၏ လိုအပ်ချက်များကို လွန်စွာ အမြဲတမ်းကြည့်ခဲ့ပါတယ်။ ကားတိုင်ထက်ပင်လျှင် သင့်အတွက် စဉ်းစားပေး နေခဲ့ပါတယ်။

သင့်ကိုယ်သင်ထက် သူတစ်ပါးကို စဉ်းစားပေးဖို့ဆိုတာ မလွယ်ကူပါ။ သဘာဝ မဟုတ်ဘူးဆိုတာ သေချာနေ ပါတယ်။ သဘာဝအားဖြင့် လူသည် မိမိကိုယ်ကို အာရုံစိုက်သူဖြစ်ပါတယ်။ ကျွန်ုပ်သည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။ ကျွန်ုပ်၏ အကြံအစည်အတိုင်း ဖြစ်စေဖို့ရန် သူတစ်ပါးအရေးထက် ကျွန်ုပ်အတွက် ဖြစ်စေဖို့ရန် ကျွန်ုပ်ရွေးချယ်ပါသည်။

သခင်ခရစ်တော် တစ်ပါးတည်းကသာ ကျွန်ုပ်၏ ရှုထောင့်အမြင် နှင့် သင်၏ရှုထောင့်အမြင်တွေကို ပြောင်းလဲပေး နိုင်သည်။ သခင်ခရစ်တော်ကသာ သင်၌ရှိသောအရာကို သူတစ်ပါးအတွက် ပိုပြီးအကျိုးပိုရှိစေဖို့ရန် ပြုနိုင်တော် မူသည်။ သခင်ခရစ်တော၏ ဝိသေသလက္ခဏာတို့ကို သင်ယူတင်ဝတ်ဆင်တဲ့အခါမှာ နာလည်ခြင်း မဖြစ်ခင်မှာ နားလည်လိုသော ဆန္ဒတွေသည် ပိုပြီး သဘာဝဆန်ဆန် ဖြစ်လာပါလိမ့်မည်။ သို့မှသာ ကိုယ်တိုင် တခြားသူများ အတွက် ကပ်ဘေးကာလတွင် သင်ပိုပြီး လုပ်ဆောင် တွေးမြင်ပေးနိုင်ပါလိမ့်မည်။

ဆင်ခြင်ရန်

- သင်အပေါ် ၊ သင်ပြောဆိုနေတာတွေအပေါ် သူတစ်ပါးနားလည်ဖို့ရန် ကြိုးစားတဲ့အခါမှာ သူတစ်ပါးအား မည်သို့ တုံ့ပြန်စေချင်ပါသနည်း။ သူတစ်ပါးအတွက်ရော သင်ထိုကဲ့သို့ လုပ်ဆောင်ပါသလား။

- တစ်စုံတစ်ဉီးကို နားထောင်ပေးမည့်အစား သင်ပြောမည့်အရာကိုသာ စဉ်းစားနေပါသလား။ ၎င်းသည် ဘာကြောင့် ကြီးမားတဲ့ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်နိုင်သနည်း။


လုပ်ဆောင်မှုနှင့် အနားယူခြင်းကြားက ချိန်ညှိမှု

ထွက်မြောက်ရာကျမ်း ၂၃:၁၂ “ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။”

လူသားတို့ တည်ရှိနေသရွေ့ အလုပ်သည် နေ့စဉ်အသက်တာ၏ အစိတ်အပိုင်း ဖြစ်ပါတယ်။ အများစုသော လူတွေသည် အသက်ရှင်သန်ဖို့ရန် ဝင်ငွေအတွက်သာ အလုပ်လုပ်ရသော်လည်း အလုပ်သည်လည်း ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကောင်းချီးတစ်ခု နှင့် ပျော်ရွှင်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ တစ်ချို့သော လူတွေအတွက် အလုပ်သည် အစဉ်အမြဲ ရုန်းကန်ရခြင်း ဖြစ်စေနိုင်ပါတယ်။ သူတို့ အနားယူဖို့ လိုအပ်ပါတယ်။

