သည်းခံခြင်းအတွက် အဖိုးအခပေးပါတယ်။ | It Pays to Be Patient

 Unicode Version

သည်းခံခြင်းအတွက် အဖိုးအခပေးပါတယ်။

ရှင်ယာကုပ် ၅:၁၁ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံ ကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။

သည်းခံသောသူအတွက် ဘုရားသခင်၌ ဆုလဒ်ရှိပါတယ်။ ရှင်ယာကုပ် ၅ : ၁၁ တွင် “သည်းခံနိုင်သော သူတို့သည် မင်္ဂလာရှိကြ၏” လို့ဆိုတဲ့အတိုင်း တစ်နည်းဆိုရသော် စိတ်ရှည်ခြင်းသည် ပေးဆပ်ခြင်းမျိုးဖြစ်သည်။

သင်စိတ်ရှည်သည်းခံတဲ့အခါမှာ သင်၏ဝိသေသ လက္ခဏာတို့ကို တည်ဆောက်ပါတယ်။ အမှားနှင့် ကင်းစေပြီး သင်၏ ပန်းတိုင်သို့ ရောက်စေပါတယ်။ တခြားသူတို့၏ ချီးမြောက်ခြင်းတွေ ရရှိပြီး ပျော်စရာ ကောင်းသော ပေါင်းသင်းဆက်ဆံရေးကို ရရှိပါမည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာ နှင့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

သင် သတိထားမိပါသလား။ အထူးသဖြင့် ဤ covid-19 ကပ်ဘေးကာလတွင် ပင်ပန်းတဲ့အခါမှာ စိတ်ရှည် သည်းခံဖို့ ခက်ခဲပါတယ်။ ကျွန်ုပ်တို့အားလုံး မသေချာတဲ့အရာကနေ မောပန်းနွမ်းနယ် နေကြရပြီး ကပ်ဘေး ဆိုင်ရာ ရူးမိုက်မှုတွေကို ခံစားနေကြရပါတယ်။

ဂလာတိ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။

ကပ်ဘေးကာလအတွင်း သင်၏ အခြေအနေ ၊ မိသားစု နှင့် အသင်းတော်တို့မှတစ်ဆင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိခံစားရဖို့ရှိပါတယ်။ ၎င်းတို့သည် ယခုကာလအတွက်သာ ပျော်ရွှင်ရစေသော ဆုလဒ်မဟုတ်ပါ။ ကောင်းကင်ဘုံ တွင်လည်း ဆုလဒ်တွေများစွာ ချီးမြှင်ဖို့ရှိတယ်ဆိုတာ သမ္မာကျမ်းစာတွင် ဖော်ပြထားပါတယ်။

မဿဲ ၅:၁၁-၁၂ တွင် သခင်ခရစ်တော်ဆိုထားသည်မှာ “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ၁၂ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်း မူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။”

အပြစ်တင်ဝေဖန်ဖို့ သွေးဆောင်ခံရတဲ့ အခါတိုင်းတွင် အရင်စဉ်းစားပါ။ ဤသို့ တုံ့ပြန်ခြင်းက ကတိတော်ဖြစ်တဲ့ ကောင်းကင်ဘုံတွင် ပေးမည့် ဆုလဒ်ကို လက်လွှတ်ဖို့ရန် ထိုက်တန်ပါသလား။ မထိုက်တန်ပါ။ ခေါင်းဆောင်တစ် ယောက်အနေဖြင့် ကျွန်တော် အများကြီးအပြစ်ရှာ ခံခဲ့ရပါတယ်။ ဆုံးဖြတ်ချက်ချတာတွေ ၊ မေးခွန်းထုတ်တာတွေ ၊ သံသယဖြစ်တာတွေ နဲ့ လူတွေ ကျွန်တော့ကို တစ်ချိန်လုံး ခန့်မှန်းတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် မခုခံ ၊ မကာကွယ်ဖို့ သင်ယူခဲ့ရပါတယ်။

လက်တုံ့ပြန်မှု မရှိတဲ့အခါမှာ သခင်ယေရှုနှင့် တူကြောင်း သဘောပေါက်လာတဲ့အခါမှာ ကျွန်ုပ် တိတ်ဆိတ်စွာ နေခြင်း ဖြစ်ပါတယ်။ ရန်ကို ရန်ချင်းမတုံ့ပြန်တဲ့အခါမှာ သခင်ယေရှု၏ ဝိသေသ လက္ခဏာနှင့် ပိုပြီး တူလာပါမည်။

သခင်ယေရှုသည်  စွပ်စွဲခံရပြီး နှိပ်စက်ခံရသည့်တိုင် အကျပ်အတည်းကာလတွင် လက်တုံ့ပြန်ခြင်း မပြုဘဲ မှန်သောအရာကို ပြုလုပ်ရန် ရွေးချယ်ခဲ့ပါတယ်။ တစ်စုံတစ်ဉီးက သင့်အား နာကျင်စေသောအခါ ဘုရားသခင်အား ကိုင်တွယ်ဖို့ရန် သင်ခွင့်ပြုရွေးချယ်တဲ့အခါမှာ ဘုရားသိမြင်ပါတယ်။ သင့်အား ကောင်းချီးပေးပါလိမ့်မည်။

