Unicode Version
ကျွန်ုပ်တို့
လုပ်ဆောင်မှု ပြုနိုင်ပါလျှင် လုပ်ဆောင်သင့်ပါသည်။
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်
၃:၁၀-၁၂ “အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား၊
အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ။ မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊
ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသော သူအချို့ တို့သည် သင်တို့တွင်ရှိ ကြောင်းကို ငါတို့ကြားရကြ၏။ ထိုသို့သောသူတို့သည်
ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည် အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့်
ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။ ညီအစ် ကိုတို့အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ
ကောင်းသောအကျင့်ကို ကျင့်ကြလော့။”
ကျန်းမားသော လူကြီးတွေအတွက် အလုပ်ဆိုတာ ရှောင်ကြဉ်ဖို့ရန် ကြိုးစားသင့်သော သိမ်ငယ်မှုတစ်စုံတစ်ရာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ပါလျှင် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း နှင့် မိမိအလုပ် လုပ်ဆောင်ဖို့ရန် တိုက်တွန်းနှိုးဆော်ပါတယ်။ အလုပ်ဆိုသည်မှာ တခြားသူများနှင့် စီးပွားရေးအရ အမှီအခိုကင်းရန် လိုအပ်ရုံသာမက ကျွန်ုပ်တို့၏အချိန်တို့ကို ကောင်းစွာအသုံးပြုရန်လည်း အထောက်အကူ ပြုပါတယ်။
“ပျင်းရိခြင်းလမ်းပေါ် လျှောက်ခြင်း” ထက် အလုပ်လုပ်ဆောင်ဖို့က ပိုပြီး မွန်မြတ်ပါတယ်။ တမန်တော်ရှင်ပေါ လု၏ တွေ့ကြုံခဲ့သော ဉပမာတစ်ခုတွင် မိသားစု မရှိသော ငယ်ရွယ်သော မုဆိုးမများသည် သူတို့သည် ပျင်းရိကာ တစ်အိမ်ဝင်တစ်အိမ်ထွက် အတင်းအဖျင်းများဖြင့် အလုပ်များနေကြခြင်းဖြင့် “လူပျင်းများ” ဖြစ်လာနိုင်ဖွယ် ရှိသည်။ သူတို့ မလုပ်ဆောင်သင့်သည်များကို ကျမ်းပိုဒ်တွင် ဆိုထားပါသည်။
တိမောသေ ပဌမစောင် ၅:၁၃ “ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။” အချိန်ဖြုန်းတီးခြင်းများသည် ယေဘုယျအားဖြင့် ကောင်းစရာ ဘာမှ မရှိပါဘူး။
လုပ်ဆောင်ဖို့ နောက်တစ်ခုကို တမန်တော်ရှင်ပေါလု ပြောထားပါတယ်။ ဧဖက်ဩဝါဒစာ ၄:၂၈ “ခိုးတတ်သော သူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသော အလုပ်ကို လုပ်ဆောင်အားထုတ်စေ။”