လုပ်ဆောင်မှုနှင့် အနားယူမှု နှစ်မျိုးလုံးကို သမ္မာကျမ်းစာမှာ တွေ့ရှိရပါတယ်။ လာမည့် နေ့ရက်တွေမှာ ၎င်းတို့နှင့် ပတ်သက်ပြီး ပိုပြီး ဖတ်ရှုခွင့်ရပါလိမ့်မည်။ သတိပြုရမည့်အချက်မှာ လုပ်ဆောင်မှုနှင့် အနားယူမှု ကြားမှာ မျှတ သော ချိန်ညှိမှုကို ထားရှိရန် ဘုရားသခင် အတိအလင်း မှာထားပါတယ်။

ယနေ့ခေတ်တွင် အများစုသော လူတို့သည် အလုပ်လုပ်ဖို့အတွက် အသက်ရှင်ပုံရပြီး အသက်ရှင်ဖို့အတွက် အလုပ် မလုပ်ချင်ကြပါဘူး။ တစ်ချို့ကျတော့ လုပ်နိုင်သမျှလုပ်ဖို့ကို ရှောင်ရှားကြပါတယ်။ သို့သော်လည်း ဣသရေလ လူမျိုးတို့ကို ဘုရားသခင် မိန့်တော်မူသည်မှာ “ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ လုပ်ဆောင်မှုပြုတာ ကောင်းပါတယ်။ သို့ပေမဲ့ အနားယူဖို့တော့ လိုအပ်ပါတယ်။ “ပြန်လည် အားသစ်လောင်း” ခြင်းမျိုးပေါ့။ ချိန်ညှိမှုတွေကို လုပ်ဆောင်ရတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး။ ဣသရေလ သမိုင်းတွင် ရက်သတ္တပတ်၏ နောက်ဆုံးနေ့ (ဉပုသ်) နေ့နှင့် ပတ်သက်ပြီး ဘုရားသခင် မိန့်ကြားထားမှုကို ထပ်တလဲလဲ နာမခံခြင်းအကြောင်းကို တွေ့ရပါတယ်။

ယေဇေကျေလအနာဂတ္တိကျမ်း ၂၀:၁၃ “သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချ ကြ၏။ ထိုအခါ သူတို့ဖျက်ဆီးခြင်းငှါ၊ တော၌သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံ ရှိ၏။ 

ယေဇေကျေလအနာဂတ္တိကျမ်း ၂၂: ၈“သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့ တို့ကို ရှုတ်ချပြီ။

 ဟေရှာယ အနာဂတ္တိကျမ်း ၅၆:၁-၂ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင်ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန် ရောက်လု နီးပြီ။ ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသားသည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။”

သို့ပေမဲ့ ကျွန်ုပ်တို့ ဟန်ချက်ညီအောင် ထိန်းထားမည်ဆိုလျှင် ကောင်းချီးခံစားရပါလိမ့်မည်။

သင်၏အသက်တာတွင် “အလုပ်” သည် မည်သို့သော အခန်းကဏ္ဍတွင် ဆောင်ရွက်မှုပြုပါသနည်း။


--------------------------------------------------------------------------


Zawgyi Version

နားလည္မႈျဖစ္ျခင္း မတိုင္ခင္မွာ နားလည္ဖို႔ရန္ ရွာေဖြပါ။

ဖိလိပၸိ ၂:၄-၅ “ကိုယ္အမႈအရာကိုသာ မရႈမမွတ္ဘဲ၊ သူ႔အမႈအရာကို အခ်င္းခ်င္းရႈမွတ္ၾကေလာ့။ ေယရႈခရစ္၌ရွိ ေသာ ထိုစိတ္သေဘာကို သင္တို႔၌လည္း ရွိေစၾကေလာ့။”