ဆင်ခြင်ရန်

- ကူးစက်ရောဂါ ဘေးကာလတွင် သည်းခံခြင်းကို လေ့ကျင့်ဖို့ရန် မည်သို့သော ပေါင်းသင်းဆက်ဆံရေးကာ အခက်ခဲဆုံးဖြစ်သည်ကို တွေ့ရပါသနည်း။

- ထာဝရဆုလဒ်ကို မြေကြီးဆုလဒ်ထက် သင်တန်ဖိုးထားပါသလား။ သင် စစ်ကြောခြင်း (သို့) နာကျင်စေခြင်း ခံရတဲ့အခါ သင်၏လုပ်ဆောင်မည့်ရွေးချယ်မှုတွင် ရှိမည့်အဖြေကား မည်သို့နည်း။

- သည်းခံခြင်းသည် ကျန်းမာသော ဆက်ဆံရေးကို မည်သို့ အထောက်အကူပြုစေပါသနည်း။


-------------------------------------------------------------------------------------

Zawgyi Version

သည္းခံျခင္းအတြက္ အဖိုးအခေပးပါတယ္။

ရွင္ယာကုပ္ ၅:၁၁ “သည္းခံႏိုင္ေသာသူတို႔သည္ မဂၤလာရွိေသာသူဟူ၍ ငါတို႔သည္ ေခၚၾက၏။ ေယာဘသည္ သည္းခံ ေၾကာင္းကို သင္တို႔ၾကားရၾကၿပီ။ ထာဝရဘုရားသည္ မိမိအမႈကို လက္စသတ္ေတာ္မူရာမွာ အလြန္သနား စုံမက္ေတာ္မူေၾကာင္းကိုလည္း သိျမင္ရၾကၿပီ။”

Add caption

သည္းခံေသာသူအတြက္ ဘုရားသခင္၌ ဆုလဒ္ရွိပါတယ္။ ရွင္ယာကုပ္ ၅ : ၁၁ တြင္ “သည္းခံႏိုင္ေသာ သူတို႔သည္ မဂၤလာရွိၾက၏” လို႔ဆိုတဲ့အတိုင္း တစ္နည္းဆိုရေသာ္ စိတ္ရွည္ျခင္းသည္ ေပးဆပ္ျခင္းမ်ိဳးျဖစ္သည္။

သင္စိတ္ရွည္သည္းခံတဲ့အခါမွာ သင္၏ဝိေသသ လကၡဏာတို႔ကို တည္ေဆာက္ပါတယ္။ အမွားႏွင့္ ကင္းေစၿပီး သင္၏ ပန္းတိုင္သို႔ ေရာက္ေစပါတယ္။ တျခားသူတို႔၏ ခ်ီးေျမာက္ျခင္းေတြ ရရွိၿပီး ေပ်ာ္စရာ ေကာင္းေသာ ေပါင္းသင္းဆက္ဆံေရးကို ရရွိပါမည္။ ၎တို႔သည္ ေကာင္းခ်ီးမဂၤလာ ႏွင့္ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္။

သင္ သတိထားမိပါသလား။ အထူးသျဖင့္ ဤ covid-19 ကပ္ေဘးကာလတြင္ ပင္ပန္းတဲ့အခါမွာ စိတ္ရွည္ သည္းခံဖို႔ ခက္ခဲပါတယ္။ ကြၽႏ္ုပ္တို႔အားလုံး မေသခ်ာတဲ့အရာကေန ေမာပန္းႏြမ္းနယ္ ေနၾကရၿပီး ကပ္ေဘး ဆိုင္ရာ ႐ူးမိုက္မႈေတြကို ခံစားေနၾကရပါတယ္။ 

ဂလာတိ ၆:၉ “ငါတို႔သည္အားမေလ်ာ့၊ စိတ္မပ်က္ဘဲ ေကာင္းေသာအက်င့္ကို က်င့္ၾကကုန္အံ့။ ထိုသို႔တည္ၾကည္ ၍ က်င့္လွ်င္ အခ်ိန္တန္ေသာကာလ၌ အသီးအႏွံကို ရိတ္ရၾကလိမ့္မည္။”

ကပ္ေဘးကာလအတြင္း သင္၏ အေျခအေန ၊ မိသားစု ႏွင့္ အသင္းေတာ္တို႔မွတစ္ဆင့္ ေကာင္းခ်ီးမဂၤလာတို႔ကို ရရွိခံစားရဖို႔ရွိပါတယ္။ ၎တို႔သည္ ယခုကာလအတြက္သာ ေပ်ာ္႐ႊင္ရေစေသာ ဆုလဒ္မဟုတ္ပါ။ ေကာင္းကင္ဘုံ တြင္လည္း ဆုလဒ္ေတြမ်ားစြာ ခ်ီးျမႇင္ဖို႔ရွိတယ္ဆိုတာ သမၼာက်မ္းစာတြင္ ေဖာ္ျပထားပါတယ္။ 

