မျှော်လင့်ချက်တွေွ နောက်သို့ ကြိုတင်ပြင်ဆင်မှု လိုက်ပါတယ်။ | Preparation Follows Expectation
 Unicode Version
မျှော်လင့်ချက်တွေွ နောက်သို့ ကြိုတင်ပြင်ဆင်မှု လိုက်ပါတယ်။
ရှင်ယာကုပ် ၅:၇-၈ “ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုး ထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့် နေကြလော့။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။”
ယခုအချိန် ကမ္ဘာ့ကပ်ရောဂါ နှင့် တခြားသော သင်ရင်ဆိုင်နေရတဲ့ ပြသနာတွေ၏ နောက်ကွယ်တွင် ဘုရားသခင် အမြဲတမ်း လုပ်ဆောင်မှုပြုနေသည်ကို သတိရဖို့ရန် အရေးကြီးပါတယ်။ ဘုရားသခင်အား ယုံကြည်ပါ။ သည်းခံပါ။
ထိုအရာကို မည်သို့ လုပ်ဆောင်ရမည်နည်း။ စောင့်ဆိုင်းနေရတဲ့အချိန်မှာ ဘာကို လုပ်ရမည်နည်း။ နှောင့်နှေး ကြန့်ကြာနေတဲ့ အခါသမယမှာ ဘုရားကို ယုံကြည်ကိုးစားဖို့အတွက် ယုံကြည်ခြင်းကိုမည်သို့ တည်ဆောက်ရ မည်နည်း။
ရှင်ယာကုပ် ၅:၇-၈ “ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုး ထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့် နေကြလော့။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။”
လယ်သမား ကဲ့သို့ မျှော်လင့်စွာဖြင့် စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ လယ်သမားတို့ စောင့်ဆိုင်းနေစဉ်တွင် ရိတ်သိမ်းဖို့ရန် ပြင်ဆင်ကြပါတယ်။ အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ကြပါတယ်။ “စိုက်ပျိုးထားတာတွေ ကြီးထွားလာပါ့မလား” လို့ သူတို့မတွေးကြပါဘူး။ ကြီးထွားလာမယ်လို့ပဲ သူတို့ မျှော်လင့်ပါတယ်။ ရိတ်သိမ်း ဖို့အတွက် သူတို့ ပြင်ဆင်ကြခြင်းသည် အချိန်ရောက်တဲ့အခါ အကျိုးရလဒ်တွေကို ရိတ်သိမ်းရနိုင်ဖို့ ဖြစ်ပါတယ်။
ဘုရားသခင် ပြုပေးမည်ဟု သင်ယုံကြည်သည့်အတိုင်း မျှော်လင့်ခြင်းဖြင့် သင်စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ ဆာလံ ၁၃၀:၅ “ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။
ဘုရားလုပ်ဆောင်ဖို့ရန် သင်စောင့်ဆိုင်းနေသောအရာ ရှိပါသလား။ သင်၏ အိမ်ထောင်ရေးကို ပြောင်းလဲပေးဖို့ရန် သူ့အား စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်သလို ၊ သင်၏ ငွေကြေးပြသနာတွေ ရှင်းလင်းပေးဖို့ရန် ၊ နာကျင်မှုကို ကုစားပေးဖို့ရန် (သို့) ယုံကြည်သူမဟုတ်တဲ့ သင်၏မိသားစုဝင်တစ်ဉီးဆီ ရောက်ရှိဖို့ရန် ဖြစ်ကောင်းဖြစ်မည်။ ဘုရားလုပ်ဆောင်ဖို့ရန် သင်စောင့်ဆိုင်းနေသော မည်သည့်အရာကိုမဆို အမှန်တကယ် ဘုရားလုပ်ဆောင်ဖို့ သင် မျှော်လင့်ပါသလား။ စောင့်ဆိုင်းနေချိန်မှာ သင့်ကိုယ်သင် မပြင်ဆင်သရွေ့ ဖြစ်လာမည့်အရာတစ်ခုခုကို သင် အမှန်တကယ် မျှော်လင့်နေခြင်း မဟုတ်ပါ။
ကျွန်ုပ်တို့ ဘုရားသခင်အား စောင့်ဆိုင်းနေတယ်လို့ အကြိမ်များစွာ တွေးထင်ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ပေါ်မှာ စောင့်ဆိုင်းနေခြင်းဖြစ်ပါတယ်။ ဘုရားက “ငါပေးမည့် ကောင်းချီးကို သင်ကိုင်တွယ်ဖို့ရန် အဆင်သင့်မဖြစ်ပါ ၊ သင်ဉီးစွာ ကြီးထွားဖို့ရန် အလိုတော်ရှိသည်။ သင် ငါ့အား စောင့်ဆိုင်းနေခြင်း မဟုတ်ပါ။ သင့်အား ငါစောင့်ဆိုင်းနေခြင်းဖြစ်သည်။”
ဤကပ်ဘေးကြောင့် သင်ပင်ပန်းပြီး နွမ်းလျ နေပါလျှင် ဘုရားသခင်ကို မျှော်လင့်စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ ငြိမ်သက်စွာဖြင့် ဘုရား၏ နှုတ်ကပတ်တော်တို့ကို ရယူပါ။ သူ့နည်းအတိုင်း မည်ကဲ့သို့ ပိုပြီး တူလာစေဖို့ရန် လေ့လာသင်ယူဖို့ရန် လိုအပ်ပါတယ်။ ပြီးနောက် ရိတ်သိမ်းရဖို့ရန်အတွက် ပြင်ဆင်သော အလုပ်ကို လုပ်ဆောင် ခြင်းဖြင့် အလုပ်များလာပါမည်။
 ဆင်ခြင်ရန်
- သင်၏ အသက်တာတွင် ဘုရားလုပ်ဆောင်ပေးဖို့ရန် မည့်သည့်အရာကို စောင့်ဆိုင်းနေပါသလား။ ယခုအချိန်ကာလတွင် သင့်အား ဘုရားသခင် စောင့်ဆိုင်းနေနိုင်သည်ဟု သင်တွေးမြင်ပါသလား။
- ဘုရားသခင် လုပ်ဆောင်ဖို့ရန် သင်စောင့်ဆိုင်းစဉ် မည်သို့သောနည်းလမ်းဖြင့် သင့်ကိုယ်သင် ပြင်ဆင်နိုင်မည်နည်း။
- ရောဂါကူးစက်ပြန့်နှံ့နေတဲ့ အခြေအနေတွေကြောင့် သင်မည်ကဲ့သို့ ကြီးထွားပြီး ရင့်ကျက်ဖို့ရန် အလိုရှိပါ သလား။ ထိုပန်းတိုင်များကို ပြည့်မှီဖို့ရန် သင်မည်သို့လုပ်ဆောင်မှုများဖြင့် ကူညီမစမှု ဖြစ်စေမည်နည်း။
-----------------------------------------------------------------------------
Zawgyi Version
မျှော်လင့်ချက်တွေ နောက်သို့ ကြိုတင်ပြင်ဆင်မှု လိုက်ပါတယ်။
Add caption
ဆင်ခြင်ရန်