Add caption

သင္စိတ္ရႈပ္ေထြးေနတဲ့အခါ ၊ ပဋိပကၡ ျဖစ္ေနတဲ့အခါေတြမွာ တင္းမာမႈေတြကို ေလ်ာ့ခ်ဖို႔ရန္ ခ်စ္ျခင္းေမတၱာႏွင့္ သခင္ခရစ္ေတာ္၏ နည္းလမ္းအတိုင္း နားလည္မႈကို မရခင္မွာ နားလည္ဖို႔ရန္ ရွာေဖြျခင္း ျဖစ္ပါတယ္။ သင္ဘက္ ကေန တျခားသူေတြကို စည္း႐ုံးသိမ္းသြင္းရန္ စတင္ မႀကိဳးစားမွီ တျခားသူက ဘာေတြ ေတြးေနသလဲ ၊ ဘာေတြ ေျပာေနသလဲဆိုတာကို ႀကိဳးစားရွာေဖြပါ။ တျခားသူေတြအတြက္ တူညီေသာအရာကို သင္လုပ္ေဆာင္ဖို႔ ဆႏၵမျပဳ သေ႐ြ႕ သင္နားလည္မႈကို ေမွ်ာ္လင့္ႏိုင္မည္ မဟုတ္ပါ။

သမၼာက်မ္းစာက ဆိုထားသည္မွာ - သုတၱံ ၁၈:၁၃ “အက်ိဳးအေၾကာင္းကို မစစ္မွီ၊ အမႈစီရင္ေသာ သူသည္ မိုက္ ေသာ အျပစ္၊ အရွက္ကြဲရေသာအျပစ္ရွိ၏။”

ကြၽႏ္ုပ္တို႔၏ လမ္းစဥ္ကို သူတစ္ပါးတို႔ ေတြ႕ျမင္ႏိုင္ေအာင္ မအားမလပ္ ႀကိဳးစားေနရတဲ့အတြက္ေၾကာင့္ သူတစ္ပါး ေျပာဆိုေသာအရာတို႔ကို နားမေထာင္ႏိုင္ေတာ့ပါ။ 

ဒါေၾကာင့္ ကြၽႏ္ုပ္တို႔ သူတစ္ပါးကို ေျပာဖို႔ လိုအပ္တာက “သင္အရင္သြားပါ”။ ၿပီးေနာက္ သူတို႔ေတြ ေဝငွတဲ့အခါမွာ သင္က“ ကြၽႏ္ုပ္နားလည္မလား ၾကည့္ပါရေစ” လို႔ေျပာပါ။ သင္ေျပာေနတာက သူတို႔ေျပာတဲ့ အရာေတြကို သင္နားလည္သည့္အတိုင္း ထပ္ၿပီးေျပာဆိုျခင္း ျဖစ္ပါတယ္။ “ကြၽႏ္ုပ္ဆိုလိုတာ ဟုတ္ပါသလား”။ ၎သည္ သူတို႔အား ျပင္ဆင္ဖို႔ရန္ အခြင့္အေရး ေပးၿပီး နားလည္႐ုံမွ်မက နားလည္ျခင္းကိုပါ ခံစားရေစပါတယ္။

ပထမဉီးဆုံး နားလည္သေဘာေပါက္ရန္ ႀကိဳးစားျခင္းသည္ တျခားသူတစ္ဉီး၏ ရႈေထာင့္ကို ၾကည့္ရန္ သင့္အား ခြင့္ျပဳျခင္း ျဖစ္ေစပါတယ္။  ဖိလိပၸိ ၂:၄-၅ “ကိုယ္အမႈအရာကိုသာ မရႈမမွတ္ဘဲ၊ သူ႔အမႈအရာကို အခ်င္းခ်င္းရႈမွတ္ ၾကေလာ့။ ေယရႈခရစ္၌ရွိ ေသာ ထိုစိတ္သေဘာကို သင္တို႔၌လည္း ရွိေစၾကေလာ့။”

ကြၽႏ္ုပ္တို႔ေရွ႕ဆက္ရမည့္ အေကာင္းဆုံးေသာ နည္းလမ္းတြင္ မ်ားစြာေသာ ေခါင္းကိုက္စရာ ေဆြးေႏြးမႈေတြမွာ ကပ္ေဘးဆိုင္ရာ အေၾကာင္းမ်ားစြာ ရွိေနပါတယ္။ လူတိုင္းတြင္ အျမင္ကိုယ္စီရွိၾကေပမဲ့ တဉီးစီတိုင္း၏ အျမင္ကိုေတာ့ သိခ်င္တဲ့စိတ္ဆႏၵေတြ မရွိၾကပါဘူး။ ကြၽႏ္ုပ္တို႔ ျမင္ႏိုင္သည္မွာ ကြၽႏ္ုပ္တို႔ ကိုယ္ပိုင္အရာ ေတြကိုသာ ျဖစ္ပါတယ္။