မႆဲ ၅:၁၁-၁၂ တြင္ သခင္ခရစ္ေတာ္ဆိုထားသည္မွာ “ငါ့ေၾကာင့္ သင္တို႔ကို ကဲ့ရဲ႕ညႇဥ္းဆဲ၍ မမွန္ဘဲလ်က္ အျပစ္တကာ တင္ၾကေသာအခါ၊ သင္တို႔သည္ မဂၤလာရွိၾက၏။ ၁၂ဝမ္းေျမာက္႐ႊင္ျမဴးျခင္းရွိၾကေလာ့။ အေၾကာင္း မူကား၊ ေကာင္းကင္ဘုံ၌ သင္တို႔၏ အက်ိဳးသည္ ႀကီးလွ ေပ၏။ သင္တို႔ေရွ႕က ေပၚထြန္းေသာ ပေရာဖက္တို႔ကို ထိုနည္းတူညႇဥ္းဆဲၾကၿပီ။”

အျပစ္တင္ေဝဖန္ဖို႔ ေသြးေဆာင္ခံရတဲ့ အခါတိုင္းတြင္ အရင္စဥ္းစားပါ။ ဤသို႔ တုံ႔ျပန္ျခင္းက ကတိေတာ္ျဖစ္တဲ့ ေကာင္းကင္ဘုံတြင္ ေပးမည့္ ဆုလဒ္ကို လက္လႊတ္ဖို႔ရန္ ထိုက္တန္ပါသလား။ မထိုက္တန္ပါ။ ေခါင္းေဆာင္တစ္ ေယာက္အေနျဖင့္ ကြၽန္ေတာ္ အမ်ားႀကီးအျပစ္ရွာ ခံခဲ့ရပါတယ္။ ဆုံးျဖတ္ခ်က္ခ်တာေတြ ၊ ေမးခြန္းထုတ္တာေတြ ၊ သံသယျဖစ္တာေတြ နဲ႔ လူေတြ ကြၽန္ေတာ့ကို တစ္ခ်ိန္လုံး ခန႔္မွန္းတတ္ၾကပါတယ္။ ကိုယ့္ကိုကိုယ္ မခုခံ ၊ မကာကြယ္ဖို႔ သင္ယူခဲ့ရပါတယ္။

လက္တုံ႔ျပန္မႈ မရွိတဲ့အခါမွာ သခင္ေယရႈႏွင့္ တူေၾကာင္း သေဘာေပါက္လာတဲ့အခါမွာ ကြၽႏ္ုပ္ တိတ္ဆိတ္စြာ ေနျခင္း ျဖစ္ပါတယ္။ ရန္ကို ရန္ခ်င္းမတုံ႔ျပန္တဲ့အခါမွာ သခင္ေယရႈ၏ ဝိေသသ လကၡဏာႏွင့္ ပိုၿပီး တူလာပါမည္။

သခင္ေယရႈသည္  စြပ္စြဲခံရၿပီး ႏွိပ္စက္ခံရသည့္တိုင္ အက်ပ္အတည္းကာလတြင္ လက္တုံ႔ျပန္ျခင္း မျပဳဘဲ မွန္ေသာအရာကို ျပဳလုပ္ရန္ ေ႐ြးခ်ယ္ခဲ့ပါတယ္။ တစ္စုံတစ္ဉီးက သင့္အား နာက်င္ေစေသာအခါ ဘုရားသခင္အား ကိုင္တြယ္ဖို႔ရန္ သင္ခြင့္ျပဳေ႐ြးခ်ယ္တဲ့အခါမွာ ဘုရားသိျမင္ပါတယ္။ သင့္အား ေကာင္းခ်ီးေပးပါလိမ့္မည္။ 

ဆင္ျခင္ရန္

- ကူးစက္ေရာဂါ ေဘးကာလတြင္ သည္းခံျခင္းကို ေလ့က်င့္ဖို႔ရန္ မည္သို႔ေသာ ေပါင္းသင္းဆက္ဆံေရးကာ အခက္ခဲဆုံးျဖစ္သည္ကို ေတြ႕ရပါသနည္း။

- ထာဝရဆုလဒ္ကို ေျမႀကီးဆုလဒ္ထက္ သင္တန္ဖိုးထားပါသလား။ သင္ စစ္ေၾကာျခင္း (သို႔) နာက်င္ေစျခင္း ခံရတဲ့အခါ သင္၏လုပ္ေဆာင္မည့္ေ႐ြးခ်ယ္မႈတြင္ ရွိမည့္အေျဖကား မည္သို႔နည္း။

- သည္းခံျခင္းသည္ က်န္းမာေသာ ဆက္ဆံေရးကို မည္သို႔ အေထာက္အကူျပဳေစပါသနည္း။