အလုပ်မလုပ်နိုင်သောသူ (သို့) အလုပ် မလုပ်သင့်သောသူဆိုတာ အမြဲတမ်းရှိပါတယ်။ သူတို့တွေ နေထိုင်မကောင်းဖြစ်တယ်။ ငယ်လွန်းနေတယ် (သို့) အသက်ကြီးလွန်းနေတယ် (သို့) အလုပ်မရှာဖွေနိုင်ခြင်းတို့ ဖြစ်တယ်။ ထိုအခါ သူတို့နှင့်အတူ မျှဝေဖို့ရန် တခြားသောသူတွေ တာဝန်ဖြစ် ပါတယ်။ တရားဟောရာကျမ်း ၁၅:၁၁ “သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့ အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား၏။”
လုပ်ဆောင်မှုတွေကို တန်ဖိုးထားသင့်ပြီး ဆုလဒ်ချီးမြှင့် သင့်ပါသည်။
ဝတ်ပြုရာကျမ်း ၁၉:၁၃ “ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့်
မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင်
မထားရ။ ”
ယနေ့သတင်းစကားသည် အလုပ်ရှင်နှင့် အလုပ်သမားကြားက ဆက်ဆံရေးနှင့် ပတ်သက်ခြင်းအကြောင်း ဖြစ်ပါတယ်။ များစွာသော အခြေအနေတွင် ငှားရမ်းထားသော အလုပ်သမားထက် အလုပ်ရှင်တွေမှာ ငွေကြေး၊ လုပ်ပိုင်ခွင့် (သို့) အာဏာတွေ ပိုရှိကြပါတယ်။ သို့ပေမဲ့ ၎င်းကို ဖိနှိပ်ခြင်း (သို့) ခေါင်းပုံဖြတ်ခြင်းဆီ ဘယ်တော့မှ ဉီးတည်ခြင်း မပြုသင့်ပါ။ မည်သို့ပင် လူမှုရေးအနေအထားတွေရှိပါစေ ဘုရားသခင်ကိုယ်တော်တိုင် သနာခြင်း နှင့် တရားမျှတခြင်းကို များစွာ တန်ဖိုးထား ပါတယ်။ ရာထူးမြှင့်မားခြင်းသည် တခြားသူတွေကို အမြတ်ထုတ်ရန် အကြောင်းပြချက် မဟုတ်ပါ။
၎င်းကို တရားဟောရာကျမ်းတွင် အလေးပေး ဖော်ပြထားပါတယ်။ တရားဟောရာကျမ်း ၂၄:၁၄-၁၅ “အမျိုးသား ချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်း ဆဲရ။ နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။”
ကျွန်ုပ်တို့ တော်တော်များများကတော့ အလုပ်သမားငှားရမ်းထားခြင်း အနေအထားတွင် ရှိလိမ့်မည် မဟုတ်ပါ။ နေ့စဉ်အလုပ်သမား လခပေးရခြင်းသည်လည်း အခြေအနေများစွာတွင် အကောင်းဆုံးရွေးချယ်စရာ မဟုတ်ပါ။ သို့ပေမဲ့ ကျွန်ုပ်တို့အားလုံး တနည်းနည်းအားဖြင့် စီးပွားရေးစနစ်တွင် တစ်စိတ်တစ်ပိုင်း ဖြစ်ကြပါတယ်။
ယနေ့ သမ္မာကျမ်းပိုဒ်သည် သင်၏အခြေအနေနှင့် မည်သို့ သက်ဆိုင်ပါသနည်း။ စီးပွားရေးမျှတမှုကို သင်မည်သို့ ဖြည့်ဆည်းပေးနိုင်ပါမည်နည်း။
ကြၽႏ္ုပ္တို႔ လုပ္ေဆာင္မႈ ျပဳႏိုင္ပါလွ်င္ လုပ္ေဆာင္သင့္ပါသည္။