သူတစ္ပါး၏ ရႈေထာင့္အျမင္ကို သင္ကို နားလည္ေပးဖို႔ႏွင့္ အသိအမွတ္ေပးဖို႔ရန္ ဆႏၵမရွိပါလွ်င္ တျခားသူေတြ၏ နာက်င္ခံစားခ်က္ေတြကို သင္ဘယ္ေတာ့မွ ျမင္ရဖို႔မရွိပါ။ သူတို႔ရင္ဆိုင္ရတဲ့ ေၾကာက္႐ြံ႕ျခင္းေတြ ၊ နာက်င္မႈေတြ (သို႔) မတရားမႈေတြကို သင္မျမင္ႏိုင္ေတာ့ပါ။

၎သည္ သခင္ခရစ္ေတာ္၏ လမ္းစဥ္မဟုတ္ပါ။ သခင္ခရစ္ေတာ္သည္ သူ႔ကိုယ္သူထက္ သူတစ္ပါးတို႔၏ လိုအပ္ခ်က္မ်ားကို လြန္စြာ အၿမဲတမ္းၾကည့္ခဲ့ပါတယ္။ ကားတိုင္ထက္ပင္လွ်င္ သင့္အတြက္ စဥ္းစားေပး ေနခဲ့ပါတယ္။

သင့္ကိုယ္သင္ထက္ သူတစ္ပါးကို စဥ္းစားေပးဖို႔ဆိုတာ မလြယ္ကူပါ။ သဘာဝ မဟုတ္ဘူးဆိုတာ ေသခ်ာေန ပါတယ္။ သဘာဝအားျဖင့္ လူသည္ မိမိကိုယ္ကို အာ႐ုံစိုက္သူျဖစ္ပါတယ္။ ကြၽႏ္ုပ္သည္လည္း ထိုနည္း၎ပင္ ျဖစ္သည္။ ကြၽႏ္ုပ္၏ အႀကံအစည္အတိုင္း ျဖစ္ေစဖို႔ရန္ သူတစ္ပါးအေရးထက္ ကြၽႏ္ုပ္အတြက္ ျဖစ္ေစဖို႔ရန္ ကြၽႏ္ုပ္ေ႐ြးခ်ယ္ပါသည္။

သခင္ခရစ္ေတာ္ တစ္ပါးတည္းကသာ ကြၽႏ္ုပ္၏ ရႈေထာင့္အျမင္ ႏွင့္ သင္၏ရႈေထာင့္အျမင္ေတြကို ေျပာင္းလဲေပး ႏိုင္သည္။ သခင္ခရစ္ေတာ္ကသာ သင္၌ရွိေသာအရာကို သူတစ္ပါးအတြက္ ပိုၿပီးအက်ိဳးပိုရွိေစဖို႔ရန္ ျပဳႏိုင္ေတာ္ မူသည္။ သခင္ခရစ္ေတာ၏ ဝိေသသလကၡဏာတို႔ကို သင္ယူတင္ဝတ္ဆင္တဲ့အခါမွာ နာလည္ျခင္း မျဖစ္ခင္မွာ နားလည္လိုေသာ ဆႏၵေတြသည္ ပိုၿပီး သဘာဝဆန္ဆန္ ျဖစ္လာပါလိမ့္မည္။ သို႔မွသာ ကိုယ္တိုင္ တျခားသူမ်ား အတြက္ ကပ္ေဘးကာလတြင္ သင္ပိုၿပီး လုပ္ေဆာင္ ေတြးျမင္ေပးႏိုင္ပါလိမ့္မည္။ 

