Unicode Version
အပြစ်ရှိခြင်းမှ ကင်းလွှတ်စွာ အသက်ရှင်ခြင်း
ဆာလံ ၁၀၃:၁၀၊ ၁၂ “ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော်
မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊ မြေကြီးပေါ်တွင်
ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ သော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည်
အနောက်မျက်နှာစွန်းနှင့်ဝေးသည် အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။”
ကျွန်ုပ်တို့ နှင့်ထိုက်တန်သောအရာကို မဟုတ် ၊ လိုအပ်သောအရာတွေကို ဘုရားသခင် ပေးပါတယ်။
ကျွန်ုပ်တို့၏
အပြစ်အတွက် စီရင်ခြင်းနှင့် တိုက်တန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုးသောအရာကို လုပ်ဆောင်ခြင်းအတွက်
အပြစ်ရှိပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့နှင့် တန်သောပြစ်ဒဏ်ကို သခင်ယေရှု ယူဆောင်သွားခဲ့ပါတယ်။
အပြစ်တို့ကို သူဖယ်ရှားခဲ့ပြီဖြစ်ပါတယ်။ “အနောက်မျက်နှာစွန်းနှင့်ဝေးသည်
အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။” ဆာလံ ၁၀၃:၁၂
ကမ္ဘာမြေကြီးတွင် မြောက်ဝင်ရိုးစွန်း နှင့် တောင်ဝင်ရိုးစွန်းရှိပေမဲ့ အနောက်ကနေ အရှေ့အရပ်တိုင် ဆုံးသွားခြင်းမရှိပါဘူး။ သင်၏ ယုံကြည်ခြင်းကို သခင်ယေရှုပေါ် တည်ထားတဲ့အခါမှာ သင်၏ အပြစ်တို့ကို ဘုရားသခင် ဖယ်ရှားပေးပါသည်။
ဒါဝိလ်မင်းကြီးသည် သူကျူးလွန်သော မယားခိုးမှုအတွက် ဝန်ခံခဲ့ပါတယ်။ အဲဒီအရာကို ဖုံးကွယ္ဖို့ရန် ၎င်းအမျိုး သမီး၏ ခင်ပွန်းကို လုပ်ကြံသတ်ဖတ်ခဲ့ပါတယ်။ သူဖြစ်ပေါ်စေခဲ့တဲ့ အပြစ်တရားကို သင်စိတ်ကူးကြည့် နိုင်ပါသ လား။
အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် လူသတ်မှု၏ အကျိုးဆက်များမှာ အလွန်တရာ ဖျက်စီးစေပါတယ်။ ဒါဝိလ်သည် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်း (သို့) သနားခြင်းဂရုဏာနှင့် မထိုက်တန်ပါ။
သူဆုတောင်းခဲ့ပါတယ်။
ဆာလံ ၅၁:၁-၂ “အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊
အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း
အပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို
သန့်ရှင်းစေတော်မူပါ။”
ဘုရားသခင်သည် တရားစီရင်ခြင်းထက် ဂရုဏာတရားကို နှစ်သက်ပါတယ်။ ဘုရားသခင်သည် ခွင့်လွှတ်ခြင်း လုပ်ငန်း ၌ရှိပြီး သင့်အား သန့်ရှင်းစင်ကြယ်စေနိုင်သည်။
ဒါဝိလ်၏ ဉပမာကို လိုက်လျှောက်ပါ။ သင်၏အပြစ်တို့ကို ဘုရားသခင်ထံ ဝန်ခံပြီး သူ၏သနားခြင်း ဂရုဏာကို တောင်းလျှောက်ပါ။ သင့်အား ခွင့်လွှတ်ပေးခြင်းသည် ထိုအရာကို ရယူဖို့ရန် သင်ကောင်းလွန်းအားကြီးလို့ မဟုတ်ပါ။ ဘုရားသခင်သည် ကောင်းမြတ်လို့ဖြစ်ပါတယ်။
ဘုရားသခင် သင့်အား ခွင့်လွှတ်ခဲ့ပါတယ်။ ဒါကြောင့် သူ၏ခွင့်လွှတ်ခြင်းကို
လက်ခံပြီး သင့်ကိုယ်သင်လည်း ခွင့်လွှတ်လိုက်ပါ။
ဆင်ခြင်ရန်
-
ဘုရားသခင် သင့်ကို ခွင့်လွှတ်ခဲ့လျှင် သင်ကိုယ်တိုင် သင့်ကိုယ်သင် ခွင့်လွှတ်ရန် အဘယ်ကြောင့်
ခက်ခဲနေပါ သနည်း။ ၎င်းနှင့် ပတ်သက်ပြီး ဘုရားသခင်နှင့် စကားပြောပါ။ သင့်ကိုယ်သင် ခွင့်လွှတ်နိုင်ဖို့
အကူအညီဖြစ်စေရန် သူ့အား တောင်းလျှေက်လိုက်ပါ။
-
ယခုအချိန်တွင် သင်သည် အပြစ်တရားလက်တွင် ရုန်းကန်နေရပါလျှင် ဆာလံ ၅၁ ကိုဖြည်းဖြည့် ဖတ်ကြည့်ပါ။
ကျမ်းပိုဒ်တစ်ခုစီတိုင်းကို တွေးတော ဆင်ခြင်ပါ။
-
ဘုရားသခင်ထံ ခွင့်လွှတ်ခြင်း တောင်းခံရန် လိုအပ်သည့်အခါသုံးရန် ဆုတောင်းခြင်းဖြင့်
ဆာလံ ၅၁ ကို ကိုယ်ပိုင်အမှတ်အသားပြုပါ။
--------------------------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
ဆင်ခြင်ရန်