သက္သာေလာနိတ္ ဩဝါဒစာ ဒုတိယေစာင္ ၃:၁၀-၁၂ “အဘယ္သို႔နည္းဟူမူကား၊ သင္တို႔ႏွင့္အတူရွိေနစဥ္အခါ၊ အလုပ္မလုပ္ခ်င္ေသာသူ မည္သည္ကား၊ အစာကိုလည္းမစားေစႏွင့္ဟု ပညတ္ထားၾကၿပီ။ မတရားစြာျပဳ၍ အဘယ္အလုပ္ကိုမွ် မလုပ္ဘဲ၊ ကိုယ္ႏွင့္မဆိုင္ေသာအမႈ၌ ေရာေႏွာေသာ သူအခ်ိဳ႕ တို႔သည္ သင္တို႔တြင္ရွိ ေၾကာင္းကို ငါတို႔ၾကားရၾက၏။ ထိုသို႔ေသာသူတို႔သည္ ၿငိမ္ဝပ္စြာ လုပ္ေဆာင္၍၊ ကိုယ္အစာကို စားမည္ အေၾကာင္း၊ ငါတို႔သခင္ ေယရႈခရစ္အားျဖင့္ ငါတို႔သည္ ပညတ္ထား၍၊ တိုက္တြန္း ေသြးေဆာင္ၾက၏။ ညီအစ္ ကိုတို႔အားေလ်ာ့ စိတ္ပ်က္ျခင္းမရွိဘဲ ေကာင္းေသာအက်င့္ကို က်င့္ၾကေလာ့။”
က်န္းမားေသာ လူႀကီးေတြအတြက္ အလုပ္ဆိုတာ ေရွာင္ၾကဥ္ဖို႔ရန္ ႀကိဳးစားသင့္ေသာ သိမ္ငယ္မႈတစ္စုံတစ္ရာ မဟုတ္ပါဘူး။ ဆန႔္က်င္ဘက္အေနျဖင့္ ကြၽႏ္ုပ္တို႔ လုပ္ေဆာင္ႏိုင္ပါလွ်င္ ကိုယ္ပိုင္ အသက္ေမြးဝမ္းေက်ာင္း ႏွင့္ မိမိအလုပ္ လုပ္ေဆာင္ဖို႔ရန္ တိုက္တြန္းႏႈိးေဆာ္ပါတယ္။ အလုပ္ဆိုသည္မွာ တျခားသူမ်ားႏွင့္ စီးပြားေရးအရ အမွီအခိုကင္းရန္ လိုအပ္႐ုံသာမက ကြၽႏ္ုပ္တို႔၏အခ်ိန္တို႔ကို ေကာင္းစြာအသုံးျပဳရန္လည္း အေထာက္အကူ ျပဳပါတယ္။
“ပ်င္းရိျခင္းလမ္းေပၚ ေလွ်ာက္ျခင္း” ထက္ အလုပ္လုပ္ေဆာင္ဖို႔က ပိုၿပီး မြန္ျမတ္ပါတယ္။ တမန္ေတာ္ရွင္ေပါ လု၏ ေတြ႕ႀကဳံခဲ့ေသာ ဉပမာတစ္ခုတြင္ မိသားစု မရွိေသာ ငယ္႐ြယ္ေသာ မုဆိုးမမ်ားသည္ သူတို႔သည္ ပ်င္းရိကာ တစ္အိမ္ဝင္တစ္အိမ္ထြက္ အတင္းအဖ်င္းမ်ားျဖင့္ အလုပ္မ်ားေနၾကျခင္းျဖင့္ “လူပ်င္းမ်ား” ျဖစ္လာႏိုင္ဖြယ္ ရွိသည္။ သူတို႔ မလုပ္ေဆာင္သင့္သည္မ်ားကို က်မ္းပိုဒ္တြင္ ဆိုထားပါသည္။
တိေမာေသ ပဌမေစာင္ ၅:၁၃ “ထိုမွတပါး၊ တအိမ္မွတအိမ္သို႔လည္၍ ပ်င္းရိတတ္ၾက၏။ ပ်င္းရိသည္သာမက၊ စကားမ်ား၍ မေျပာ အပ္ေသာအရာကို ေျပာသျဖင့္၊ ကိုယ္ႏွင့္မဆိုင္ေသာအမႈ၌ ေရာေႏွာေသာသူျဖစ္တတ္ၾက၏။” အခ်ိန္ျဖဳန္းတီးျခင္းမ်ားသည္ ေယဘုယ်အားျဖင့္ ေကာင္းစရာ ဘာမွ မရွိပါဘူး။
လုပ္ေဆာင္ဖို႔ ေနာက္တစ္ခုကို တမန္ေတာ္ရွင္ေပါလု ေျပာထားပါတယ္။ ဧဖက္ဩဝါဒစာ ၄:၂၈ “ခိုးတတ္ေသာ သူသည္ ေနာက္တဖန္မခိုးဘဲ၊ ဆင္းရဲေသာသူအား ေပးကမ္းေဝငွရန္ ရွိေစျခင္းငွါ၊ မိမိ လက္ႏွင့္ ေကာင္းေသာ အလုပ္ကို လုပ္ေဆာင္အားထုတ္ေစ။”
အလုပ္မလုပ္ႏိုင္ေသာသူ (သို႔) အလုပ္ မလုပ္သင့္ေသာသူဆိုတာ အၿမဲတမ္းရွိပါတယ္။ သူတို႔ေတြ ေနထိုင္မေကာင္းျဖစ္တယ္။ ငယ္လြန္းေနတယ္ (သို႔) အသက္ႀကီးလြန္းေနတယ္ (သို႔) အလုပ္မရွာေဖြႏိုင္ျခင္းတို႔ ျဖစ္တယ္။ ထိုအခါ သူတို႔ႏွင့္အတူ မွ်ေဝဖို႔ရန္ တျခားေသာသူေတြ တာဝန္ျဖစ္ ပါတယ္။ တရားေဟာရာက်မ္း ၁၅:၁၁ “သင့္ေနရာျပည္၌ ဆင္းရဲသားမျပတ္ရ။ ထို႔ေၾကာင့္၊ သင့္ျပည္၌ ဆင္းရဲငတ္မြတ္ေသာ ညီအစ္ကိုခ်င္းတို႔ အား သင္၏လက္ကို က်ယ္က်ယ္ဖြင့္ရမည္အေၾကာင္း ငါမွာ ထား၏။”