ဆင္ျခင္ရန္

- သင္အေပၚ ၊ သင္ေျပာဆိုေနတာေတြအေပၚ သူတစ္ပါးနားလည္ဖို႔ရန္ ႀကိဳးစားတဲ့အခါမွာ သူတစ္ပါးအား မည္သို႔ တုံ႔ျပန္ေစခ်င္ပါသနည္း။ သူတစ္ပါးအတြက္ေရာ သင္ထိုကဲ့သို႔ လုပ္ေဆာင္ပါသလား။

- တစ္စုံတစ္ဉီးကို နားေထာင္ေပးမည့္အစား သင္ေျပာမည့္အရာကိုသာ စဥ္းစားေနပါသလား။ ၎သည္ ဘာေၾကာင့္ ႀကီးမားတဲ့ စုံစမ္းေႏွာင့္ယွက္ျခင္း ျဖစ္ႏိုင္သနည္း။


လုပ္ေဆာင္မႈႏွင့္ အနားယူျခင္းၾကားက ခ်ိန္ညႇိမႈ
ထြက္ေျမာက္ရာက်မ္း ၂၃:၁၂ “ေျခာက္ရက္ပတ္လုံး အလုပ္လုပ္ရမည္။ သတၱမေန႔ရက္၌ ၿငိမ္ဝပ္စြာေနရမည္။ သို႔ျပဳလွ်င္ သင္၏ႏြား ျမည္းတို႔သည္ ၿငိမ္ဝပ္စြာ ေနရေသာအခြင့္ ရွိလိမ့္မည္။ သင္၏ ငယ္သားမ်ား၊ ဧည့္သည္မ်ားတို႔လည္း သက္သာရ ၾကလိမ့္မည္။”

လူသားတို႔ တည္ရွိေနသေ႐ြ႕ အလုပ္သည္ ေန႔စဥ္အသက္တာ၏ အစိတ္အပိုင္း ျဖစ္ပါတယ္။ အမ်ားစုေသာ လူေတြသည္ အသက္ရွင္သန္ဖို႔ရန္ ဝင္ေငြအတြက္သာ အလုပ္လုပ္ရေသာ္လည္း အလုပ္သည္လည္း ေက်နပ္မႈကို ေပးစြမ္းႏိုင္ပါတယ္။ ေကာင္းခ်ီးတစ္ခု ႏွင့္ ေပ်ာ္႐ႊင္မႈတစ္ခု ျဖစ္ႏိုင္ပါတယ္။ တစ္ခ်ိန္တည္းမွာ တစ္ခ်ိဳ႕ေသာ လူေတြအတြက္ အလုပ္သည္ အစဥ္အၿမဲ ႐ုန္းကန္ရျခင္း ျဖစ္ေစႏိုင္ပါတယ္။ သူတို႔ အနားယူဖို႔ လိုအပ္ပါတယ္။ 

လုပ္ေဆာင္မႈႏွင့္ အနားယူမႈ ႏွစ္မ်ိဳးလုံးကို သမၼာက်မ္းစာမွာ ေတြ႕ရွိရပါတယ္။ လာမည့္ ေန႔ရက္ေတြမွာ ၎တို႔ႏွင့္ ပတ္သက္ၿပီး ပိုၿပီး ဖတ္ရႈခြင့္ရပါလိမ့္မည္။ သတိျပဳရမည့္အခ်က္မွာ လုပ္ေဆာင္မႈႏွင့္ အနားယူမႈ ၾကားမွာ မွ်တ ေသာ ခ်ိန္ညႇိမႈကို ထားရွိရန္ ဘုရားသခင္ အတိအလင္း မွာထားပါတယ္။ 

ယေန႔ေခတ္တြင္ အမ်ားစုေသာ လူတို႔သည္ အလုပ္လုပ္ဖို႔အတြက္ အသက္ရွင္ပုံရၿပီး အသက္ရွင္ဖို႔အတြက္ အလုပ္ မလုပ္ခ်င္ၾကပါဘူး။ တစ္ခ်ိဳ႕က်ေတာ့ လုပ္ႏိုင္သမွ်လုပ္ဖို႔ကို ေရွာင္ရွားၾကပါတယ္။ သို႔ေသာ္လည္း ဣသေရလ လူမ်ိဳးတို႔ကို ဘုရားသခင္ မိန႔္ေတာ္မူသည္မွာ “ေျခာက္ရက္ပတ္လုံး အလုပ္လုပ္ရမည္။ သတၱမေန႔ရက္၌ ၿငိမ္ဝပ္စြာေနရမည္။ လုပ္ေဆာင္မႈျပဳတာ ေကာင္းပါတယ္။ သို႔ေပမဲ့ အနားယူဖို႔ေတာ့ လိုအပ္ပါတယ္။ “ျပန္လည္ အားသစ္ေလာင္း” ျခင္းမ်ိဳးေပါ့။ ခ်ိန္ညႇိမႈေတြကို လုပ္ေဆာင္ရတာ အၿမဲတမ္းေတာ့ မလြယ္ကူပါဘူး။ ဣသေရလ သမိုင္းတြင္ ရက္သတၱပတ္၏ ေနာက္ဆုံးေန႔ (ဉပုသ္) ေန႔ႏွင့္ ပတ္သက္ၿပီး ဘုရားသခင္ မိန႔္ၾကားထားမႈကို ထပ္တလဲလဲ နာမခံျခင္းအေၾကာင္းကို ေတြ႕ရပါတယ္။ 

ေယေဇေက်လအနာဂတၱိက်မ္း ၂၀:၁၃ “သို႔ရာတြင္၊ ဣသေရလအမ်ိဳးသည္ ေတာ၌ငါ့ကို ပုန္ကန္ၾက၏။ က်င့္ေသာသူ၌ အသက္ရွင္စရာ အေၾကာင္းျဖစ္ေသာ ငါ၏စီရင္ထုံးဖြဲ႕ခ်က္ကို မေစာင့္ ေရွာက္၊ မထီမဲ့ျမင္ျပဳ၍ ငါ၏ဥပုသ္ေန႔တို႔ကို အလြန္ရႈတ္ခ် ၾက၏။ ထိုအခါ သူတို႔ဖ်က္ဆီးျခင္းငွါ၊ ေတာ၌သူတို႔ အေပၚသို႔ ငါ့အမ်က္အရွိန္ကို သြန္းေလာင္းမည္ဟု အႀကံ ရွိ၏။ ”

ေယေဇေက်လအနာဂတၱိက်မ္း ၂၂: ၈“သင္သည္ ငါ၏သန္႔ရွင္းေသာအရာတို႔ကို မထီမဲ့ ျမင္ျပဳၿပီ။ ငါ၏ ဥပုသ္ေန႔ တို႔ကို ရႈတ္ခ်ၿပီ။”

ေဟရွာယ အနာဂတၱိက်မ္း ၅၆:၁-၂ “ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ တရားကို ေစာင့္၍ ေျဖာင့္မတ္စြာ က်င့္ၾကေလာ့။ ငါ၏ကယ္တင္ျခင္း ေက်းဇူးေရာက္ခ်ိန္ႏွင့္၊ ငါ၏ေျဖာင့္မတ္ျခင္းတရား ထင္ရွားခ်ိန္ ေရာက္လု နီးၿပီ။ ထိုသို႔ျပဳေသာသူ၊ အၿမဲစြဲလမ္းေသာ လူသားသည္၊ ဥပုသ္ေန႔ကို မရႈတ္ခ်၊ ေစာင့္ေရွာက္၍ ဒုစ႐ိုက္ကို မျပဳမည္အေၾကာင္း၊ မိမိလက္ကို ခ်ဳပ္တည္းလွ်င္လည္း မဂၤလာရွိ၏။”

သို႔ေပမဲ့ ကြၽႏ္ုပ္တို႔ ဟန္ခ်က္ညီေအာင္ ထိန္းထားမည္ဆိုလွ်င္ ေကာင္းခ်ီးခံစားရပါလိမ့္မည္။ 
သင္၏အသက္တာတြင္ “အလုပ္” သည္ မည္သို႔ေသာ အခန္းက႑တြင္ ေဆာင္႐ြက္မႈျပဳပါသနည္း။