ဤက်မ္းပိုဒ္ကို စိတ္ထဲ မွတ္သားျခင္းျဖင့္ သင္၏အခ်ိန္ႏွင့္ အရင္းအျမစ္ေတြကို ေကာင္းစြာ အသုံးခ်ပါသလား။
လုပ္ေဆာင္မႈေတြကို တန္ဖိုးထားသင့္ၿပီး ဆုလဒ္ခ်ီးျမႇင့္ သင့္ပါသည္။
ဝတ္ျပဳရာက်မ္း ၁၉:၁၃ “ကိုယ္ႏွင့္စပ္ဆိုင္ေသာ သူ၏ဥစၥာကို မတရားသျဖင့္ မသိမ္းရ။ အႏိုင္အထက္ျပဳ၍ မယူရ။ သူငွါးခံ ထိုက္ေသာ အခကို တညဥ့္လုံး နံနက္တိုင္ေအာင္ မထားရ။ ”
ယေန႔သတင္းစကားသည္ အလုပ္ရွင္ႏွင့္ အလုပ္သမားၾကားက ဆက္ဆံေရးႏွင့္ ပတ္သက္ျခင္းအေၾကာင္း ျဖစ္ပါတယ္။ မ်ားစြာေသာ အေျခအေနတြင္ ငွားရမ္းထားေသာ အလုပ္သမားထက္ အလုပ္ရွင္ေတြမွာ ေငြေၾကး၊ လုပ္ပိုင္ခြင့္ (သို႔) အာဏာေတြ ပိုရွိၾကပါတယ္။ သို႔ေပမဲ့ ၎ကို ဖိႏွိပ္ျခင္း (သို႔) ေခါင္းပုံျဖတ္ျခင္းဆီ ဘယ္ေတာ့မွ ဉီးတည္ျခင္း မျပဳသင့္ပါ။ မည္သို႔ပင္ လူမႈေရးအေနအထားေတြရွိပါေစ ဘုရားသခင္ကိုယ္ေတာ္တိုင္ သနာျခင္း ႏွင့္ တရားမွ်တျခင္းကို မ်ားစြာ တန္ဖိုးထား ပါတယ္။ ရာထူးျမႇင့္မားျခင္းသည္ တျခားသူေတြကို အျမတ္ထုတ္ရန္ အေၾကာင္းျပခ်က္ မဟုတ္ပါ။
၎ကို တရားေဟာရာက်မ္းတြင္ အေလးေပး ေဖာ္ျပထားပါတယ္။ တရားေဟာရာက်မ္း ၂၄:၁၄-၁၅ “အမ်ိဳးသား ခ်င္းျဖစ္ေစ၊ သင့္ေနရာၿမိဳ႕႐ြာတို႔၌ တည္းခိုေသာ တပါးအမ်ိဳးသားျဖစ္ေစ၊ ဆင္းရဲငတ္မြတ္ ေသာသူငွားကို မညႇဥ္း ဆဲရ။ ေန႔စဥ္မျပတ္ သူ႔အခကို ေပးရမည္။ မေပးဘဲ ေနမဝင္ေစႏွင့္။ သူသည္ ဆင္းရဲေသာေၾကာင့္ ရထိုက္ ေသာ အခကိုလည္း စိတ္စြဲလမ္းလ်က္ ရွိလိမ့္မည္။ မေပးဘဲေနလွ်င္ သူသည္ သင့္ကို အျပစ္တင္၍ ထာဝရ ဘုရားကို ေအာ္ဟစ္သျဖင့္ သင္၌ အျပစ္ေရာက္မည္ဟု စိုးရိမ္စရာရွိ၏။”
ကြၽႏ္ုပ္တို႔ ေတာ္ေတာ္မ်ားမ်ားကေတာ့ အလုပ္သမားငွားရမ္းထားျခင္း အေနအထားတြင္ ရွိလိမ့္မည္ မဟုတ္ပါ။ ေန႔စဥ္အလုပ္သမား လခေပးရျခင္းသည္လည္း အေျခအေနမ်ားစြာတြင္ အေကာင္းဆုံးေ႐ြးခ်ယ္စရာ မဟုတ္ပါ။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔အားလုံး တနည္းနည္းအားျဖင့္ စီးပြားေရးစနစ္တြင္ တစ္စိတ္တစ္ပိုင္း ျဖစ္ၾကပါတယ္။
ယေန႔ သမၼာက်မ္းပိုဒ္သည္ သင္၏အေျခအေနႏွင့္ မည္သို႔ သက္ဆိုင္ပါသနည္း။ စီးပြားေရးမွ်တမႈကို သင္မည္သို႔ ျဖည့္ဆည္းေပးႏိုင္ပါမည္နည္း။